မော်လမြိုင်မြို့ ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှုများ(၂၉-၁-၂ဝ၂၄)
ဆေးရုံတည်နေရာနှင့်ဓာတ်ပုံ
၁။ မော်လမြိုင်မြို့ ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးသည် ပန်းဘဲတန်းရပ်ကွက်တွင် တည်ရှိပြီး အကွက်အမှတ် (၆ဝ) ဦးပိုင်အမှတ်(၇) ဧရိယာ(၆.၅၆၉)၊ ဦးပိုင်အမှတ်(၁ဝ) ဧရိယာ(၅.၇၉၇) ၊ ဦးပိုင်အမှတ် (၁၁) ဧရိယာ(၄.၂ဝဝ) နှင့် ဦးပိုင်အမှတ် ၄၄(က) ဧရိယာ(ဝ.၁၆၉)၊ ဦးပိုင်အမှတ် ၄၅ (ဃ) ဧရိယာ(၁.၃၆၉) တို့တွင် တည်ရှိပါသည်။
စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ် (စာလုံးရေး ၆၅ဝ)ခန့်
၁။ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီး (သစ်သားဆောင်)ကို ပန်းဘဲတန်းရပ်ကွက်တွင် ၁၉၂၄-ခုနှစ်၌ ဆောက်လုပ်ခဲ့ပြီး ကုတင်(၁ဝဝ)ဆံ့ဆေးရုံကြီးအဖြစ် စတင်သတ်မှတ်ခဲ့ပါသည်။ ၁၉၆၄- ခုနှစ်ဖေဖော်ဝါရီလ (၁၂)ရက်နေ့၌ ကုတင်(၂ဝဝ)ဆံ့ ဆေးရုံကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ စစ်ကဲကုန်းရပ်ကွက်ရှိ အမေရိကန် သာသနာပြု ဆေးရုံကြီး ကို ၁၉၆၅-ခုနှစ် ဇူလိုင်လ(၅) ရက်နေ့ တွင် ပြည်သူပိုင်သိမ်း၍ သားဖွားမီးယပ်နှင့်ကလေးရောဂါကု ဆေးရုံခွဲ(ကုတင်၁၅ဝ)ဆံ့ မော်လမြိုင် တိုင်း ဆေးရုံကြီး(ခွဲ)ဟူ၍ အသိအမှတ်ပြုခဲ့ပါသည်။ အလှူရှင်များမှ ၁၉၆၂ခုနှစ်တွင် ဂီလာနသံဃာ တော်များ ကုသဆောင်(၁)ခု ၊ ၁၉၈ဝပြည့်နှစ်တွင် မျက်စိ/ နား/ နှာခေါင်း/ လည်ချောင်း ကုသ ဆောင်(၁)ခုနှင့် ၁၉၈၂-ခုနှစ်တွင် မူးယစ်ဆေးစွဲလူနာကုသဆောင်တို့ကို လှူဒါန်းတိုးချဲ့ ဖွင့်လှစ် နိုင်ခဲ့သည်။ ၁၉၉၂-၉၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ အထူးကုပြင်ပလူနာဌာန ၊ ဆေးသို လှောင်ခန်းနှင့် အုပ်ချုပ်ရေးဌာနတို့ ပါဝင်သော အလျား(၂ဝဝ)ပေ ၊ အနံ(၄၇)ပေ ၊ နှစ်ထပ် အဆောက်အဦး တစ်ခုကို ငွေကျပ်(၃၁ဝ.၇)သိန်းဖြင့် တည်ဆောက်ပေးခဲ့ပါသည်။ ၁၉၉၄-ခုနှစ်တွင် ကျပ်(၁၇၉.၁၂)သိန်းဖြင့် အလျား (၁၆ဝ)ပေ၊အနံ(၄ဝ)ပေ၊ သံကူကွန်ကရစ် (၂)ထပ်ဆောင်တစ်ခုကို အခပေးလူနာ ဆောင်အဖြစ် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ပါသည်။ (၂၅-၇-၂ဝဝ၄) ရက်နေ့တွင် ကျပ်(၄၆၃)သိန်း ကုန်ကျသော အလျား(၇ဝ)ပေ၊ အနံ(၃၆)ပေ၊ကွန်ကရစ်နှစ်ထပ် မူးယစ် ဆေးစွဲ လူနာကုသဆောင်၊ (၂၅-၃-၂ဝဝ၉) ရက်နေ့တွင် ကျပ်(၂၇၅ဝ)သိန်း ကုန်ကျသော အလျား (၈ဝ)ပေ၊ အနံ(၄၈)ပေ၊ ကွန်ကရစ် (၃)ထပ် ကလေးလူနာဆောင်၊ (၂၅-၄-၂ဝ၁၁)ရက်နေ့တွင် ကျပ်(၂၇၂၈)သိန်း ကုန်ကျသော အလျား(၁ဝဝ)ပေ၊ အနံ(၆၄)ပေ၊ သံကူကွန်ကရစ် (၂)ထပ် ခွဲစိတ်ခန်းမအသစ်ကို ဆောက်လုပ်ပြီးစီးခဲ့သည်။ (၂၈-၂-၂ဝ၁၂)ရက်နေ့တွင် ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် တိုးမြှင့်ခဲ့ပါသည်။ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ (၁၂-၅-၂ဝ၁၅) ရက်စွဲပါ စာအမှတ်-ကမတ/ဃ-၁၄ဝ၉/၁၆၂ အရ ယခင် သားဖွားနှင့်မီးယပ်ကလေး ရောဂါကုဆေးရုံခွဲကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှ ခွဲထုတ်၍ မွန်ပြည်နယ် မော်လမြိုင်မြို့ ခုတင်(၂ဝဝ)ဆံ အမျိုးသမီးနှင့်ကလေး ဆေးရုံ(၁)ရုံအဖြစ် သီးသန့်တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ မော်လမြိုင်မြို့ ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးကို (၃ဝ-၃-၂ဝ၁၆)ရက်နေ့တွင် ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း) – ဝ၅၇-၂၄၈၃၉
အရေးပေါ်လူနာဌာန(ဖုန်း) – ဝ၉၄၄၁၉ဝဝ၈၆၃
ဖက်စ်နံပါတ် – ဝ၅၇-၂၅၇၁၇
အီးမေးလ် – mgh28602@gmail.com
ပြင်ပလူနာပြသနိုင်သောအချိန်ဇယား
(က) အထွေထွေရောဂါကုပြင်ပလူနာအချိန်ဇယား
နေ့ရက် | ကြည့်ရှုပေးမှု | အချိန် |
တနင်္လာနေ့ | အထွေထွေရောဂါကုပြင်ပလူနာများ | (24)Hours |
အင်္ဂါနေ့ | ||
ဗုဒ္ဓဟူးနေ့ | ||
ကြာသပတေးနေ့ | ||
သောကြာနေ့ | ||
စနေနေ့ | ||
တနင်္ဂနွေနေ့ |
(ခ) အထူးကုပြင်ပလူနာ ပြသနိုင်သည့် အချိန်ဇယား
အထူးကုပြင်ပလူနာဌာနများ တိုးမြှင့်ဖွင့်လှစ်ထားရှိမှုနှင့် အထူးကု Procedure များ
ဆောင်ရွက်သည့် နေ့ရက်
စဉ် | ပြင်ပလူနာ ကြည့်ရှုသည့် နေ့ရက် | အထူးကု ဘာသာရပ် | ကြည့်ရှုသည့် အချိန် | ကြည့်ရှုသည့်နေရာ | |
နံနက်ပိုင်း | နေ့လည်ပိုင်း | ||||
၁ | တနင်္လာနေ့ | သမားတော် | (1:00)PM-(4:00)PM | အထူးကုပြင်ပလူနာ ဌာန (သမားတော်) | |
၂ | အရိုး | (2:00)PM-(4:00)PM | အရိုးအထူးကု ပြင်ပလူနာဌာန | ||
၃ | ကင်ဆာ (OPD & Day Care) | (10:00)AM-12:00)Noon | Day Care Chemotherapy | ကင်ဆာပြင်ပလူနာ ဌာန | |
၄ | မျက်စိ | (9:00)AM-(12:00)Noon | (1:00)PM-(4:00)PM | မျက်စိပြင်ပလူနာဌာန | |
၅ | နား၊နှာခေါင်း၊ လည်ချောင်း | (9:00)AM-(12:00)Noon | (2:00)PM-(4:00)PM | နား၊နှာခေါင်း၊လည် ချောင်း ပြင်ပလူနာ ဌာန | |
၆ | သွားနှင့်ခံတွင်း | (9:00)AM-(12:00)Noon | (2:00)PM-(4:00)PM | သွားနှင့်ခံတွင်းပြင်ပလူနာ ဌာန | |
၇ | အရေပြား | (9:00)AM-(12:00)Noon | (1:00)PM-(3:00)PM | အထူးကုပြင်ပလူနာ ဌာန (အရေပြား) | |
၈ | စိတ်ကျန်းမာရေး | (9:00)AM-(12:00)Noon | (1:00)PM-(4:00)PM | စိတ်ကျန်းမာရေး ကုသဆောင် | |
၉ | ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး | (9:00)AM-(12:00)Noon | (2:00)PM-(4:00)PM | ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာန |
အထူးကုပြင်ပလူနာဌာနများ တိုးမြှင့်ဖွင့်လှစ်ထားရှိမှုနှင့် အထူးကု Procedure များ
ဆောင်ရွက်သည့် နေ့ရက်
စဉ် | ပြင်ပလူနာ ကြည့်ရှုသည့် နေ့ရက် | အထူးကု ဘာသာရပ် | ကြည့်ရှုသည့် အချိန် | ကြည့်ရှုသည့်နေရာ | |
နံနက်ပိုင်း | နေ့လည်ပိုင်း | ||||
၁ | အင်္ဂါနေ့ | သမားတော် | (1:00)PM-(4:00)PM | ဆေးကုသဆောင် | |
၂ | ခွဲစိတ် | (9:00)AM-(12:00)Noon | ခွဲစိတ်ကုသပြင်ပလူနာ ဌာန | ||
၃ | ကင်ဆာ (OPD & Day Care) | (10:00)AM-(12:00)Noon | (2:00)PM-(4:00)PM | ကင်ဆာပြင်ပလူနာဌာန | |
၄ | နား၊နှာခေါင်း၊ လည်ချောင်း | (2:00)PM-(4:00)PM | နား၊နှာခေါင်း၊လည် ချောင်း ပြင်ပလူနာဌာန | ||
၅ | သွားနှင့်ခံတွင်း | (2:00)PM-(4:00)PM | သွားနှင့်ခံတွင်း ပြင်ပလူနာဌာန | ||
၆ | အရေပြား | (9:00)AM-(12:00)Noon | (1:00)PM-(3:00)PM | အထူးကုပြင်ပလူနာဌာန (အရေပြား) | |
၇ | စိတ်ကျန်းမာရေး | (9:00)AM-(12:00)Noon | (1:00)PM-(4:00)PM | စိတ်ကျန်းမာရေး ကုသဆောင် | |
၈ | ကိုယ်အင်္ဂါပြန် လည်သန်စွမ်း ရေး | (9:00)AM-(12:00)Noon | (2:00)PM-(4:00)PM | ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန |
အထူးကုပြင်ပလူနာဌာနများ တိုးမြှင့်ဖွင့်လှစ်ထားရှိမှုနှင့် အထူးကု Procedure များ
ဆောင်ရွက်သည့် နေ့ရက်
စဉ် | ပြင်ပလူနာ ကြည့်ရှုသည့် နေ့ရက် | အထူးကု ဘာသာရပ် | ကြည့်ရှုသည့် အချိန် | ကြည့်ရှုသည့်နေရာ | |
နံနက်ပိုင်း | နေ့လည်ပိုင်း | ||||
၁ | ဗုဒ္ဓဟူးနေ့ | သမားတော် | (1:00)PM-(4:00)PM | အထူးကုပြင်ပလူနာ ဌာန(သမားတော်) | |
၂ | အရိုး | (2:00)PM-(4:00)PM | အရိုးအထူးကု ပြင်ပလူနာဌာန | ||
၃ | ကင်ဆာ (OPD & Day Care) | (10:00)AM-(12:00)Noon | Day Care Chemotherapy | ကင်ဆာပြင်ပလူနာ ဌာန | |
၄ | မျက်စိ | (9:00)AM-(12:00)Noon | (1:00)PM-(4:00)PM | မျက်စိပြင်ပလူနာဌာန | |
၅ | နား၊နှာခေါင်း၊ လည်ချောင်း | (2:00)PM-(4:00)PM | နား၊နှာခေါင်း၊လည် ချောင်းပြင်ပလူနာဌာန | ||
၆ | သွားနှင့်ခံတွင်း | (9:00)AM-(12:00)Noon | (2:00)PM-(4:00)PM | သွားနှင့်ခံတွင်း ပြင်ပလူနာဌာန | |
၇ | အရေပြား | (9:00)AM-(12:00)Noon | (1:00)PM-(3:00)PM | အထူးကုပြင်ပလူနာ ဌာန(အရေပြား) | |
၈ | စိတ်ကျန်းမာရေး | (9:00)AM-(12:00)Noon | (1:00)PM-(4:00)PM | စိတ်ကျန်းမာရေး ကုသဆောင် | |
၉ | ကိုယ်အင်္ဂါပြန် လည်သန်စွမ်း ရေး | (9:00)AM-(12:00)Noon | (2:00)PM-(4:00)PM | ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာန |
အထူးကုပြင်ပလူနာဌာနများ တိုးမြှင့်ဖွင့်လှစ်ထားရှိမှုနှင့် အထူးကု Procedure များ
ဆောင်ရွက်သည့် နေ့ရက်
စဉ် | ပြင်ပလူနာ ကြည့်ရှုသည့် နေ့ရက် | အထူးကု ဘာသာရပ် | ကြည့်ရှုသည့် အချိန် | ကြည့်ရှုသည့်နေရာ | |
နံနက်ပိုင်း | နေ့လည်ပိုင်း | ||||
၁ | ကြာသပတေး နေ့ | သမားတော် | (1:00)PM-(4:00)PM | အထူးကုပြင်ပလူနာဌာန (သမားတော်) | |
၂ | ခွဲစိတ် | (9:00)AM-(12:00)Noon | ခွဲစိတ်ကုသပြင်ပလူနာဌာန | ||
၃ | အရိုး | (9:00)AM-(12:00)Noon | (1:00)PM-(4:00)PM | အရိုးအထူးကုပြင်ပလူနာ ဌာန | |
၄ | ကင်ဆာ (OPD & Day Care) | (10:00)AM-(12:00)Noon | (2:00)PM-(4:00)PM | ကင်ဆာပြင်ပလူနာဌာန | |
၅ | သွားနှင့်ခံတွင်း | (2:00)PM-(4:00)PM | သွားနှင့်ခံတွင်းပြင်ပလူနာဌာန | ||
၆ | အရေပြား | (9:00)AM-(12:00)Noon | (1:00)PM-(3:00)PM | အထူးကုပြင်ပလူနာဌာန (အရေပြား) | |
၇ | စိတ်ကျန်းမာရေး | (9:00)AM-(12:00)Noon | (1:00)PM-(4:00)PM | စိတ်ကျန်းမာရေး ကုသဆောင် | |
၈ | ကိုယ်အင်္ဂါပြန် လည်သန်စွမ်း ရေး | (9:00)AM-(12:00)Noon | (2:00)PM-(4:00)PM | ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာန |
အထူးကုပြင်ပလူနာဌာနများ တိုးမြှင့်ဖွင့်လှစ်ထားရှိမှုနှင့် အထူးကု Procedure များ
ဆောင်ရွက်သည့် နေ့ရက်
စဉ် | ပြင်ပလူနာ ကြည့်ရှုသည့် နေ့ရက် | အထူးကု ဘာသာရပ် | ကြည့်ရှုသည့် အချိန် | ကြည့်ရှုသည့်နေရာ | |
နံနက်ပိုင်း | နေ့လည်ပိုင်း | ||||
၁ | သောကြာနေ့ | သမားတော် | (1:00)PM-(4:00)PM | ဆေးကုသဆောင် | |
၂ | ခွဲစိတ် | (2:00)PM-(4:00)PM | ခွဲစိတ်ကုသပြင်ပ လူနာဌာန | ||
၃ | ကင်ဆာ (OPD & Day Care) | (10:00)AM-(12:00)Noon | Day Care Chemotherapy | ကင်ဆာဆေးပြင်ပ လူနာဌာန | |
၄ | နား၊နှာခေါင်း၊ လည်ချောင်း | (2:00)PM-(4:00)PM | နား၊နှာခေါင်း၊လည် ချောင်းပြင်ပလူနာဌာန | ||
၅ | သွားနှင့်ခံတွင်း | (2:00)PM-(4:00)PM | သွားနှင့်ခံတွင်းပြင်ပ လူနာဌာန | ||
၆ | အရေပြား | (9:00)AM-(12:00)Noon | (1:00)PM-(3:00)PM | အထူးကုပြင်ပလူနာ ဌာန(အရေပြား) | |
၇ | စိတ်ကျန်းမာရေး | (9:00)AM-(12:00)Noon | (1:00)PM-(4:00)PM | စိတ်ကျန်းမာရေး ကုသဆောင် | |
၈ | ကိုယ်အင်္ဂါပြန် လည်သန်စွမ်း ရေး | (9:00)AM-(12:00)Noon | (2:00)PM-(4:00)PM | ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာန |
(ဂ) Online Booking စနစ်
Online Booking စနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း မရှိပါ။
ဖေါ်ပြပါ Phone Number များဖြင့် သက်ဆိုင်ရာ အဆောင်/ဌာနများသို့ ကြိုတင်ဖုန်းဆက်၍ Booking ယူနိုင်ပါသည်။
Specialist OPD Phone Number
1. Medical – 09443524002/ 09970771237
2. Surgical – 09772891243
3. Ortho – 09459653854
4. Metal Health – 09667161612
5. Oncology – 09454484401
6. ENT – 09899010572
7. Eye – 09779196881
8. Dental – 09428069633
ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ
(၁) မော်လမြိုင်မြို့ ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်တုသွေးသန့်စင်ဌာန (Haemodialysis Unit)ကို ဖွင့်လှစ်၍ ကျောက်ကပ်လူနာများကို လက်ခံကုသဆောင်ရွက်ပေးလျက် ရှိပါသည်။
ကျောက်ကပ်တုသွေးသန်းစင်ဌာန
(၂) မော်လမြိုင်မြို့ ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မရှိ၍မလင်းသူအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာများအား ခွဲစိတ်ကုသပေးလျက်ရှိပါသည်။
မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုများ
(၃) မော်လမြိုင်မြို့ ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ရာမညအပြုံးအစီအစဉ်ဖြင့် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးလျက်ရှိပါသည်။
နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုများ
(၄) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပင်စင်လစာထုတ်သည့် ရက်(၁)ရက် သတ်မှတ်၍ လစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရက်စွဲ – ၂၉ – ၁ – ၂ဝ၂၄ မော်လမြိုင်မြို့- ပြည်သူ့ဆေးရုံကြီး