ကလေးဆေးရုံကြီး၊ နေပြည်တော်

ပြင်ပလူနာကြည့်ရက်အကြောင်းအရာအချိန်
အရေးပေါ်နှင့်ပြင်ပလူနာကုသခြင်း(၂၄)နာရီ ပိတ်ရက်မရှိ
တနင်္လာနေ့အထူးကုပြင်ပလူနာကုသခြင်းနံနက်(၉)နာရီမှ (၁၂)နာရီ
နေ့လည် (၂)နာရီမှ (၄)နာရီ
အင်္ဂါနေ့အထူးကုပြင်ပလူနာကုသခြင်းနံနက်(၉)နာရီမှ (၁၂)နာရီ
နေ့လည် (၂)နာရီမှ (၄)နာရီ
ဗုဒ္ဓဟူးနေ့အထူးကုပြင်ပလူနာကုသခြင်း
ဆေးရုံအခြေပြုကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်း
နံနက်(၉)နာရီမှ (၁၂)နာရီ
နေ့လည် (၂)နာရီမှ (၄)နာရီ
ကြာသပတေးနေ့အထူးကုပြင်ပလူနာကုသခြင်း
ကလေးဆီးချိုရောဂါကုသခြင်း
နံနက်(၉)နာရီမှ (၁၂)နာရီ
နေ့လည် (၂)နာရီမှ (၄)နာရီ
သောကြာနေ့အထူးကုပြင်ပလူနာကုသခြင်း
ART ဆေးပေးခြင်း
နံနက်(၉)နာရီမှ (၁၂)နာရီ
နေ့လည် (၂)နာရီမှ (၄)နာရီ

နေပြည်တော်ကလေးရောဂါအထူးကုဆေးရုံကြီးစတင်တည်ထောင်ခြင်းအကျဉ်းချုပ်

နေပြည်တော်ကလေးရောဂါအထူးကုဆေးရုံကြီးသည် ဥတ္တရခရိုင်၊ဥတ္တရသီရိမြို့ နယ်၊ဇဝနသိဒ္ဓိ ရပ်ကွက်၊ သီရိရတနာလမ်းတွင် တည်ရှိပါသည်။နေပြည်တော် ကလေးရောဂါအထူးကု ဆေးရုံကြီးအား ( ၅. ၂ .၂၀၁၁) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး၊ (၂၈.၂.၂၀၁၅) ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ပြင်ပလူနာများအား (၄.၁၂.၂၀၁၅)ရက်နေ့တွင် စတင်ကြည့်ရှုကုသပေးခဲ့ပြီး၊အတွင်းလူနာများအား (၁.၁၁.၂ဝ၁၆) ရက်နေ့တွင် စတင်ကုသပေးနိုင်ခဲ့ပါသည်။

၂။ ဆေးရုံ၏မြေဧရိယာအကျယ်အဝန်း

  • 6800
  • ၄.၇၉၀ ဧကခန့်

ရေရရှိမှု နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဖြန့်ဝေပေးသောရေဖြင့်သုံးစွဲလျက်ရှိပါသည်။

လျှပ်စစ်မီးရရှိမှု – (၂၄)နာရီ ရရှိသုံးစွဲလျက်ရှိပါသည်။

၃။ ဆေးရုံ၏ အဆောက်အဦးများ

(၁) အုပ်ချုပ်မှုဆောင်

(၂) အရေးပေါ်နှင့်ပြင်ပလူနာဌာန

(၃) ဓါတ်မှန်နှင့်ဓါတ်ခွဲဌာန

(၄) ခွဲစိတ်ခန်း

(၅) ကလေးကုသဆောင်

(၆) တိုးချဲ့နှစ်ထပ် လူနာဆောင်(မွေးကင်းစကလေးကုသဆောင်)

(၇) လူနာစောင့်များနားနေဆောင်

(၈) ခန်းမ

(၉) ၆ ခန်းတွဲ (၄)ထပ် အရာထမ်း ဝန်ထမ်း အိမ်ရာ (၁)လုံး

(၁ဝ) ၆ ခန်းတွဲ (၄)ထပ် အမှုထမ်း ဝန်ထမ်း အိမ်ရာ (၁)လုံး

(50) Isolation Ward

(2) Oxygen plant

(၁၃) ဆေးစတို

၄။ လွှမ်းခြုံနိုင်သော ဧရိယာများမှာ – တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့ နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏမြို့နယ် ၊ ဇေယျာသီရိမြို့နယ် ၊ ပုဗ္ဗသီရိမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ရေတာရှည်မြို့နယ် ၊တောင်ငူမြို့ နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးမြို့တို့ ဖြစ်ပါသည်