အင်းစိန်အထွေထွေကုဆေးရုံကြီး

ပြင်ပလူနာကြည့်ချိန်ဇယား

နေ့ရက်ဖျားနာခွဲစိတ်သားဖွားမီးယပ်ကလေးအရိုးအကြောမျက်စိနား၊နှာခေါင်း၊လည်ချောင်းကင်ဆာ
တနင်္လာနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိ (သားဖွားလူနာသစ်)နံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ  နံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိ (လူနာသစ်)
အင်္ဂါနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိ (လူနာဟောင်း)
ဗုဒ္ဓဟူးနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိ (သားဖွားလူနာဟောင်း)နံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ  နံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ  နံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိ (လူနာဟောင်း)
ကြာသပတေးနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိ (မီးယပ်)နံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိ (လူနာသစ်)
သောကြာနံနက်(၈း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိနံနက်(၉း၀၀) နာရီမှ (၁၂း၀၀)နာရီထိ မွန်းလွဲ (၂း၀၀)နာရီမှ (၄း၀၀)နာရီထိ

ဆေးရုံသမိုင်းအကျဉ်း

၁၉၂၈ ခုနှစ်၊      ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ဆာဘိုးသာမှအုတ်မြစ်ချဆောက်လုပ်လှူဒါန်းခဲ့ပြီး ၁၉၃၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဆာဘိုးသာဆေးရုံဟုခေါ်တွင်ခဲ့ပါသည်။

၁၉၄၀   ခုနှစ်တွင် ရုံးခန်းအဆောက်အဦဆောက်လုပ်ခဲ့သည် ။

၁၉၄၅  ခုနှစ်၊  ဒီဇင်ဘာလတွင်   ခုတင်(၅၀)ဆံ့ဒေသန္တရဆေးရုံအဖြစ်သတ်မှတ်ဖွင့်လှစ်ခဲ့သည် ။

၁၉၅၂   ခုနှစ်၊ နိုင်ငံတော်အစိုးရမှ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။

၁၉၅၆  ခုနှစ်တွင် ဓါတ်မှန်ဌာန တိုးချဲ့ဖွင့်လှစ်ခဲ့သည် ။

၁၉၆၅ ခုနှစ်တွင် ခွဲစိတ်ကုသဆောင်ကို ထပ်မံဆောက်လုပ်ခဲ့ပြီး ခုတင်(၁၅၀)ဆံ့ဆေးရုံကြီးအဖြစ်

တိုးမြှင့်ခဲ့သည်။

၁၉၆၆  ခုနှစ်တွင် ဓါတ်ခွဲဌာန ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သည် ။

၁၉၇၁  ခုနှစ်တွင် သွားနှင့် ခံတွင်းရောဂါဌာန တိုးချဲ့ဖွင့်လှစ်ခဲ့သည် ။

၁၉၇၂  ခုနှစ်တွင် အကြောအဆစ်ရောဂါကုဌာန တိုးချဲ့ဖွင့်လှစ်ခဲ့သည် ။

၁၉၇၅ခုနှစ်တွင် ကိုယ်ထူကိုယ်ထ သံဃာဆေးကုသဆောင်ကို ဆောက်လုပ်ဖွင့်လှစ်ခဲ့သည် ။

၁၉၇၇  ခုနှစ်တွင် ဆေးမှတ်တမ်းဌာနကို တိုးချဲ့ဖွင့်လှစ်ခဲ့သည် ။

၁၉၉၀  ခုနှစ်တွင် သားဖွားမီးယပ်လူနာကုသဆောင်ကို ထပ်မံဆောက်လုပ်ခဲ့သည်။

၁၉၉၁ခုနှစ်တွင် ခုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ်တိုးချဲ့ဖွင့်လှစ်နိုင်ရန်(၃)ထပ်အဆောင် (အေနှင့်ဘီ) ကို

အုတ်မြစ်ချ ဆောက်လုပ်ခဲ့ပါသည် ။

၁၉၉၂  ခုနှစ်တွင် မျက်စိဌာနအား ဖွင့်လှစ်ခဲ့ပါသည် ။

၁၉၉၃  ခုနှစ်၊ ဒီဇင်ဘာလတွင် ဆေးတက္ကသိုလ်()၏ သင်ကြားရေးဆေးရုံအဖြစ် သတ်မှတ်ခဲ့ပါသည် ။

၁၉၉၆  ခုနှစ်၊ ဧပြီလ()ရက်နေ့တွင် ခုတင်(၃၀၀)ဆံ့ ဆေးရုံကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၂  ခုနှစ်တွင် နား၊ နှာခေါင်း၊ လည်ချောင်းဌာနအား တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည် ။

၂၀၁၅  ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင်  CTReceptionOxygen ဌာနတို့ကို တိုးချဲ့ခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင် ကင်ဆာဌာနကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် ()ထပ်လူနာဆောင်သစ်ကြီး ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဆာဘိုးသာဆောင်အဆောက်အဦ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး

ဤဆေးရုံကြီးကို ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် စတင်အုဋ်မြစ် ချခဲ့ပြီး(၁၉၃၀) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ဆာဖိုးသာမှ ဆောက်လုပ်လှူဒါန်း၍ ဆာဖိုးသာဆေးရုံဟု ခေါ်တွင်ခဲ့ပြီး (၁၉၃၀)ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။

(၁၉၄၁)ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြောင့် ဆေးရုံအား ခေတ္တပိတ်ထားခဲ့ရပါသည်။ (၁၉၄၅) ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စစ်ဒဏ်ကြောင့် ပျက်စီးခဲ့သော အဆောက်အဦးများကို ပြန်လည်ပြုပြင်ကာ ခုတင်(၅၀)ဆံ့ ဒေသန္တရဆေးရုံအဖြစ် သတ်မှတ်ထားရှိခဲ့ပါသည်။

၁၉၄၉ ခုနှစ် ဖေဖဝါရီလမှ မေလအထိ ပြည်တွင်းဆူပူသောင်းကျန်းမှုကြောင့် ခေတ္တပိတ်ထား ပြီး ဇွန်လတွင်ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ (၁၉၅၂)ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ မြူနီစပယ်ဒေသန္တရ ဆေးရုံအဖြစ်မှ ပြည်သူ့ဆေးရုံကြီးအဖြစ် ပြောင်းလဲသတ်မှတ်စေပြီး ခုတင်(၅၀)မှ ခုတင်(၁၀၀) အဖြစ်သို့ တိုးမြှင့်ပေးခဲ့ပါသည်။

(၁၉၅၆) ခုနှစ်တွင် ဓါတ်မှန်ဌာနအား ဖွင့်လှစ်ပေးခဲ့ပါသည်။ (၁၉၆၅)ခုနှစ်တွင် ခွဲစိပ်ကုသ ဆောင်(ယခု)အရိုးဆောင်ကို စတင်ဆောက်လုပ်ခဲ့ပြီး ခုတင်(၁၅၀)ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ခဲ့ပါ သည်။

(၁၉၆၆) တွင် ဓါတ်ခွဲဌာနဖွင့်လှစ်ခဲ့ပြီး(၁၉၆၉)တွင် ဆေးဝါးကျွမ်းကျင်သူ ခန့်ထားခဲ့ပါသည်။ (၁၉၇၁)တွင် သွားနှင့်ခံတွင်းရောဂါကုဌာနဖွင့်လှစ်ခဲ့ပြီး (၁၉၇၂)တွင် အကြောနှင့်အဆစ် ရောဂါကု ဌာန စတင်ဖွင့်လှစ်ခဲ့ပါသည်။

(၁၉၇၅) ခုနှစ်တွင် ကိုယ်ထူကိုယ်ထ သံဃာဆေးကုသဆောင် ဖွင့်လှစ်ခဲ့ပြီး (၁၉၇၇)ခုနှစ်တွင် ဆေးမှတ်တမ်းထိန်းဌာန ဖွင့်လှစ်ခဲ့ပါသည်။ (၁၉၉၀)တွင် သားဖွားနှင့် မီးယပ်လူနာကုသဆောင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

နိုင်ငံတော်အစိုးရမှ (၁၀-၁၂-၁၉၉၀)နေ့တွင် ခုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ရန် ခွင့်ပြုခဲ့ပြီး (၁၉၉၁-၁၉၉၂) ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖေါ် ဆေက်လုပ်သွားရန် လမ်းညွှန်ခဲ့ပါသည်။ ဆေးရုံသစ်ဆောက်လုပ်ရန်အတွက် ကပ်လျက်တည်ရှိသော ပြည်သူရဲတပ်ဖွဲ့ မြေနေရာအား ဆေးရုံသို့လွှဲပြောင်းပေးရန် လမ်းညွှန်ခဲ့ပါသည်။ (၂၃-၅-၁၉၉၁)နေ့တွင် အဆောင် (အေ) အား ကျန်းမာရေးဝန်ကြီးမှ အုဋ်မြစ်ချပေးခဲ့ပါသည်။

(၁၉၉၂)ခုနှစ်တွင် မျက်စိဆေးကုဌာနအား ဖွင့်လှစ်ခဲ့ပါသည်။ (၁၉၉၃)ခုနှစ် ဒီဇင်ဘာလတွင် ဆေးတက္ကသိုလ်(၂)၏ သင်ကြားရေးဆေးရုံအဖြစ် သတ်မှတ်ခဲ့ပါသည်။

(၁၉၉၅)ခု ဇူလိုင်လ(၁၂)ရက်နေ့တွင် ခုတင်(၃၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံ ကြီးအဖြစ် ခွင့်ပြုမိန့်ချမှတ်ပေးခဲ့ပြီး (၁၉၉၆)ခုနှစ်ဧပြီလ(၄)ရက်နေ့တွင် ခုတင်(၃၀၀)ဆံ့ ဆေးရုံအား စတင် ဖွင့်လှစ်ခဲ့ပါသည်။

(၂၀၁၂)ခုနှစ်တွင် နား၊နှာခေါင်း၊လည်ချောင်း ဆေးကုသဌာနအား တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် မေလ(၁၂)ရက်နေ့တွင် ကမဘ/ဃ-၁၄၁၁/၁၆၈ဖြင့်  ခုတင်(၅၀၀) ဆံ့ ဆေးရုံ အဖြစ် တိုးမြှင့်ခဲ့ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ဆေးရုံအုပ်ကြီးရုံးခန်း                     – ၀၁၃- ၆၄၂၂၇၁

အရေးပေါ်နှင့်ပြင်ပလူနာဌာန           – ၀၁၃-၆၄၃၁၃၇

အီးမေးလ်                                   – inseingeneralhospital2021@gmail.com

ဖက်စ်နံပါတ်                                – ၀၁၃ -၆၄၀၅၂၃

ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ

  • အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် အရေးပေါ်နှင့်ပြင်ပလူနာဌာနအား(၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်းနှင့် လူနာများ အချိန်မရွေးလာရောက်ဆေးကုသမှုခံယူနိုင်ပါကြောင်း၊
  • ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်း 1st Dose အား အရေးပေါ်ထိုးနှံပေးပြီး ထပ်မံထိုးနှံ ခြင်းများကို နေ့စဉ် ပိတ်ရက်မရှိ မွန်းလွဲ(၂:၀၀) မှ (၄:၀၀) ထိ ထိုးနှံပေးလျက်ရှိပါကြောင်း၊
  • ကလေးကာကွယ်ဆေးထိုးနှံခြင်းအား တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ထိုးနှံပေးလျက် ရှိပါကြောင်း၊
  • ဓါတ်မှန်ဌာနမှ ရိုးရိုးဓါတ်မှန်နှင့်ဆေးဓါတ်မှန်၊    Slice CT Scan ရိုက်ခြင်း၊ Ultrasound, Doppler Ultrasound ရိုက်ခြင်း စသည် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
  • ဓါတ်ခွဲဌာနမှ ဓါတ်ခွဲစစ်ဆေးခြင်းနှင့် သွေးလှူရှင်များမှတစ်ဆင့် လိုအပ်သောလူနာများကို သွေးများထောက်ပံ့ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
  • လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများအတွက် လိုအပ်သော ဆေးရုံသုံး၊ အသုံးအဆောင် ပစ္စည်းများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် စတိုးဆိုင် (၁)ဆိုင်ဖွင့်လှစ်ပေးထားပါကြောင်း၊
  • လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများအတွက် သင့်တင့်သော ဈေးနှုန်းဖြင့် သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ မှာယူစားသောက်နိုင်စေရန်အတွက်(Take away) စားသောက်ဆိုင်(၁)ဆိုင်၊ ကော်ဖီနှင့်မုန့်ဆိုင်(၁)ဆိုင် ဖွင့်လှစ်ထားရှိပါကြောင်း အသိပေးလိုပါသည်။