အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်

အထွေထွေပြင်ပလူနာကြည့်ချိန်

ပြင်ပလူနာ
ကြည့်ရှုသည့်ရက်
ကြည့်ရှုသည့်အချိန်ပြင်ပလူနာကြည့်ရှုသည့် နေရာ
တနင်္လာနေ့နံနက်(၉:၀၀ မှ ၁၂:၀၀)ထိ နေ့လည်(၂:၀၀ မှ၄:၀၀)ထိကိုယ်ဝန်ဆောင်များ၊မွေးပြီးလူနာများ မီးယပ်လူနာများပြင်ပလူနာဌာန
ဗုဒ္ဓဟူးနေ့နံနက်(၉:၀၀ မှ ၁၂:၀၀)ထိ နေ့လည်(၂:၀၀ မှ၄:၀၀)ထိကိုယ်ဝန်ဆောင်များ၊မွေးပြီးလူနာများ မီးယပ်လူနာများပြင်ပလူနာဌာန
အင်္ဂါနေ့နံနက်(၉:၀၀ မှ ၁၂:၀၀)ထိ(၂)နှစ်အောက်ပုံမှန်ကာကွယ် ဆေးထိုးခြင်းပြင်ပလူနာဌာန
ကြာသပတေးနေ့နံနက်(၉:၀၀ မှ ၁၂:၀၀)ထိ(၂)နှစ်အောက်ပုံမှန်ကာကွယ် ဆေးထိုးခြင်းပြင်ပလူနာဌာန
တနင်္လာနေ့မှ သောကြာနေ့ အထိနံနက်(၉:၀၀ မှ ၁၂:၀၀)ထိCovid  ကာကွယ်ဆေးထိုးလုပ်ငန်းပြင်ပလူနာဌာန

အထူးကုပြင်ပလူနာကြည့်ချိန်

စဉ်ပြင်ပလူနာ
ကြည့်ရှုသည့်ရက်
အထူးကုဘာသာရပ်ကြည့်ရှုသည့်အချိန်ကြည့်ရှုသည့် နေရာ
နံနက်ပိုင်းနေ့လည်ပိုင်း
၁။တနင်္လာနေ့မှ သောကြာနေ့အထိကိုယ်ဝန်ဆောင်နှင့် သားဖွားနှင့်မီးယပ်လူနာ ကလေးလူနာ၈နာရီမှ၁၂နာရီ၁နာရီမှ၄နာရီပြင်ပလူနာဌာန

တည်နေရာအကျယ်အဝန်း

တောင်ကြီးမြို့ ၏ တောင်ဘက်ပိုင်း၊ အရှေ့ဘက်ခြမ်း ၊ သစ်တောရပ်ကွက်တွင်တည်ရှိပါသည်။

အကျယ်ဝန်း                                              ၁၁.၈၇၅ဧက

အရှေ့                                                        သစ်တောရပ်ကွက် နယ်မြေ (၆)

အနောက်                                                   ဗိုလ်ချုပ်ပန်းခြံ

တောင်ဘက်                                               မြို့တော်ခန်းမ

မြောက်ဘက်                                              ပြည်နယ်အားကစားကွင်း

၁။ဆေးရုံကြီး၏သမိုင်းအကျဉ်းချုပ်

             အမျိုးသမီးနှင့်ကလေးဆေးရုံကြီး(ယခင်ပြည်သူ့ဆေးရုံကြီး) ကို  ၁၈၉၇ခုနှစ် ၊ ဒီဇင်ဘာလ တွင်ဆောက်လုပ်ခဲ့သည်ဟု  (RASSS,1898, p 37) စာအုပ်မှတ်တမ်းအရသိရှိရပါသည်။  ဆေးရုံကြီး သည်ရှမ်းပြည်နယ်တောင်ပိုင်းတွင် အကောင်ဆုံးဖြစ်သည်ဟု မှတ်တမ်းအရသိရှိရပါသည်။ သွပ်မိုးပြီး ၊လေးဘက်လေတန်ကော်ရစ်ဒါထုတ်ထားသောတစ်ထပ်တိုက်လေးဖြစ်ပြီး   ပြင်ပလူနာဌာန၊  ခွဲစိတ်ကုသဆောင်၊   ခွဲစိတ်ခန်းမ၊   ကလေးများနှင့်  အမျိုးသမီးလူနာဆောင်၊  ဆေးပေးခန်း၊  အမျိုးသား လူနာဆောင်တို့ရှိသည်ဟု(မြင့်ဆွေ၊၁၉၈၇၊စာ၁၆)စာအုပ်မှတ်တမ်းအရသိရှိရပါသည်။    

           ဆေးရုံအုပ်ကြီးမှာခရိုင်ဆရာဝန်ကြီးပင်ဖြစ်သည်။   ဆေးရုံနှင့်အနီးတွင်ဆရာဝန်ကြီးနေအိမ်၊

ဆေးရုံဝင်းအတွင်းတွင် လက်ထောက်ဆေးရုံအုပ်နေအိမ်နှင့် ဝန်ထမ်းအိမ်ယာများဆောက်ထားသည်    ဟု(မြင့်ဆွေ၊  ၁၉၈၇၊ စာ၁၆-၂၂) စာအုပ်မှတ်တမ်း အရသိရှိရပါသည်။

  ရုံးမှတ်တမ်းများအရ(၁၉၄၅)ခုနှစ်သြဂုတ်လမှစ၍“တောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီး” အဖြစ်အဖြစ်“ခရိုင်ဆရာဝန်ကြီး”မှ အုပ်ချုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

          “ခရိုင်ဆရာဝန်ကြီး”၏လက်အောက်တွင်ဆေးရုံများဖြစ်သည့် ညောင်ရွှေ၊နန်းပန်၊ ရပ်စောက် နှင့် ဆီဆိုင်ဆေးရုံများ၊ ဆေးပေးဌာနများဖြစ်သည့်ရွှေညောင်၊နောင်မွန်၊ ဘန်းယဉ်နှင့်ဟိုပုံးစသည့် ဆေးပေး ဌာနများ၏ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေး၊ ဆေးဝါးများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကိုပါ တာဝန်ယူခဲ့ ရပါသည်။

          ရှမ်းပြည်နယ်ဦးစီးအဖွဲ့ရုံးတွင် ၁၉၆၉ခုနှစ်၊ သြဂုတ်လ၁၅ရက်နေ့ တွင်ပြုလုပ်ခဲ့သည့်    အစည်းအဝေးဆုံးဖြတ်ချက်အရ “မိခင်နှင့်ကကလေးဆေးရုံ” အဖြင့်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး “မြို့နယ်ဆရာဝန်ကြီး”  မှ အုပ်ချုပ်ခဲ့ပါသည်။

          ရှမ်းပြည်နယ် ဦးစီးအဖွဲ့ရုံး၏ ၁၉၇၀ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ နေ့စွဲပါစာအမှတ် ၊ ၁၅၂-ရပ (ဂ)၆၅သည် ကျန်းမာရေးဝန်ကြီးဌာန (ဌာနစု – ၆) ၏ ( ၁၃-၁၀-၁၉၇၀)နေ့စွဲပါ အမှာစာအမှတ် – ၂၀-မစ(ခ)၆၇(၂) အရ သားဖွား / မီးယပ် နှင့် ကလေးဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ 

           ကျန်းမာရေးဝန်ကြီးဌာန၏   (၂၈-၉-၁၉၇၁)ရက်စွဲပါ   အမိန့်ကြော်ငြာစာအမှတ် ၊ ၂၀ မဆ (ခ)၆၇ (၁)ကို  ရည်ညွှန်းလျက်  ကျန်းမာရေးဌာန   ညွှန်းကြားရေးဝန်းရုံ    (ဌာနခွဲ) – မထ – ၅ )၏ စာအမှတ်၊၇၄၈၀/၂မထ၅(စ)၇၁ဆေးရုံအမည်ပြောင်းဖြစ်တောင်ကြီးမြို့၊ မိခင်နှင့်ကလေးဆေးရုံကို “တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး” အဖြစ်  အမည်  ပြင်ဆင်ပြောင်းလဲ   ခေါ်ဝေါ်ခဲ့ ကြောင်း သိရပါသည်။

          ကျန်းမာ‌ရေးဦးစီးဌာန၏ (၂၁-၄-၁၉၇၈)ရက်စွဲပါစာအမှတ် ၊ ၂ခ (၅/၅)၇၈ အရ ခုတင်၂၀၀ဆံ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြင့်ပေးခဲ့ပါသည် ။

          ကျန်းမာရေးဦးစီးဌာန၏ (၇-၄-၂၀၀၄)ရက်စွဲပါစာအမှတ် ၊ စမ-၁/ဖစခ/၂၀၀ဆ၁/၈၁ဖြင့် ကုတင်၂၀၀ဆံ စံကိုက်နှုန်း ဝန်ထမ်းအင်အားဖွဲ့စည်းပုံကို ခွင့်ပြုခဲ့ပါသည်။ 

၂။       ဆက်သွယ်ရမည့်လိပ်စာ

          ၁။ ဖုန်းနံပါတ်                              ဆေးရုံအုပ်ကြီးရုံးခန်း            –     081-201841/  

                                                          အရေးပေါ်နှင့်ပြင်ပလူနာဌာန –     09-885372817

          ၂။ Fax Number                           081-201841

          ၃။ Office  E-mail address            wchtauggyi2006@gmail.com

၃။      ဆေးကုသမှုပေးနိုင်သောဌာနများ

          ၁။ ပြင်ပလူနာဌာန

          ၂။ ကလေးလူနာဆောင်       

          ၃။ သားဖွားဆောင်

          ၄။ မီးယပ်ဆောင်

          ၅။ မွေးကင်းစကုသဆောင်

          ၆။ ဓါတ်မှန်ဌာန

          ၇။ ရောဂါရှာဖွေရေးနှင့်သွေးလှူဘဏ်ဌာန

          ၈။ သီးခြားဆေးကုသဆောင်

ပြည်သူလူထုကိုသတင်းပေးလိုသောအချက်များ

                 တောင်ကြီးမြို့၊အမျိုးသမီးနှင့်ကလေးဆေးရုံကြီးသည် ရှမ်းပြည်နယ်ရှိ တစ်ခုတည်းသောအမျိုးသမီးနှင့်ကလေး  ကျန်းမာရေးအတွက်  ထိရောက်သော ကုသမှုကို    (  သားဖွား /  မီးယပ် ) ပါမောက္ခ/ဌာနမှူးနှင့် ကလေးကျန်းမာ ပါမောက္ခ/ဌာနမှူးများ  အထူးကုဆရာဝန်ကြီးများ ဦးစီး၍ စွမ်းဆောင်မှု  အရှိဆုံးနှင့် ပိုမိုထိရောက်မှုရှိစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော ဗဟိုအဆင့် ဆေးရုံကြီး ဖြစ်သည့် အပြင်ဆေးတက္ကသိုလ်တောင်ကြီး၏ သင်ကြားရေးဆေးရုံကြီးလည်းဖြစ်သည်။