Implementation Research၊ Clinical Research နှင့် Public Health Research သုတေသနအဆိုပြုလွှာများကို ပေးပို့လျှောက်ထားကြရန်

နေပြည်တော်၊ ဒီဇင်ဘာလ (၂၇)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာနှစ်တွင် Implementation Research၊ Clinical Research နှင့် Public Health Research များကို ဦးစားပေးဆောင်ရွက် ရန်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁,၅၀ဝ) ခွဲဝေရရှိပြီးဖြစ်ပါသည်။

အဆိုပါ သုတေသနရန်ပုံငွေများကို စနစ်တကျ စိစစ်ခွဲဝေအသုံးပြုနိုင်ရန်နှင့် သုတေသန အဆိုပြုလွှာများကို စစ်ဆေးသုံးသပ်၍ ကနဦးရွေးချယ်ပေးနိုင်ရန်အတွက် “သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့” ကို (၁၄-၁၂-၂၀၁၈)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၁၈) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ သုတေသနအဆိုပြုလွှာများကို –

ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း
အမြဲတမ်းအတွင်းဝန်
ရုံးအမှတ် (၄)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်
(သို့မဟုတ်)
ဒေါက်တာဟန်ဝင်း
ညွှန်ကြားရေးမှူး
ဆေးသုတေသနဦးစီးဌာန
အမှတ် (၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့ကြရန်ဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Leave a Comment