အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး

ဆေးရုံသမိုင်းအကျဉ်း 

          အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီးသည် အောက်မင်္ဂလာဒုံလမ်းမကြီး၏ အရှေ့ဘက်၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး ၊ ယခင်ပြန်လည် ထူထောင် ရေးတပ်ဖွဲ့ဝင်း အတွင်းတည်ရှိပါသည်။

          ဖျက်သိမ်းလိုက်သောပြန်လည်ထူထောင်ရေးတပ်ဖွဲ့၏ ဆေးရုံအဆောင်(၃) ဆောင်ကို ၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် လွှဲပြောင်းလက်ခံရယူခဲ့ပါသည်။

          ၁၉၆၆ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် အဆုတ်ရောဂါအထူးကု ဆေးရုံအဖြစ်စတင် ဖွင့်လှစ် ခဲ့ပါသည်။

          ၁၉၇၂ခုနှစ်၊ အောက်တိုဘာလတွင် အောင်ဆန်းစံပြကျန်းမာရေးဌာန၏ အဆောင်(၃)ဆောင်ကို လွှဲပြောင်းလက်ခံပြီး အမျိုးသမီးလူနာဆောင်အဖြစ် အသုံးပြုခဲ့ပါ သည်။

          ခုတင်(၁၀၀)ဆံ့နှစ်ထပ်လူနာဆောင်သစ်၊ သံဃာဆောင်နှင့် ရင်ခွဲရုံတို့ကို ၁၉၉၃ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး အမျိုးသားလူနာဆောင် အဖြစ်အသုံး ပြုခဲ့ပါသည်။

          နှစ်ထပ်လူနာဆောင်သစ်ကြီးအား လွှဲပြောင်းလက်ခံပြီးနောက် အောက်မင်္ဂလာဒုံ လမ်းမကြီးဘေးရှိ အမျိုးသမီးလူနာဆောင်  အဆောင်(၃)ဆောင်ကို ပတ်ဝန်းကျင် သန့်ရှင်းရေး ဌာနစိတ်ကို လွှဲပြောင်းပေးခဲ့ ပါသည်။

          ထို့ပြင် နှစ်ထပ်အဆောင်အဟောင်းကို ၂၀၀၀ ခုနှစ်တွင် အမျိုးသားမှီငြမ်းပြုတီဘီဓာတ်ခွဲဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။

၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ တိုချဲ့(၅)ထပ်လူနာ ဆောင်ကို ဆောက်လုပ်ခဲ့ပြီး၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့ပါသည်။

အခြေခံအချက်အလက်များ

          –         တည်နေရာ၊ အကျယ်အဝန်း၊ မြေပိုင်ဆိုင်မှု၊ ရေရရှိမှု၊ လျှပ်စစ်မီးရရှိမှု

ဆေးရုံမြေနေရာ အကျယ်အဝန်းမှာ  (၂၅.၅၂) ဧကဖြစ်ပါသည်။     

သတ်မှတ်အဆင့် ၁၉၈၁ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် အောင်ဆန်းတီဘီရောဂါ အထူးကုဆေးရုံ ကြီးသည် ခုတင် (၃၀၀)ဆံ့၊ ဗဟိုအဆင့် ဆေးရုံကြီးအဖြစ်သတ်မှတ် ထားရှိ ခဲ့ပြီး ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ကုသရေးဦးစီးဌာနမှ ဤဆေးရုံကြီး၏ ခုတင် (၃၀၀)ဆံဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင် ခွင့်ပြုခဲ့ပါသည်။

 ဆေးရုံကြီး၏ မြေဂရမ်လျှောက်ထားရာတွင် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြေပုံ မြေရာဇဝင် (၁၀၅/၁၀၆) ထုတ်ပေးပြီး သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ မြေဂရမ်ရရှိရန် ဆက်လက် ဆောင်ရွက်နေ ပါသည်။

           ဆေးရုံအဆောက်အဦအခြေအနေပြ ပုံစံငယ်

Flowchart: Alternate Process: ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာန

ဆက်သွယ်ရမည့်လိပ်စာ

ဆေးရုံအုပ်ကြီးရုံးခန်း (ကြိုးဖုန်း) – 013 – 645756

e-mail : aungsantbgroup@gmail.com

ဖက်စ်နံပါတ် – 013-645756

အရေးပေါ်နှင့်ပြင်ပလူနာဌာန (ကြိုးဖုန်း) – 013 – 645751 Ext : 111

e-mail : aungsantbgroup@gmail.com

ဖက်စ်နံပါတ် – 013-645756

ပြင်ပလူနာပြသနိုင်သော အချိန်ဇယား

စဉ်ပြင်ပလူနာ ကြည့်ရှုသည့်ရက်အထူးကုဘာသာရပ်ကြည့်ရှုသည့်အချိန်ကြည့်ရှုသည့်နေရာ
နံနက်ပိုင်းနေ့လယ်ပိုင်း 
၁။တနင်္လာနေ့တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ ၊ ပြင်းထန်တီဘီရောဂါ၈း၃၀ – ၁၂း၀၀၁း၀၀ – ၄း၀၀အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ (ဗဟို- ရန်ကုန်ရုံးခွဲ)၊ အောက်မင်္ဂလာဒုံ လမ်းမကြီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
၂။အင်္ဂါနေ့တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ ၊ ပြင်းထန်တီဘီရောဂါ၈း၃၀ – ၁၂း၀၀၁း၀၀ – ၄း၀၀အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၊   လူနာဆောင်(၅)၊မြေညီထပ်
၃။ဗုဒ္ဓဟူးနေ့တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ ၊ ပြင်းထန်တီဘီရောဂါ၈း၃၀ – ၁၂း၀၀၁း၀၀ – ၄း၀၀အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ (ဗဟို- ရန်ကုန်ရုံးခွဲ)၊ အောက်မင်္ဂလာဒုံ လမ်းမကြီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
၄။ကြာသပတေးနေ့တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ ၊ ပြင်းထန်တီဘီရောဂါ၈း၃၀ – ၁၂း၀၀၁း၀၀ – ၄း၀၀အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၊   လူနာဆောင်(၅)၊မြေညီထပ်
၅။သောကြာနေ့တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ ၊ ပြင်းထန်တီဘီရောဂါ၈း၃၀ – ၁၂း၀၀၁း၀၀ – ၄း၀၀အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ (ဗဟို- ရန်ကုန်ရုံးခွဲ)၊ အောက်မင်္ဂလာဒုံ လမ်းမကြီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့

ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ

မိမိမှစ၍ ကာကွယ်ပါ။

အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၏ အရှေ့မျက်နှာစာပုံ

အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီးကို ဘေးဘက်မှ မြင်ရပုံ