
ဆေးရုံသမိုင်းအကျဉ်း
သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော်ကို (၂၅-၃-၂၀၁၆) ရက်နေ့မှ စတင် ဖွင့်လှစ်၍ ပြင်ပလူနာများကို ကုသပေးခဲ့ပြီး (၁၆-၁၁-၂၀၁၆) ရက်နေ့တွင် သားဖွားနှင့်မီးယပ်ရောဂါ များကို အတွင်းလူနာအဖြစ် လက်ခံကုသဆောင်ရွက်ပေးလျက်ရှိပါသည်။
သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး နေပြည်တော်ရှိ ဆေးကုသဆောင်များအနေဖြင့် အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ သားဖွားဆောင်၊ မီးယပ်ဆောင်၊ ခွဲစိတ်ခန်း၊ မွေးကင်းစကလေးကုသ ဆောင်၊ အထူးကြပ်မတ်ကုသခန်းတို့ဖြင့်ဆေးရုံ၏ပင်မကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက် ရှိပါသည်။
၁။ ဆေးရုံကြီး၏ တည်နေရာ၊ အကျယ်အဝန်း
ဤဆေးရုံကြီးသည် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ရာဇဌာနီ လမ်းနှင့် သီရိရတနာလမ်းထောင့်၊ မင်္ဂလာပန်းဝိုင်းအနီးတွင် တည်ရှိပြီး စုစုပေါင်း မြေဧရိယာ (၃၇.၅၉) ဧကကျယ်ဝန်းပြီး ဆေးရုံကြီး၏အဆောက်အဦများ ကိုလည်းကောင်း၊ တောင်ဘက် (၉.၀၉၆) ဧကတွင် ဆေးရုံကြီး၏ဝန်ထမ်းအိမ်ရာများ ကိုလည်းကောင်း ဆောက်လုပ်ထားရှိပါသည်။
၂။ ရေရရှိမှု
ဥတ္တရသီရိမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဖြန့်ဝေပေးသောရေအား ရေဂါလန် (၃၀၀၀၀) ဆံ့ မြေအောက်ရေကန် တစ်ကန်၊ ရေဂါလန် (၂၀၀၀၀) ဆံ့ မြေအောက် ရေကန် တစ်ကန်နှင့် ရေဂါလန် (၆၀၀၀) ဆံ့ Overhead Tank တစ်လုံးတို့ဖြင့် သိုလှောင်ကာ ဖြန့်ဝေ အသုံးပြုလျက်ရှိပါသည်။ ထို့ပြင် သောက်သုံးရေအတွက် စက်ရေတွင်းတစ်တွင်း (Ø၄”x ၇၀၀’) ကိုလည်း အလှူရှင်၏ လှူဒါန်းမှုဖြင့် တူးဖော် ထားရှိပြီး ရေဂါလန် (၂၅၀၀) ဆံ့ ရေကန်ဖြင့် စုဆောင်း၍ ဖြန့်ဝေအသုံးပြုလျက်ရှိပြီး စက်ရေတွင်းအခြေအနေမှာ လတ်တလောအခြေအနေတွင် ရေထွက်နည်းလျက် ရှိပါသည်။
၃။ လျှပ်စစ်မီးရရှိမှု
ဥတ္တရသီရိမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးခွဲ (၈) ၏ 500 KVA Transformer ၏ Main Breaker 800A မှ ဆေးရုံအတွက် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။
ဆေးရုံ၏ အောက်စီဂျင်လိုအပ်ချက်အတွက် Oxygen plant House OGP-29 အမျိုး အစား တစ်လုံးရှိပြီး အောက်စီဂျင် ပွိုင့် 12 Points တတ်ဆင်အသုံးပြုထားပြီး နေ့စဉ်အောက်စီဂျင် ထုတ် လုပ်နိုင်မှုနှင့် ဆေးရုံသုံးစွဲမှုလုံလောက်မှုရှိပြီးအခြားလိုအပ်သောဆေးရုံများသို့လည်း ဖြည့်ဆည်းပေး လျက်ရှိပါသည်။
ရည်ရွယ်ချက်များ
- မိခင်လောင်းနှင့် မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အောင်မြင်ကျန်းမာစွာ မွေးဖွားပေးနိုင်ရေးနှင့်အာဟာရဆိုင်ရာ အသိပညာပေးခြင်း၊
- မွေးကင်းစကလေးများအတွက် အာဟာရဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးရန်။
- ကိုယ်၀န်ဆောင် စောင့်ရှောက်မှုများပေးခြင်း၊ မွေးပြီးမိခင်များ စောင့်ရှောက်ခြင်းနှင့် သားဆက်ခြား ဆောင်ရွက်ပေးခြင်း။
- ကာယကံရှင်၏ဆန္ဒအလျှောက်ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် သားကြောဖြတ် ဆောင်ရွက်ပေးခြင်း။
- သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်စစ်ဆေးကုသခြင်း။
- မီးယပ်ရောဂါ ဝေဒနာရှင်များအား ကုသပေးခြင်း။
- နည်းစနစ်မှန်ကန်သော မိခင်နို့တိုက်ကျွေးရေးပညာပေးခြင်း။
အလုပ်သင်ဆရာ၀န်များအားသားဖွားမီးယပ်ရောဂါဆိုင်ရာလက်တွေ့သင်ကြားပို့ချပေးခြင်း။
၃။ လွှမ်းခြုံလူဦးရေစုစုပေါင်း
(၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ)
- နေပြည်တော်လူဦးရေ ၄၉၃၅၀၉ (၅ သိန်းဝန်းကျင်)
- မြို့ပြလူဦးရေ ၁၃၈၃၆၉
- ကျေးလက်နေလူဦးရေ ၃၅၅၁၄၀
- အသက် (၅) နှစ်အောက် (ကျား) ၅၃၃၃၉
- အသက် (၅) နှစ်အောက် (မ) ၅၁၄၉၇
- အသက် (၁) နှစ်အောက် ၂၀၉၆၇
၄။ ဆေးရုံအုပ်ကြီးများ
ဤဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးများအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူများနှင့် တာဝန်ထမ်း ဆောင်ခဲ့သောကာလများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
စဉ် အမည် တာဝန်ထမ်းကာလ
(၁) ပါမောက္ခဒေါက်တာခင်ပြုံးကြည် (၂၅-၃-၂၀၁၆) မှ (၆-၁၁-၂၀၁၇) ထိ
(၂) ဒေါက်တာဇော်လင်း (၇-၁၁-၂၀၁၇) မှ (၃၁-၁၀-၂၀၂၂) ထိ
(၃) ဒေါက်တာလွင်လွင်ဦးလှိုင် (၁-၁၁-၂၀၂၂) မှ (၃-၁၀-၂၀၂၃) ထိ
(၄) ဒေါက်တာခင်ခင်ကြီး (၄-၁၀-၂၀၂၃) မှ ယနေ့ထိ