ပြင်ပလူနာကြည့်ချိန်ဇယား
အရေးပေါ်နှင့် ပြင်ပလူနာ ဌာန | တနင်္လာ | အင်္ဂါ | ဗုဒ္ဓဟူး | ကြာသပတေး | သောကြာ |
ဟော်မုန်းနှင့် ဆီးချိုရောဂါကုသဌာန | (၉:၀၀ – ၁:၀၀) ပြင်ပလူနာဌာန | ||||
အစာအိမ်၊အူလမ်းကြောင်း အသည်းရောဂါကုဌာန | (၉:၀၀ – ၁၁:၀၀) ပြင်ပလူနာဌာန | ||||
ပန်းနာရင်ကြပ်/Asthma | (၂:၀၀ – ၃:၀၀) ပြင်ပလူနာဌာန | ||||
အရိုးရောဂါကုဌာန | (၁:၀၀ – ၃:၀၀ ) ပြင်ပလူနာဌာန | (၁:၀၀ – ၃:၀၀ ) ပြင်ပလူနာဌာန | |||
ခွဲစိတ်ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန | ||
ဦးနှောက်နှင့် အာရုံကြောကုသဌာန | (၉:၀၀ – ၁၁:၀၀) ပြင်ပလူနာဌာန | ||||
သွေးနှင့်ကင်ဆာ ရောဂါ ကုသဌာန | (၉:၀၀ – ၃:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၃:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၃:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၃:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၃:၀၀) ပြင်ပလူနာဌာန |
ကျောက်ကပ်ကုသဌာန | (၈:၀၀ – ၁၁:၀၀) ပြင်ပလူနာဌာန | ||||
သွားနှင့်ခံတွင်း ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန |
ကာကွယ်ဆေးထိုးဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန | (၉:၀၀ – ၁၂:၀၀) ပြင်ပလူနာဌာန |
ရန်ကုန်ကလေးဆေးရုံကြီးတွင် Online Booking စနစ်ရှိပါသည်။ အဆိုပါစနစ်အတွင်းသို့ CaremeBot Link သို့မဟုတ် Viber Ph number – 09-43127693 တို့အား ဝင်ရောက်သုံးစွဲနိုင်ပါသည်။









၁။ ဆေးရုံတည်ရှိရာနေရာ (Location) နှင့် ဓါတ်ပုံ
အမှတ်(၂)ပြည်ထောင်စုရိပ်သာလမ်း ၊ ပြည်အနောက်ရပ်ကွက်၊ ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့ တွင် တည်ရှိပြီး၊ (၄)ထပ်ပင်မဆောင် ၊ တိုးချဲ့ဆောင် (၁) နှင့် တိုးချဲ့ဆောင်(၂) စုစုပေါင်း မြေအကျယ်အဝန်းမှာ – ၁၀.၂၁ ဧက ရှိပါသည်။
၂။ ဆေးရုံသမိုင်းအကျဉ်း
– ၁၉၆၂ ခုနှစ်တွင် မြေနီကုန်း (ယခုကျန်းမာရေးပြတိုက်) ကလေးဆေးရုံကို ခုတင်(၆၀)ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
– ၁၉၆၃ခုနှစ်တွင် ပြည်ထောင်စုရိပ်သာလမ်းရှိ ဂျင်မခန်နာကလပ်တွင် တည်ရှိသော လက်ထောက်ကျန်းမာရေးမှူး သင်တန်းကျောင်း အဆောက်အဦသို့ ခုတင်(၈၀)အဖြစ် ပြောင်းရွေ့ ဖွင့်လှစ် ခဲ့ပါသည်။
– (၂၃.၉.၁၉၇၈)ရက်နေ့တွင် ကနေဒါနိုင်ငံအစိုးရမှ (၄)ထပ်ပင်မဆောင် လှူဒါန်းဆောက်လုပ်ပြီး ကလေးဆေးရုံကြီး အား ခုတင်(၃၀၀)ဆံ့ ဆေးရုံကြီးအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။
– (၂၀.၁.၂၀၀၆) ရက်နေ့ တွင် ခုတင်(၅၅၀)ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ပေးခဲ့ပါသည်။
– (၂၆.၁၂.၂၀၀၉)ရက်နေ့တွင် အလှူရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း(၇၀၆၀)နှင့် နိုင်ငံတော်မှ ပံ့ပိုးငွေ ကျပ်သိန်း(၃၉၄၀)၊ စုစုပေါင်း ကျပ်သိန်း (၁၁၀၀၀)တို့ဖြင့် တိုးချဲ့ဆောင်(၁)ကို ဆောက်လုပ် ဖွင့်လှစ် နိုင်ခဲ့ပါသည်။
– (၁.၇.၂၀၁၁)ရက်နေ့တွင်(ကျန်းမာရေးဝန်ကြီးရုံးဟောင်း)ကို တိုးချဲ့ဆောင်(၂)အဖြစ် ထပ်မံ ဖွင့်လှစ် နိုင်ခဲ့ပါသည်။
၃။ ဆက်သွယ်ရမည့်လိပ်စာ
(ဖုန်းနံပါတ် ၊ Fax No , Official E-mail address)
အမှတ်(၂)ပြည်ထောင်စုရိပ်သာလမ်း ၊ ပြည်အနောက်ရပ်ကွက်၊ ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့
ဖုန်းနံပါတ် – ၂၂၂၈၀၇ ၊ ၂၂၂၈၀၈ ၊ ၂၂၂၈၀၉ ၊ လိုင်းခွဲ – ၉
Fax No – ၀၁၂၂၁၄၂၁
Official E -mail address – draungtunoo@gmail.com
၄။ ရန်ကုန်ကလေးဆေးရုံကြီးအနေဖြင့် ပင်မဆေးကုသဆောင်(၂)ဆောင်၊ ပင်မခွဲစိတ်ကုသ ဆောင်၊ မွေးကင်းစကုသဆောင်နှင့် အရိုးကုသဆောင်၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန နေ့ချင်းပြန်ကုသမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာန၊ နေ့ချင်းပြန်ကင်ဆာဆေးသွင်းကုသဌာန၊ နေ့ချင်းပြန်သွေးသွင်းကုသဌာနနှင့် အထောက်အကူပြုဌာနများ (ဓာတ်ခွဲဌာန၊ ဓါတ်မှန်ဌာန၊ အကြောအဆစ်ဌာန——)တို့ကို နေ့စဉ်ဖွင့်လှစ်ထားရှိပြီး၊ အထူးကုဌာန (Neuro, Renal ,HOU, Endocrine, GI, Asthma, ART) များကိုလည်း အပါတ်စဉ် ပြင်ပလူနာ ကုသမှု ဌာနများ ဖွင့်လှစ်ထားရှိပြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနကို (၂၄)နာရီ ဖွင့်လှစ်ထားရှိပါသည်။
ပြည်သူလူထုကို သတင်းပေးလိုသည့် အချက်များ
- Covid ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း။
- ငါးနှစ်အောက်ကလေးသူငယ် ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ အသိပညာပေး စာစောင်များ ဖြန့်ဝေခြင်း။
- အသက်(၆)လအထိ မိခင်နို့တိုက်ကျွေခြင်း၊ ဖြည့်စွက် အစားကျွေးခြင်းနှင့် ပတ်သက်၍ အသိ ပညာပေးစာစောင်များ ဖြန့်ဝေခြင်း။
- သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်း။
- ပန်းနာရင်ကျပ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်း။
- ဝမ်းလျော/ဝမ်းပျက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်း။
လက်ဆေးခြင်းနှင့် ပတ်သက်၍ အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်း။