မျက်စိအထူးကုဆေးရုံကြီး၊ ရန်ကုန်

ပြင်ပလူနာကြည့်ချိန်ဇယား

ဌာန/ အထူးစမ်းသပ်ခန်းများကြည့်ရှုသည့်နေ့စွဲကြည့်ရှုသည့် အချိန်
အထွေထွေမျက်စိပြင်ပလူနာဌာနတနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနံနက် ၈နာရီခွဲ မှ ညနေ ၄နာရီ ထိ
မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါ အထူးစမ်းသပ်ခန်းတနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊သောကြာနံနက် ၈နာရီခွဲ မှ နံနက် ၁၂နာရီထိ  နေ့လည် ၁နာရီမှ ညနေ ၃နာရီ ထိ
မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနံနက် ၈နာရီခွဲ မှ နံနက် ၁၂နာရီထိ  နေ့လည် ၁နာရီမှ ညနေ ၃နာရီ ထိ
မျက်ကြည်လွှာဆိုင်ရာ မျက်စိမျက်စိအထူးစမ်းသပ်ခန်းတနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနံနက် ၈နာရီခွဲ မှ နံနက် ၁၂နာရီထိ  နေ့လည် ၁နာရီမှ ညနေ ၃နာရီ ထိ
ရေတိမ်ရောဂါ မျက်စိအထူးစမ်းသပ်ခန်းတနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနံနက် ၈နာရီခွဲ မှ နံနက် ၁၂နာရီထိ  နေ့လည် ၁နာရီမှ ညနေ ၃နာရီ ထိ
ကလေးမျက်စိရောဂါဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်းအင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနံနက် ၈နာရီခွဲ မှ နံနက် ၁၂နာရီထိ  နေ့လည် ၁နာရီမှ ညနေ ၃နာရီ ထိ
မျက်စိအတွင်းပိုင်းရောင် ရောဂါအမျိုးမျိုး မျက်စိအထူးစမ်းသပ်ခန်းကြာသပတေး၊ သောကြာနံနက် ၈နာရီခွဲ မှ နံနက် ၁၂နာရီထိ  နေ့လည် ၁နာရီမှ ညနေ ၃နာရီ ထိ
မျက်စိအတွင်းတိမ် နောက်ဆက်တွဲရောဂါအထူးစမ်းသပ်ခန်းကြာသပတေး၊ သောကြာနံနက် ၈နာရီခွဲ မှ နံနက် ၁၂နာရီထိ  နေ့လည် ၁နာရီမှ ညနေ ၃နာရီ ထိ
အရေးပေါ်ဌာနအား ၂၄နာရီ ဖွင့်လှစ်လျှက်ရှိပြီး အရေးပေါ် မျက်စိလူနာများအား အချိန်မရွေး ပြသနိုင်ပါသည်။
Online Booking System ဆောင်ရွက်လျှက်ရှိပြီး Caremebot Application ဖြင့် Messenger မှ ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး Booking အား ရယူ၍ ပြသနိုင်ပါသည်။

တည်နေရာ

          ရန်ကုန်မြို့၊ မျက်စိအထူးကုဆေးရုံကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အမှတ်(၃၀) နတ်မောက်လမ်း၊ နတ်မောက်ရပ်ကွက်တွင် တည်ရှိပါသည်။

စတင်တည်ထောင်ခဲ့သော ခုနှစ်နှင့် သမိုးအကျဉ်းချုပ်

ဤအထူးကုဆေးရုံကြီးစတင်ပေါ်ပေါက်လာပုံကို ယေဘုယျအားဖြင့် ဖေါ်ပြရမည်ဆိုလျှင် ၁၉၄၇ ခုနှစ်မှစတင်၍ ရန်ကုန်မြို့၊ ခြံအမှတ်(၆၇)၊ အလံပြဘုရားလမ်းပေါ်တွင် ယခင်ဟိုတယ် အဟောင်းကြီးတစ်ခုအား သတ္တမနေ့ဥပုသ်အသင်းမှ ၀ယ်ယူပြီး ခုတင်(၆၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံအဖြစ် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ရာ တော်လှန်ရေးကောင်စီမှ ပြည်သူပိုင်မသိမ်းမီ ကာလ အထိဖြစ်ပါသည်။

အမေရိကန်ဆေးရုံဟုလူသိများခြင်း  

ဤအထူးကုဆေးရုံကြီးအား စတင်တည်ထောင်ခဲ့ကြသော သတ္တမနေ့ဥပုသ် သာသနာပြု အသင်း ဆေးရုံတွင် တာ၀န်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၀န်ကြီးများနှင့် သူနာပြုအဖွဲ့များတွင် အမေရိကန်လူမျိုးများ ပါ၀င်ခြင်းကြောင့် ပြည်သူပိုင်မသိမ်းမီက အမေရိကန်ဆေးရုံဟု လူသိများခဲ့ပြီး ယနေ့တိုင်ပင် အမေရိကန်ဆေးရုံဟု ခေါ်တွင်သူများ ရှိသေးကြောင်းသိရှိရပါသည်။

ပြည်သူပိုင်သိမ်းခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးအစိုးရ၏ ၁၉၆၅ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့စွဲပါ ကြေညာချက် အမှတ်(၆၈)အား ရည်ညွှန်းလျက် ကျန်းမာရေးဌာန၏ ၁၉၆၅ခုနှစ်၊ ဇူလိုင်လ(၁)ရက် နေ့စွဲပါ အမိန့်ကြေညာချက် အမှတ်(၁)မဆ(တ)၆၅ အရ ၁၉၆၅ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့ နံနက် ၉နာရီအချိန်တွင် သတ္တမနေ့ဥပုသ်အသင်းဆေးရုံအား ပြည်သူပိုင်သိမ်းယူခဲ့ပါသည်။ ပြည်သူပိုင် သိမ်းသည့် နေ့မှစတင်၍ “ပြည်သူ့ဆေးရုံ (ရန်ကုန်အလယ်ပိုင်း)”ဟု ပြောင်းလဲသတ်မှတ် ခဲ့ကြပါသည်။ ပြည်သူပိုင်သိမ်းစဉ်ကပါလာသော အထွေထွေရောဂါ ကုသခြင်းဆိုင်ရာတို့ကို သက်ဆိုင်ရာ ဆေးရုံကြီးများသို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၆၅ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှ စတင်၍ ဤအထူးကုဆေးရုံကြီးအား “မျက်စိ၊နား၊  နှာခေါင်း၊လည်ချောင်း အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့” ဟု ခေါ်တွင်သတ်မှတ်ခဲ့ပါသည်။

မျက်စိနှင့်နား၊နှာခေါင်း၊လည်ချောင်းဆေးရုံသီးခြားစီဖွင့်လှစ်နိုင်ခြင်း

          မျက်စိနှင့်နား၊နှာခေါင်း၊လည်ချောင်းဆေးရုံကြီးကို အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဌ မှ   (၂၂-၆-၁၉၉၃) ရက်နေ့ တွင် ဖွင်‌လှစ်ခဲ့ပါသည်။

          (၂၆-၃-၂၀၀၀)ရက်နေ့တွင် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါအထူးကုဆေးရုံကြီးကို ဗညားဒလလမ်းနှင့် ဗျိုင်းရေအိုးစင်လမ်းဒေါင့်တွင် စတင်ဖွင့်လှစ်ချိန်မှစ၍ မျက်စိရောဂါအထူးကု ဆေးရုံကြီးအဖြစ် သီးခြားကုသမှုများပြုလုပ်ခဲ့ပါသည်။

          အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများကို မျက်စိနှင့်နား၊နှာခေါင်း၊လည်ချောင်းဆေးရုံကြီး (၂)ရုံ အား ဆေးရုံအုပ်ကြီးတစ်ဦးတည်းမှ စီမံအုပ်ချုပ်ခဲ့ပါသည်။ (၂၀-၁-၂၀၀၆)ရက်နေ့တွင် နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးအား သီးခြားဖွဲ့စည်းပုံခွင့်ပြုခဲ့သဖြင့်  မျက်စိနှင့် နား၊ နှာခေါင်း ၊ လည်ချောင်းဆေးရုံကြီး(၂)ရုံအား ဆေးရုံအုပ်ကြီး(၁)ဦးစီဖြင် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

ဆေးရုံအဆောက်အဦများ၏ရာဇဝင်

          (၁-၇-၁၉၆၅)ရက်နေ့တွင် အမှတ်(၆၇)၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်ရှိ သတ္တမနေ့ ဥပုဒ်အသင်းဆေးရုံကို နိုင်ငံတော်မှ ပြည်သူပိုင်သိမ်းခဲ့ပြီး ပြည်သူ့ဆေးရုံ(အလယ်ပိုင်း)ဟု ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ (၁-၈-၁၉၆၅)ရက်နေ့မှစ၍ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်းဆေးရုံကြီး၊ ရန်ကုန်မြို့ဟု ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

          (၂၂-၆-၁၉၉၃)ခုနှစ်တွင် မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်းဆေးရုံကြီးကို အမှတ်(၃၀)၊ နတ်မောက်လမ်း၊ နတ်မောက်ရပ်ကွက်၊ တာမွေမြို့နယ်ရှိ ဆေးရုံသစ်ကြီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး (၂၆-၃-၂၀၀၀)ရက်နေ့တွင် ဗျိုင်းရေးအိုစဉ်လမ်းတွင် နား၊နှာခေါင်း၊လည်ချောင်းဆေးရုံသစ်ကို ဖွင့်လှစ် ခဲ့သဖြင့် (၂၀-၁-၂၀၀၆)မှစ၍ မျက်စိရောဂါအထူးကုဆေးရုံကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။

ဆက်သွယ်ရမည့် လိပ်စာ

ဆေးရုံအုပ်ကြီးရုံးခန်း (ကြိုးဖုန်း)   ၀၁-၅၄၉၁၆၉

အရေးပေါ်နှင့် ပြင်ပလူနာဌာန (ကြိုးဖုန်း) ၀၁-၅၄၉၁၇၁

အီးမေးလ် – yangoneyehospitaloffice@gmail.com

ဖက်စ်နံပါတ်   ၀၁-၅၄၉၁၇၅

ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ

          ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးသည် (၂၄)နာရီ ဖွင့်လှစ်လျှက်ရှိပြီး မျက်စိဝေဒနာရှင် လူနာ များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျှက်ရှိပါသည်။ မျက်စိအတွင်းတိမ် ခွဲစိတ်မှု များအား ဆောင်ရွက်လျှက်ရှိပြီး အခြားမျက်စိရောဂါများဖြစ်သော မြင်လွှာကွာခြင်း၊ မြင်လွှာပေါက် ခြင်း၊ မျက်လုံးအိမ်နောက်ခန်းတွင်း သွေးယိုစိမ့်ခြင်းရောဂါများ ၊ မျက်ခွံနှင့်မျက်ရည်လမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ မျက်တွင်းရောင်ရောဂါများ ၊ ကလေးမျက်စိရောဂါများ၊ မျက်ကြည်လွှာဆိုင်ရာ ရောဂါများ ၊ ရေတိမ်ဆိုင်ရာရောဂါများ ၊ အတွင်းတိမ်နောက်ဆက်တွဲ ရောဂါများ၊ မျက်စိအာရုံကြော ဆိုင်ရာ ရောဂါများအား ရှာဖွေခြင်း၊ ကုသခြင်း၊ ခွဲစိတ်ခြင်းများအား သက်ဆိုင်ရာ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ ၊ လက်ထောက်ဆရာဝန်များမှ ဆောင်ရွက်ပေး လျှက်ရှိပါသည်။

          ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးတွင် မျက်ကြည်လွှာအစားထိုးကုသမှုများ ဆောင်ရွက် လျှက်ရှိပြီး မျက်ကြည်လွှာတခုလုံး အစားထိုးခြင်း၊ မျက်ကြည်လွှာအတွင်းပိုင်း အစားထိုးခြင်း၊ မျက်ကြည်လွှာအပြင်ပိုင်းအစားထိုးခြင်း၊ မျက်ကြည်လွှာဖာထေးခြင်းလုပ်ငန်းများအား One Cornea two to three patients အနေဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး၏ (၄)လွှာ C ဆောင်တွင် အမျိုးသားမျက်စိဘဏ် တည်ရှိပြီး ကြိုတင်မျက်ကြည်လွှာ လှူဒါန်းရန်အတွက် ဆန္ဒပြုသူ၏ တစ်လက်မ (၁”) ပတ်လည် အရွယ်အစား ဓါတ်ပုံ တစ်ပုံသာ လိုအပ်ပါသည်။

ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအနက်မှ တင်ပြလိုသော ဆောင်ရွက်ချက်များ (မျက်စိအထူးပြုဌာနများ)

မျက်ကြည်လွှာဆိုင်ရာ အထူးစမ်းသပ်ကုသဌာန

ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးတွင် မျက်ကြည်လွှာဆိုင်ရာ အထူးစမ်းသပ်ကုသဌာနကို တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နှင့် သောကြာ နေ့များတွင် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး ပထမထပ် တွင် ဖွင့်လှစ်ပြီး အောက်ပါရောဂါများအား ကုသမှုပေးနေပါသည်။

မျက်ကြည်လွှာ ပိုးဝင်အနာများ

မျက်ရည်ခမ်းခြောက်ခြင်း နှင့် ဓါတ်မတည့်မှုများ

ထိခိုက်ဒါဏ်ရာ နှင့် ပိုးဝင်ခြင်း တို့ကြောင့် မျက်ကြည်လွှာ အနာရွတ်များ

မျက်ကြည်လွှာ ပါးလွှာရောဂါ နှင့် အမြင်အား မှုန်ဝါးခြင်းများ

အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူပြီး မျက်ကြည်လွှာ ရောင်ရမ်းခြင်းများ

ခွဲစိတ်ရန် လိုအပ်သည့် မျက်ကြည်လွှာရောဂါများကို ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့ များတွင် သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ခွဲစိတ်ပေးနေပါသည်။

မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါ အထူးစမ်းသပ်ခန်း

          မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါ အထူးစမ်းသပ်ခြင်း များအား တနင်္လာ မှ သောကြာနေ့အထိ နံနက် (၈:၃၀)နာရီမှ ညနေ (၄:၀၀)နာရီထိ မျက်စိ အထူးကုဆေးရုံကြီး၏ မြေညီထပ် C ဆောင်တွင် ဖွင့်လှစ်ထားပြီး အောက်ပါရောဂါများအား ကုသမှု ပေးနေပါသည်။

  • မျက်ခွံတွဲကျခြင်း
  • မျက်ခမ်းအတွင်းဝင်ခြင်း
  • မျက်ခမ်းအပြင်လန်ခြင်း
  • မျက်ခွံအဖုအကျိတ်များ
  • မျက်ရည်လမ်းကြောင်းပိတ်ခြင်းရောဂါများ
  • မျက်စိအကျိတ်အဖုရောဂါများ
  • မျက်စိထိခိုက်ဒဏ်ရာရောဂါများ
  • ခွဲစိတ်ရန် လိုအပ်သည့် မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိ ရောဂါများအား အင်္ဂါနေ့ နှင့် ကြာသပတေးနေ့ များတွင် သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ခွဲစိတ်ပေးနေပါသည်။

ရေတိမ်ရောဂါ မျက်စိအထူးစမ်းသပ်ခန်း

          ရေတိမ်ရောဂါ မျက်စိအထူးစမ်းသပ်ခန်း အား တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေး နံနက် (၈:၃၀)နာရီမှ ညနေ (၄:၀၀)နာရီထိ မျက်စိအထူးကုဆေးရုံကြီး၏ မြေညီထပ် C ဆောင်တွင် ဖွင့်လှစ်ထားပြီး ရေတိမ်ရောဂါများအား မျက်စဉ်းများပေးခြင်း၊ လေ  ဆာပစ်ခြင်းနှင့် ခွဲစိတ်ကုသမှု ပြုလုပ်ခြင်း ဆောင်ရွက်ပေးနေပါသည်။  ရေတိမ်ရောဂါကြောင်း မျက်စိအာရုံကြော ထိခိုက်ပြီး မျက်စိကွယ်နိုင်သည့် အတွက် ရေတိမ်ရောဂါအား အချိန်မှီကုသရန် လိုအပ်ပါသည်။ ယခုအခါ ရေတိမ်ရောဂါလူနာ များပြားလာသောကြောင့် ရေတိမ်ရောဂါ မျက်စိအထူးစမ်းသပ်ခန်းတွင်  သက်ဆိုင်ရာ အထူးကုဆရာဝန်များမှ ကြည့်ရှုကုသမှုပေးနေပါသည်။ မျက်စိအမြင်အာရုံ ရုတ်တရက် မှုံ၍ ကိုက်ပါက ရေတိမ်ရောဂါဖြစ်နိုင်၍ အရေးပေါ်ပြသသင့်ပါသည်။

မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း     

          မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်းအား တနင်္လာ မှ သောကြာနေ့ အထိ နံနက် (၈:၃၀)နာရီမှ ညနေ (၄:၀၀)နာရီထိ မျက်စိအထူးကုဆေးရုံကြီး၏ ပထမထပ် C ဆောင်တွင် ဖွင့်လှစ်ထားပြီး အောက်ပါရောဂါများအား ကုသမှုပေးနေပါသည်။

– မြင်လွှာကွာခြင်း

– မျက်စိနောက်ခန်းတွင်း သွေးယိုခြင်းအမျိုးအမျိုး

– ဆီးချိုနောက်ဆက်တွဲ ဆိုးကျိုးနှင့် အခြားသော ရောဂါကြောင့်ဖြစ်သော မြင်လွှာကွာခြင်းများ

– အမြင်လွှာဗဟိုချက်တွင် အပေါက်ဖြစ်ခြင်း

– အမြင်လွှာ အလယ်တွင် အမှေးပါးများ ဖုံးနေခြင်း

– အတွင်းတိမ်ခွဲစိတ်ခြင်းတွင် နောက်ဆက်တွဲ ဆိုးကျိုးရရှိပြီး မျက်တွင်းမှန်ဘီလူး မျက်စိ  

   နောက်ခန်း သို့ ပြုတ်ကျခြင်း

– မျက်စိခွဲစိတ်ပြီးနောက် ပိုးဝင်ခြင်း

– ထိခိုက်မှုကြောင့် မျက်စိနောက်ခန်းသို့ သံစနှင့်အခြားပစ္စည်းများ ဝင်ရောက်သွားခြင်း စသည့် ရောဂါများအား သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ခွဲစိတ်ကုသမှုပေးလျှက်ရှိပါသည်။

ကလေးမျက်စိရောဂါဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း

          ကလေးမျက်စိရောဂါဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်းအား အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များ တွင်  နံနက် (၈:၃၀)နာရီမှ ညနေ်(၄:၀၀)နာရီထိ မျက်စိအထူးကုဆေးရုံကြီး၏ ပထမထပ် D ဆောင်တွင် ဖွင့်လှစ်ထားပြီး အောက်ပါရောဂါများအား ကုသမှုပေးနေပါသည်။

  • ကလေးမျက်စိစွေစောင်းရောဂါများ
  • မွေးရာပါ ကလေးမျက်စိရောဂါများ
  • မြင်လွှာကင်ဆာရောဂါများ
  • မွေးရာပါအတွင်းတိမ်ရောဂါ
  • ထိခိုက်အတွင်းတိမ်ရောဂါ
  • မွေးကင်းစ ကလေးမြင်လွှာသွေးကြောပွားရောဂါ တို့အား စမ်းသပ်ခြင်းများ၊ကုသခြင်းများ၊ ခွဲစိတ်ခြင်းများအား သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

မျက်စိအတွင်းတိမ် နောက်ဆက်တွဲရောဂါအထူးစမ်းသပ်ခန်း နှင့်

မျက်စိအတွင်းပိုင်းရောင် ရောဂါအမျိုးမျိုး မျက်စိအထူးစမ်းသပ်ခန်း

          မျက်စိအတွင်းတိမ် နောက်ဆက်တွဲရောဂါအထူးစမ်းသပ်ခန်း နှင့် မျက်စိအတွင်းပိုင်းရောင် ရောဂါအမျိုးမျိုး မျက်စိအထူးစမ်းသပ်ခန်းအား ကြာသပတေးနေ့နှင့် သောကြာနေ့တွင်  နံနက် (၈:၃၀)နာရီမှ ညနေ (၄:၀၀)နာရီထိ မျက်စိအထူးကုဆေးရုံကြီး၏ မြေညီထပ် C ဆောင်တွင် ဖွင့်လှစ်ထားပြီး အောက်ပါရောဂါများအား ကုသမှုပေးနေပါသည်။

– မျက်တွင်းမှန်ဘီလူးထည့်၍ မရသောလူနာများ၊ မျက်တွင်းမှန်ဘီလူး ဆိုင်းကြိုးပြုတ်နေသော လူနာများအား ခေတ်မှီနည်းပညာဖြင့် မှန်ဘီလူး ပြန်လည်ထည့်ပေးခြင်း

-ကိုယ်ခံအား ကျဆင်းသော ရောဂါများနှင့် သွေးလေးဖက်နာရောဂါများကြောင့် နောက်ဆက်တွဲဖြစ်သော မျက်တွင်းရောင်ရောဂါများအား ကုသပေးခြင်း အား သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ကုသပေးလျှက်ရှိပါသည်။