အရိုးရောဂါအထူးကုဆေးရုံကြီး၊ ရန်ကုန်

ပြင်ပလူနာအချိန်ဇယား

ရက်စွဲနံနက်(၈:၀၀)မှ(၁၂:၀၀)နာရီနေ့လည်(၂:၀၀)မှညနေ(၄:၀၀)နာရီ
တနင်္လာအရိုး/ အကြောအဆစ်လူနာများအရိုး/ အကြောအဆစ်လူနာများ
ကျောရိုးပိုင်းဆိုင်ရာလူနာများကျောရိုးပိုင်းဆိုင်ရာလူနာများ
အင်္ဂါအရိုး/ အကြောအဆစ်လူနာများအရိုး/ အကြောအဆစ်လူနာများ
လက်ပိုင်းဆိုင်ရာလူနာများလက်ပိုင်းဆိုင်ရာလူနာများ
ဗုဒ္ဓဟူးအရိုး/ အကြောအဆစ်လူနာများအရိုး/ အကြောအဆစ်လူနာများ
ကျောရိုးပိုင်းဆိုင်ရာလူနာများကျောရိုးပိုင်းဆိုင်ရာလူနာများ
ကြာသပတေးအရိုး/ အကြောအဆစ်လူနာများအရိုး/ အကြောအဆစ်လူနာများ
လက်ပိုင်းဆိုင်ရာလူနာများလက်ပိုင်းဆိုင်ရာလူနာများ
သောကြာအရိုး/ အကြောအဆစ်လူနာများအရိုး/ အကြောအဆစ်လူနာများ
ကျောရိုးပိုင်းဆိုင်ရာလူနာများကျောရိုးပိုင်းဆိုင်ရာလူနာများ

စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်

၁၈၉၅ခုနှစ်တွင်အနာကြီးရောဂါကုဂေဟာအဖြစ်စတင်ခဲ့ပြီး ၁၉၆၆ခုနှစ်၊ဇူလိုင်လတွင် ပြည်သူ ပိုင်သိမ်းပြီးနောက် နာတာရှည်ရောဂါကုဆေးရုံအမည်ဖြင့် အနာကြီးရောဂါနှင့် နာတာရှည်ရောဂါများ ကိုကုသပေးခဲ့ရာမှ ၁၉၇၂ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့တွင် ၎င်းလူနာများကိုထောက်ကြန့်နှင့်မန္တလေး ရှိအနာကြီးဆေးရုံများသို့ပြောင်းရွေ့ခဲ့ပါသည်။ ထို့နောက်လက်ပိုင်းဆိုင်ရာ၊ အရိုးနှင့်နာတာရှည်လူနာ များကိုလက်ခံကုသပေးခဲ့ပြီး ၁၉၇၆ခုနှစ်၊စက်တင်ဘာလမှစ၍ အရိုးရောဂါအထူးကုဆေးရုံကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီးနောက် အရိုးလူနာများကိုသာလက်ခံကုသပေးလျှက်ရှိပါသည်။ (၉-၁၀-၂၀၁၅) ရက်နေ့တွင် ခုတင်(၅၀)ဆံ့ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်အားလည်းကောင်း၊ တိုးချဲ့(၅)ထပ် လူနာဆောင်ကို(၂၉−၁၂−၂၀၂၂)ရက်နေ့တွင်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ခွင့်ပြုလူနာခုတင် ဦးရေမှာ(၃၀၀)ဖြစ်ပြီး လက်ရှိလူနာခုတင်ဦးရေမှာ (၃၃၂)ခုတင်အထိ အသုံးပြုနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

လိပ်စာ                                      -အမှတ်(၁၃၂)၊ဟံသာ၀တီလမ်း၊သရက်တော(မြောက်)ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့

ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း)       – ၀၁ ၅၂၇၀၈၆/ ၀၁ ၅၂၇၀၈၇/ ၀၁ ၅၂၇၀၈၈

အီးမေးလ်                                   – yangonortho@gmail.com

ဖက်စ်နံပါတ်                                – ၀၁ ၅၂၇၀၈၆

 ရန်ကုန်မြို့၊အရိုးရောဂါအထူးကုဆေးရုံကြီးသို့လာရောက်ကုသမှုခံယူသည့်ကျောရိုး၊လက်ပိုင်း အကြောအဆစ်နှင့်အရိုးလူနာများအား အစိုးရရုံးပိတ်ရက်များမပါ ရုံးချိန်များအတွင်း သတ်မှတ်ထား သော ရက်အလိုက် ကြည့်ရှုကုသပေး လျက်ရှိပါသည်။

ဤဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူလျက်ရှိသော ပြင်ပလူနာ/အတွင်းလူနာများအား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော Tab: (၁၁)မျိုး၊ Injection (၂၃)မျိုး၊ LPO (၉)မျိုး၊ Laboratory (၄၃)မျိုး၊ X-ray (၁)မျိုး၊ Consumable for Basic (၇၉)မျိုး နှင့် Consumable for Speciality (Implant) (၅၉)မျိုး ဖြင့် အခမဲ့ထောက်ပံ့ပေးလျက်ရှိပါသည်။ ဓါတ်မှန်ဌာနအနေဖြင့် USG, X-ray, CT, MRI စက်များဖြင့်စမ်းသပ်ရောဂါရှာဖွေခြင်းနှင့် ရောဂါရှာဖွေရေးဌာနအနေဖြင့် ပြင်ပလူနာများအတွက်(၃၁)မျိုးနှင့် အတွင်းလူနာများအတွက်(၃၄)မျိုးဖြင့် အခမဲ့စမ်းသပ်ဆောင်ရွက် ပေးလျက်ရှိပါသည်။ ရန်ကုန်မြို့၊ အရိုးရောဂါအထူးကုဆေးရုံကြီးအနေဖြင့် ကုသရေးဉီးစီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ ဤဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူလျက်ရှိသောလူနာများအား ဆေးကုသမှုခံယူရာ တွင် အထောက်အကူဖြစ်စေရန်နှင့်ရောဂါလျင်မြန်စွာပျောက်ကင်းစေရန်အတွက် ကုသရေးဉီးစီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ လူနာ/လူနာစောင့်နှင့် ဧည့်သည်များအား လိုက်နာဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန်စည်းကမ်းများနှင့် ကိုဗစ်-၁၉/မျောက်ကျောက်အစရှိသောကူးစက်ရောဂါများ၏ ရောဂါ လက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများအား စနစ်တကျလိုက်နာကျင့်သုံးရန် နှိုးဆော်ထားပါ သည်။  နေ့စဉ်အတွင်းလူနာ(၁၀၀)ဉီးကျော်နှင့် ပြင်ပလူနာ(၂၀၀)ဉီးကျော် လက်ခံကြည့်ရှု ကုသပေး လျက်ရှိပါသည်။