ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး
အထူးကုပြင်ပလူနာကြည့်ရှုခြင်း အချိန်ဇယား
(၁) | ဆေးပညာအထူးကု | နံနက် | ညနေ |
တနင်္လာ | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
အင်္ဂါ | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
ဗုဒ္ဓဟူး | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
ကြာသပတေး | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
သောကြာ | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
(၂) | ခွဲစိတ်အထူးကု | နံနက် | ညနေ |
တနင်္လာ | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
အင်္ဂါ | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
ဗုဒ္ဓဟူး | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
ကြာသပတေး | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
သောကြာ | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ | |
ခွဲစိတ်အထူးကု | (၈)နာရီမှ (၁၂)နာရီ | (၂)နာရီမှ (၄)နာရီ |
(၂) ဆေးရုံသမိုင်းအကျဉ်း
ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသည် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ပြည်လမ်းထောင့်တွင်တည်ရှိပါသည်။ ဧရိယာ (၅.၁၄)ဧက ရှိပါသည်။ မြန်မာနိုင်ငံတော်အစိုးရနှင့် ဂျပန် နိုင်ငံအစိုးရတို့ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောက်လုပ်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီ လတွင် ဂျပန်အင်ဂျင်နီယာ အဖွဲ့ TODA Construction Co.,Ltdနှင့် ပြည်သူ့လုပ်ငန်း တိုင်း ဆောက်လုပ်ရေးအဖွဲ့ (၁၂) တို့ ပူးပေါင်း၍ စတင်ဆောက် လုပ်ခဲ့ပါသည်။ ၁၉၈၄ခုနှစ်၊ မတ်လ တွင် တည်ဆောက်မှုပြီးစီးခဲ့ပါသည်။ ဆောက်လုပ်ရေးကုန်ကျငွေမှာမြန်မာငွေ (၁၂၂၅သိန်း) နှင့် ညီမျှ သော ဂျပန်ယန်း(၃၅၀၀သန်း)၊ မြန်မာအစိုးရမှ ထည့်ဝင်ငွေ ( ၅၀၉သိန်း ) တန်ဘိုးငွေစုစုပေါင်း မြန်မာ ကျပ်ငွေ ( ၁၇၃၄သိန်း ) ဖြစ်ပါသည်။ (၃ .၁၀. ၁၉၈၄) ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဆေးရုံကြီး ၏ သက်တမ်းမှာ (၃၉) နှစ်ရှိပြီဖြစ်ပါသည်။ဆေးရုံကြီး စတင်ဖွင့်လှစ်စဉ် ဆေးကုသဆောင် နှင့် ခွဲစိတ်ကုသဆောင် ၊ ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုသဆောင် တို့ အဓိက ပါဝင်ခဲ့ပါသည်။ (၂၀.၁.၁၉၈၆)တွင် ခုတင်(၂၂၀)အဆင့်သို့ တိုးမြှင့်ခဲ့ပါသည်။ (၂၃.၈.၂၀၁၁)တွင် ခုတင်(၂၂၀)မှ ယခုလက်ရှိဖွဲ့စည်းပုံ ခုတင်(၂၀၀)သို့ ပြင်ဆင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဖွဲ့စည်းပုံတွင် ပါဝင်သော အဆိပ်သင့်ကုသဆောင်ကို (၂.၆.၂၀၀၃)ခုနှစ်တွင် ဤဆေးရုံ သစ်ကြီးသို့ စတင်ပြောင်းရွှေ့၍ အဆိပ်သင့် လူနာ များအားလက်ခံကုသပေးနေသည်မှာ (၂၀)နှစ်ရှိပြီ ဖြစ်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
- ဆေးရုံအုပ်ကြီးရုံးခန်း၊ 01-384494,01384495 Ext:(221)
- အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ 01-384494,01384495 Ext:(245)
- new.yangongeneralhospital@gmail.com, Fax 01-379109
အရေးပေါ်လူနာများအား နေ့စဉ်(၂၄)နာရီ လက်ခံ ကုသပေးလျက်ရှိပါသည်။
ပုံမှန်ခွဲစိတ်ကုသမှုများကို တနင်္လာ မှ သောကြာနေ့အထိ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အရေးပေါ်ခွဲစိတ်ကုသမှုများကို နေ့စဉ် (၂၄)နာရီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ Oesophagogastroduodenoscopy (OGDS) အား ကြာသပတေးနေ့တိုင်း ကြည့်ရှုကုသပေးပါသည်။