စိတ်ကျန်းမာရေးဆေးရုံကြီး၊ ရန်ကုန်မြို့

ပြင်ပလူနာအချိန်ဇယား

  ဆေးရုံအမည်  နေ့ရက်ပြင်ပလူနာ ကြည့်ရှုချိန်  စိတ်ကျန်းမာရေး အရေးပေါ်လူနာ
မနက်ပိုင်းနေ့လည်ပိုင်း
မှထိမှထိ
စိတ်ကျန်းမာရေး ဆေးရုံကြီး၊ ရန်ကုန်တနင်္လာနေ့ မှ သောကြာနေ့နံနက် ၉:၀၀ နာရီနေ့လည် ၁၂: ၀၀ နာရီနေ့လည် ၁:၀၀ နာရီညနေ ၄:၀၀ နာရီ၂၄-နာရီ ကြည့်ရှု‌ပေး ပါသည်။

စိတ်ကျန်းမာရေးဆေးရုံကြီး၊ ရန်ကုန်သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ထောင်တလုတ် ရပ်ကွက်၊ အမှတ်-၇ လမ်းမကြီးဘေးတွင် တည်ရှိပါသည်။

  • စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီးသည် ခုတင် ၁၂၀၀ ဆံ့ ကုသ‌ရေးနှင့်သင်ကြားရေးဆေးရုံကြီးအဖြစ် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံကို ဗြိတိသျှတို့တိုက်ခိုက်သိမ်းယူပြီးနောက် ၁၈၈၆ ခုနှစ်တွင် ယခင်ရန်ကုန် ထောင်ကြီးအနီးတွင် ရူးသွပ်သူများထားရန် ဌာနတစ်ခုဖွင့်ခဲ့ပါသည်။ (Lunatic Asylum) ဟု ခေါ်ဝေါ်ခဲ့ပါသည်။

၁၉၁၂ ခုနှစ် Lunacy Act အရ ၁၉၂၈ ခုနှစ်၌ ရန်ကုန်မြို့နှင့် ၈ မိုင်ခန့်ဝေးသော တံတား ကလေးကျေးရွာအနီးတွင် “တံတားကလေးအရူးထောင်” အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပြုစု စောင့်ရှောက်မှုမှာ အချုပ်ဖြင့် ထိန်းသိမ်းခဲ့ခြင်းပုံစံသာ ဖြစ်ခဲ့ပါသည်။

ကိုလိုနီခေတ်အတွင်းဖြစ်၍ သေနတ်ကိုင်ဆောင်ထားသော ဗြိတိသျှယူနီဖောင်းဝတ်ဝန်ထမ်း များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအနည်းငယ်မျှဖြင့် အကျဉ်းထောင်သဖွယ်ထားရှိခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် စိတ္တဇဝေဒနာရှင်များ ကုသရေးအလေးပေးရန် “ပြည်သူ့စိတ္တဇဆေးရုံ” အမည်သို့ ပြောင်းလဲခဲ့ပါသည်။ ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ပြီး ခေတ်မီသော ကုထုံးများဖြင့် ပြည်တွင်းတွင် ပြန်လည်ဆင့်ပွား၍ ခေတ်မီစနစ်ကျသော ဆေးဝါး ကုသမှုများကို ၁၉၆၅ ခုနှစ်တွင် စတင်နိုင်ခဲ့ပြီး “စိတ်ရောဂါအထူးကုဆေးရုံကြီး” “Psychiatric Hospital” ဟုပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ စိတ်ရောဂါသည်များအား အထူးပြုစုစောင့်ရှောက်မှု ပေးခဲ့ပါသည်။

၁၉၉၀ ခုနှစ်၊ ပြည်သူ့ကျန်းမာရေးစနစ်တွင် ပြည်သူလူထုအခြေပြု စိတ်ကျန်းမာရေးစီမံချက် ကို ထည့်သွင်းပြီး စိတ်ကျန်းမာရေးကို ဦးတည်ဆောင်ရွက်ခဲ့ပါသည်။ အရက်ဖြတ်နှင့် မူးယစ်ဆေးစွဲ လူနာများကိုလည်း ကုသပေးခဲ့ပါသည်။

          ထို့နောက် အမှတ်-၂ လမ်းမတစ်လျှောက် ၂၆ ကီလိုမီတာအကွာမှ အမှတ်-၇ လမ်းမပေါ်သို့ နောက်ထပ်-၂ မိုင်ခန့်အကွာရှိ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ဤဆေးရုံကြီးကို “စိတ်ကျန်းမာရေးဆေးရုံကြီး၊ ရန်ကုန်” (Mental Health Hospital, Yangon) အဖြစ်ဖြင့် ၁-၂-၂၀၀၂ ခုနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

  • ဆက်သွယ်ရမည့်လိပ်စာ

စိတ်ကျန်းမာရေးဆေးရုံကြီး၊ အမှတ်-၇ လမ်းမကြီးဘေး၊ ထောင်တလုပ်ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဆေးရုံအုပ်ကြီးရုံးဖုန်း                     – ၀၉ ၉၆၆၁၃၆၉၆၆

အရေးပေါ်နှင့်ပြင်ပလူနာဌာနဖုန်း      – ၀၉ ၇၇၃၂၀၅၁၄၉

အီးမေးလ်                                   – mentalhealthhospital@gmail.com

၁။      စိတ်ကျန်းမာရေးအရေးပေါ်လူနာများကို ၂၄ နာရီ စိတ်ကျန်းမာရေး စောင့်ရှောက်မှု ပေးပါသည်။

၂။       အဓိကလိုအပ်သော ဆေးဝါးများအားလုံးကို ဆေးရုံတက် အတွင်းလူနာများအားလုံးနှင့် ပြင်ပလူနာများအားလုံးအတွက် အခမဲ့ထောက်ပံ့ ပေးလျက်ရှိပါသည်။

၃။      လူနာများ၏ ကျန်းမာရေးအခြေအနေအရ လိုအပ်လျှင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်ပါက လူနာရှင် စောင့်ရှောက်ရန် လိုအပ်ပါသည်။

၄။      အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် လတစ်လ၏ နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့ နံနက် ၀၉:၀၀ နာရီမှ  နေ့လည် ၁၂:၀၀ နာရီအထိ  ရက်သတ်မှတ်၍ ကြည့်ရှုကုသပေးသည့်အပြင် ပုံမှန် ရုံးဖွင့်ရက် ပြင်ပလူနာကြည့်ရှုချိန်များတွင်လည်း ကုသမှုပေးလျက်ရှိပါသည်။

၅။      ဆေးရုံတက် အတွင်းလူနာများအတွက်  အခမဲ့အာဟာရ ကျွေးမွေးလျက်ရှိပါသည်။