သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး

သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၏ ပြင်ပလူနာကြည့်ချိန်ဇယား

စဉ်ပြင်ပလူနာ ကြည့်ရှုသည့်ရက်အထူးကုဘာသာရပ်နံနက်ပိုင်းနေ့လည်ပိုင်းကြည့်ရှုသည့် နေရာ
1တနင်္လာနေ့အထွေထွေဖျားနာအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
2တနင်္လာနေ့သားဖွားလူနာအထူးကုဌာန(လူနာသစ်)(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
3တနင်္လာနေ့မီးယပ်အထူးကုဌာန-(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
4တနင်္လာနေ့ကလေးအထူးကုဌာန(ကာကွယ်ဆေး)(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိကလေးကုသဆောင်ပြင်ပလူနာကြည့်ရှုခန်း
5တနင်္လာနေ့ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ-အထူးကုပြင်ပလူနာဌာန
6တနင်္လာနေ့အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဌာန-(၁၂:၀၀)နာရီမှ(၂:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
7တနင်္လာနေ့နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်အထူးကုဌာန(လူနာသစ်)(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိနား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်အထူးကုဌာန
8တနင်္လာနေ့အရေပြားအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
9တနင်္လာနေ့မူးယစ်ဆေးစွဲရောဂါကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ-မက်သာဒုန်းဆေးတိုက်ဌာန
10တနင်္လာနေ့အကြောအဆစ်နှင့်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန(လူနာဟောင်း)(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
11တနင်္လာနေ့မျက်စိအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
12တနင်္လာနေ့သွားနှင့်ခံတွင်းအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိသွားနှင့်ခံတွင်းအထူးကုပြင်ပလူနာဌာန
13အင်္ဂါနေ့ခွဲစိတ်အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
14အင်္ဂါနေ့ကလေးအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိကလေးကုသဆောင်ပြင်ပလူနာကြည့်ရှုခန်း
15အင်္ဂါနေ့အရိုးရောဂါနှင့်ထိခိုက်ဒဏ်ရာခွဲစိတ်အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
16အင်္ဂါနေ့ရင်ခေါင်းဆေးကုသအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
17အင်္ဂါနေ့အရေပြားအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ-အထူးကုပြင်ပလူနာဌာန
18အင်္ဂါနေ့စိတ်ကျန်းမာရေးအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိစိတ်ကျန်းမာရေးပြင်ပလူနာဌာန
19အင်္ဂါနေ့အကြောအဆစ်နှင့်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန(လူနာအသစ်)(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
20အင်္ဂါနေ့သွားနှင့်ခံတွင်အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိသွားနှင့်ခံတွင်းအထူးကုပြင်ပလူနာဌာန
21ဗုဒ္ဓဟူးနေ့ART ဆေးပေးဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ-အထူးကုပြင်ပလူနာဌာန
22ဗုဒ္ဓဟူးနေ့ကလေးအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိကလေးကုသဆောင်ပြင်ပလူနာကြည့်ရှုခန်း
23ဗုဒ္ဓဟူးနေ့ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ-အထူးကုပြင်ပလူနာဌာန
24ဗုဒ္ဓဟူးနေ့ဆီးနှင့်ကျောက်ကပ်ဆေးကုသအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
25ဗုဒ္ဓဟူးနေ့မျက်စိအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
26ဗုဒ္ဓဟူးနေ့စိတ်ကျန်းမာရေးအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိစိတ်ကျန်းမာရေးပြင်ပလူနာဌာန
27ဗုဒ္ဓဟူးနေ့အကြောအဆစ်နှင့်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန(လူနာအဟောင်း)(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
28ဗုဒ္ဓဟူးနေ့သွားနှင့်ခံတွင်အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိသွားနှင့်ခံတွင်းအထူးကုပြင်ပလူနာဌာန
29ကြာသပတေးနေ့အထွေထွေဖျားနာအထူးကုဌာန(၈:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
30ကြာသပတေးနေ့မီးယပ်အထူးကုဌာန(၈:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
31ကြာသပတေးနေ့ကလေးအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိကလေးကုသဆောင်ပြင်ပလူနာကြည့်ရှုခန်း
32ကြာသပတေးနေ့နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်းခွဲစိတ် အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိနား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်းခွဲစိတ် အထူးကုဌာန
33ကြာသပတေးနေ့အရိုးရောဂါနှင့်ထိခိုက်ဒါဏ်ရာခွဲစိတ်အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
34ကြာသပတေးနေ့အကြော၊အဆစ်နှင့်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေး ဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
35ကြာသပတေးနေ့အရေပြားအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
36ကြာသပတေးနေ့စိတ်ကျန်းမာရေးအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိစိတ်ကျန်းမာရေးပြင်ပလူနာဌာန
37ကြာသပတေးနေ့အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဌာန၁၂နာရီမှ၂နာရီအထူးကုပြင်ပလူနာဌာန
38ကြာသပတေးနေ့ရင်ခေါင်းဆေးကုသအထူးကုဌာန၉နာရီမှ ၁၂နာရီ၁နာရီမှ၃နာရီအထူးကုပြင်ပလူနာဌာန
39ကြာသပတေးနေ့သွားနှင့်ခံတွင်းအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိသွားနှင့်ခံတွင်းအထူးကုပြင်ပလူနာဌာန
40သောကြာနေ့ဆီးချိုအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိဆေးကုသဆောင်
41သောကြာနေ့ခွဲစိတ်အထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
42သောကြာနေ့သားဖွားလူနာအထူးကုဌာန(လူနာဟောင်း)(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
43သောကြာနေ့ကလေးအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိကလေးကုသဆောင်ပြင်ပလူနာကြည့်ရှုခန်း
44သောကြာနေ့ဆီးနှင့်ကျောက်ကပ်ဆေးကုသအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၁:၀၀)နာရီမှ(၃:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
45သောကြာနေ့မျက်စိအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ-အထူးကုပြင်ပလူနာဌာန
46သောကြာနေ့အရေပြားအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ-အထူးကုပြင်ပလူနာဌာန
47သောကြာနေ့မူးယစ်ဆေးစွဲရောဂါကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ-        မက်သာဒုန်းဆေးတိုက်ဌာန
48သောကြာနေ့အကြောအဆစ်နှင့်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန(လူနာဟောင်း)(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိအထူးကုပြင်ပလူနာဌာန
49သောကြာနေ့သွားနှင့်ခံတွင်းအထူးကုဌာန(၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ(၂:၀၀)နာရီမှ(၄:၀၀)နာရီထိသွားနှင့်ခံတွင်းအထူးကုပြင်ပလူနာဌာန

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး

ဆေးရုံတည်နေရာနှင့် ဓာတ်ပုံ

  • ရန်ကုန်တိုင်းဒေသကြီး ၊  သင်္ဃန်းကျွန်းခရိုင် ၊   သင်္ဃန်းကျွန်းမြို့နယ် ၊   (ဆ/က)  ရပ်ကွက်

ကျိုက္ကဆံဘုရားလမ်းပေါ်တွင်တည်ရှိပြီး အကျယ်အဝန်းမှာ (၁၄.၁၆၇)ဧက ရှိပါသည်။

စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်

  • ဤဆေးရုံကြီးကို (၂-၄-၁၉၉၁) တွင် အုတ်မြစ်ချတည်ဆောက်ခဲ့ပြီး (၂၁-၅-၁၉၉၄) တွင် ခုတင် (၃၀၀) ဆံ့ စံပြဆေးရုံကြီး၊ သင်္ဃန်းကျွန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ကာ  (၂၈-၁-၂၀၁၅) တွင် ခုတင် (၅၀၀) ဆံ့ ဗဟိုအဆင့်၊ သင်ကြားရေးဆေးရုံကြီးအဖြစ် တိုးချဲ့ခဲ့ပါသည်။
  • (၉-၁-၂၀၁၈) မှစ၍ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ ခုတင် (၅၀၀)  ဟုခေါ်တွင်ခဲ့ပါသည်။
  • ဆေးတက္ကသိုလ် (၂) ရန်ကုန်၏ သင်ကြားရေးဆေးရုံကြီးတစ်ရုံဖြစ်ပြီး ဆေးရုံကြီး၏ ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရန် (၁၆-၃-၂၀၁၉) တွင် (၆) ထပ်ဆေးကုသဆောင်ကြီးကို စတင်ဖွင့်လှစ်ခဲ့ကာ ခုတင် (၃၅၀) ထား ရှိ၍ အထူးကုလူနာ ဆောင်များ တိုးချဲ့ဆောင်ရွက်ခဲ့သဖြင့် အသုံးပြုခုတင် (၈၅၀) ဖြစ်ပါသည်။
  • စတင်ဖွင့်လှစ်ချိန်မှ ယခုအထိ တာဝန်ပေးခဲ့သည့် ဆေးရုံအုပ်ကြီး ၁၃ ဦး ရှိပြီဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

  • ဆေးရုံအုပ်ကြီး ရုံးခန်း (ကြိုးဖုန်း) –   ၀၁ ၅၇၉၈၇၉
  • အရေးပေါ်နှင့်ပြင်ပလူနာဌာန (ကြိုးဖုန်း) –   ၀၁ ၅၇၉၈၉၉
  • E mail –        thingungyune.general.hospital@gmail.com
  • ဆေးရုံအုပ်ကြီးရုံးခန်း (ဖက်စ်) –       ၀၁ ၅၇၉၈၉၆

ပြင်ပလူနာပြသနိုင်သော အချိန်ဇယား

  • (က) အထွေထွေရောဂါကုပြင်ပလူနာအချိန်ဇယား –

အရေးပေါ်ပြင်ပလူနာကုသမှုဌာနတွင် ပူးတွဲဖွင့်လှစ်ထားပြီး လိုအပ်ပါက အထူးကုဌာနများသို့ ညွှန်းပို့ပေးပါသည်။

  • (ခ) အထူးကုပြင်ပလူနာအချိန်ဇယား (ပူးတွဲဖော်ပြထားပါသည်။)
  • (ဂ) Online Booking System မရှိပါ။

ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ

ဆေးကုသမှုခံယူနိုင်ရန် အထူးကုဌာနများ၊ ဆေးကုသမှုလူနာဆောင်များ၏ အနေအထား –

  • (၁)     A ဆောင် – ဆေးရုံအုပ်ကြီးရုံးခန်း၊ အစည်းအဝေးခန်းမများ၊ Cold chain room၊သားဖွားခန်း၊ P.R rooms
  • (၂)      B ဆောင် – အရိုးကုသ‌ဆောင်၊ ခွဲစိတ်ကုသဆောင်၊ နနလဥလကုသဆောင်
  • (၃)     C ဆောင် – မျက်စိကုသဆောင်၊ သွေးဘဏ်၊ ဓာတ်ခွဲဌာန၊ သားဖွားမီးယပ်ဆောင်၊          ကလေးကုသဆောင်
  • (၄)     D ဆောင် – ဓာတ်မှန်ဌာန၊ ပင်မခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသဆောင်၊ စာသင်ကြားရေး ခန်းမများ၊ အောက်ဆီဂျင်ဌာန၊ Autoclave room.
  • (၅)     D တိုးချဲ့ဆောင်- ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသဆောင်
  • (၆)     E ဆောင် – အရေးပေါ်ဌာနနှင့် ပြင်ပလူနာဌာန၊ Isolation ward၊ ဓာတ်မှန်ခန်း
  • (၇)     E တိုးချဲ့ဆောင် – ဥပဒေရေးရာဆေးပညာဌာန၊ စိတ်ကျန်းမာရေး
  • (၈)     F ဆောင် – အထူးကုပြင်ပလူနာဌာနများ
  • (၉)     F တိုးချဲ့ဆောင် (နှစ်ထပ်ဆောင်) – အထူးကုပြင်ပလူနာဌာန
  • (၁၀)   G ဆောင် (၆ ထပ်ဆောင်)- အစာအိမ်နှင့်အူလမ်းကြောင်းဌာန၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိတ်ကုဌာန၊ ဆီးနှင့်ကျောက်ကပ်ဆေးကုဌာန၊ ဆေးကုသဆောင်၊ရင်ခေါင်းဆေးကုသဆောင်
  • (၁၁)   အခြားအဆောက်အဦများ – ဆေးသိုလှောင်ခန်းများ၊ စားဖိုဆောင်၊ အဝတ်လျှော်ရုံ၊ရင်ခွဲရုံ၊ အများသုံးအိမ်သာ၊ လူနာစောင့်နားနေဆောင်နှင့် စားသောက်ဆိုင်
  • အထူးကုဆရာဝန်ကြီးများ၊ ဆေးပညာရှင်များဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို အထူး အလေးထား၍ ကုသစောင့်ရှောက်ပေးကြရာတွင် လူနာများမှ စိုက်ထုတ်ကုန်ကျရမှုများကို လည်း နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နေပြီး၊ လာရောက်ကုသမှုခံယူသူ လူနာများ စိတ်ချမ်းမြေ့စေရေးအတွက် ဆေးရုံသန့်ရှင်းသပ်ယပ်သာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသဖြင့် ပြည်သူလူထုအနေဖြင့်လည်း စည်းကမ်း လိုက်နာပြီး ဝိုင်းဝန်းပူးပေါင်းကြပါရန် မေတ္တာရပ်ခံလိုပါသည်။