ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး၊ မန္တလေးမြို့

ပြင်ပလူနာကုသပေးသောအချိန်ဇယား

(က)    အထွေထွေရောဂါကုပြင်ပလူနာအချိန်ဇယား

အထွေထွေရောဂါကုပြင်ပလူနာဌာနတနင်္လာနေ့ မှ သောကြာနေ့အထိ (နံနက်(၈)နာရီ မှ နေ့လယ် (၁၂) နာရီ အထိ) (နေ့လယ်(၁)နာရီ မှ ညနေ(၄)နာရီ အထိ)

အရေးပေါ်ပြင်ပလူနာဌာနကို နေ့စဉ် (၂၄)နာရီ ဖွင့်လှစ်ပါသည်။

(ခ)     အထူးကုပြင်ပလူနာအချိန်ဇယား

ကလေးအာရုံကြောဆေးကုပြင်ပလူနာဌာနကြာသပတေးနေ့၊ သောကြာနေ့ (နံနက်(၈)နာရီ မှ နေ့လယ် (၁၂) နာရီ အထိ) (နေ့လယ်(၁)နာရီ မှ ညနေ(၄)နာရီ အထိ)
ကလေးနှလုံးဆေးကုပြင်ပလူနာဌာနဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့ (နံနက်(၈)နာရီ မှ နေ့လယ် (၁၂) နာရီ အထိ) (နေ့လယ်(၁)နာရီ မှ ညနေ (၄) နာရီ အထိ)

ကလေးကာကွယ်ဆေးထိုးလုပ်ငန်း

          အပတ်စဉ် အင်္ဂါနေ့ ၊ သောကြာနေ့ (နံနက် (၉) နာရီမှ နေ့လယ် (၂) နာရီအထိ)

ဆေးရုံတည်နေရာ

          ၁။ ၆၆ လမ်း x ၆၈ လမ်းကြား၊ ၂၇ လမ်းx ၂၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်

ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး၊မန္တလေးသည် ယခင်က တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲသိပ္ပံ ကျောင်း နေရာဖြစ်ပြီး ၂၀၁၀ခုနှစ်၊ မတ်လ(၂၄)ရက်နေ့မှ စတင်၍ ကျန်းမာရေးဝန်ကြီးဌာနသို့ အဆောက်အဦများ လွှဲပြောင်းပေးခဲ့ပါသည်။အစိုးရအဖွဲ့ရုံး မန္တလေးတိုင်း၏ (၁၆.၆.၂၀၁၀) ရက်စွဲပါ စာအမှတ် – ၅/၁၂၆/အဖရ(၆/၂၀၁၀-၈၈) အရ ၂၀၁၀ ခုနှစ် ၊  ဇွန်လ (၂၂)ရက်နေ့မှ စတင်၍ မန္တလေး ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံသစ် တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ ၂၀၁၁ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ တွင် ဆေးရုံသစ်ဖွင့်ပွဲနှင့် ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။

ဆက်သွယ်ရမည့်လိပ်စာ      

(၁)     ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း)                 – ၀၂- ၄၀၂၄၉၁၆

(၂)      အရေးပေါ်နှင့်ပြင်ပလူနာဌာန(ကြိုးဖုန်း)       – ၀၂-၄၀၂၄၉၁၇၊ ၀၉-၉၆၆၁၅၆၈၅၄

(၃)     Email : 550mchoffice.mdy@gmail.com

(၄)     Fax  : 02-4024916