ပြင်ပလူနာပြပနိုင်သော အချိန်ဇယား

(က) အရေးပေါ်နှင့်ပြင်ပလူနာဌာနကိုနေ့စဉ်(၂၄)နာရီဖွင့်လှစ်ပါသည်။

(ခ) အထူးကုပြင်ပလူနာအချိန်ဇယား

အရိုးရောဂါအထူးကုပြင်ပလူနာကြည့်ရှုချိန်တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ(၃) (နံနက် (၉:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ) (နေ့လည်(၂:၀၀)နာရီမှ(၄:၀၀)နာရီအထိ)
အကြောအဆစ်ရောဂါကုဌာနပြင်ပလူနာကြည့်ရှုချိန်တနင်္လာနေ့မှသောကြာနေ့အထိ (နံနက် (၉:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ) (နေ့လည်(၂:၀၀)နာရီမှ(၄:၀၀)နာရီအထိ)

စတင်တည်ထောင်ခဲ့သော ခုနှစ်နှင့်သမိုင်းအကျဉ်းချုပ်

နေပြည်တော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)သည် မြေဧရိယာအကျယ်အဝန်း (၁၆)ဧကပေါ်တွင် ၂၀၁၅ ခုနှစ်၊ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန် နိုင်ငံတော်ကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးကောင်စီအစိုးရလက်ထက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဆေးရုံဖွင့်ပွဲ အ ထိမ်းအမှတ်ကြေးပြားဆိုင်းဘုတ်ကို အမွှေး နံ့သာ ပတ်ဖျန်းပြီး ဖွင့်လှစ်ပေးခဲ့ပါသည်။

နေပြည်တော် ကောင်စီနယ်မြေရှိ အရိုးအကြောအဆစ်ရောဂါနှင့် ထိခိုက်ဒဏ်ရာရလူနာများ အတွက်  ကျန်းမာရေး  စောင့်ရှောက်မှုကို   အနီးကပ်ပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ရန်   ရည်ရွယ်ပြီး

(၂၀-၁-၂၀၁၁) ရက်နေ့  ကျင်းပ ပြုလုပ်သော   အစိုးရအဖွဲ့အစည်း၏   သဘောတူခွင့်   ပြုချက်အရ

(၂၃-၂-၂၀၁၁) ရက်နေ့တွင် နေပြည်တော် (ကုတင်-၅၀၀) အရိုးရောဂါအထူးကုဆေးရုံကြီးအဖြစ် စတင် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ နေပြည်တော်ကောင်စီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် (ကုတင်-၁၀၀) ဆေးရုံအဖြစ် ဖွင့်လှစ်၍ ဆေးရုံအုပ်ကိုလည်း (၁၁-၅-၂၀၁၅) ရက်နေ့တွင် စတင်ခန့်အပ်ပြီး လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်လည်ပတ်ခဲ့ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

(၁) ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း)        – ၀၆၇-၃၄၁၇၁၇၀

(၂) အရေးပေါ်နှင့်ပြင်ပလူနာဌာန(ကြိုးဖုန်း)       – ၀၆၇-၃၄၁၇၁၈၀

(၃) Email :nptorthopsedichospital@gmail.com         

(၄) Fax    :0673417170