ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး ရန်ကုန်မြို့

ရန်ကုန်မြို့၊ခုတင်(၅၀၀)အထူးကုဆေးရုံကြီးပြင်ပလူနာကြည့်ရှု့မှုအချိန်ဇယား

စဉ်ပြင်ပလူနာကြည့်ရှုသည့်ရက်အထူးကုဌာနနံနက်ပိုင်း နေ့လည်ပိုင်းနေရာ
တနင်္လာနေ့အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်ကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၄)ထပ်ဆောင်၊ ပြင်ပလူနာဌာန
တနင်္လာနေ့အရိုးအကြောအဆစ်ဆေးပညာ(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၆)ထပ်ဆောင်၊ ပြင်ပလူနာဌာန
တနင်္လာနေ့အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိအကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန
အင်္ဂါနေ့အဆုတ်နှင့်ရင်ခေါင်းဆေးကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၄)ထပ်ဆောင်၊ ပြင်ပလူနာဌာန
အင်္ဂါနေ့အသည်းဆေးကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၄)ထပ်ဆောင်၊ ပြင်ပလူနာဌာန
အင်္ဂါနေ့ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၆)ထပ်ဆောင်၊ ပြင်ပလူနာဌာန
အင်္ဂါနေ့အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိအကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန
အင်္ဂါနေ့ဆီးနှင့်ကျောက်ကပ်ဆေးကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိဆီးနှင့်ကျောက်ကပ်ဆေးကုဌာန (မြေညီထပ်)
အင်္ဂါနေ့Follow Up For Renal Transplant(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိဆီးနှင့်ကျောက်ကပ်ဆေးကုဌာန (မြေညီထပ်)
၁၀ဗုဒ္ဓဟူးနေ့အသည်းခွဲစိတ်ကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၆)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၁၁ဗုဒ္ဓဟူးနေ့အသည်းဆေးကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၄)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၁၂ဗုဒ္ဓဟူးနေ့ဆီးနှင့်ကျောက်ကပ်ဆေးကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၆)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၁၃ဗုဒ္ဓဟူးနေ့အရိုးအကြောအဆစ်ဆေးပညာ(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၆)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၁၄ဗုဒ္ဓဟူးနေ့အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိအကြောအဆစ်နှင့်ကိုယ်အင်္ဂါ
၁၅ကြာသပတေးနေ့အသည်းခွဲစိတ်ကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၆)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၁၆ကြာသပတေးနေ့အသည်းဆေးကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၄)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၁၇ကြာသပတေးနေ့အဆုတ်နှင့်ရင်ခေါင်းစိတ်ကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၄)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၁၈ကြာသပတေးနေ့အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိအကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန
၁၉သောကြာနေ့အဆုတ်နှင့်ရင်ခေါင်းဆေးကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၄)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၂၀သောကြာနေ့ဆီးနှင့်ကျောက်ကပ်ဆေးကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၆)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၂၁သောကြာနေ့ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကု(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိ(၆)ထပ်ဆောင်၊ ပြင်ပလူနာဌာန
၂၂သောကြာနေ့အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး(၉)နာရီမှ (၁၂)နာရီအထိ(၁)နာရီမှ (၃)နာရီအထိအကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန

ခုတင်(၅၀၀)အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့

၁။      ဆေးရုံတည်နေရာ

          ခုတင်(၅၀၀)အထူးကုဆေးရုံကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ပြည်လမ်းမကြီးဘေးတွင် တည်ရှိသည်။

၂။      စတင်တည်ထောင်ခဲ့သော ခုနှစ်

          ၅.၈.၂၀၁၄

၃။      သမိုင်းအကျဉ်းချုပ်

          ဆေးရုံကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (၇၄-၈၄) ဝန်းအတွင်းရှိ ဌာနပိုင်မြေအဖြစ် (၁.၈၉)ဧက ကျယ်ဝန်းသည်။ ယခင်စွမ်းအင်ဝန်ကြီးဌာန   အဆောက်အဦးများကို ဆေးရုံအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြုပြင်မွမ်းမံရန် ဆောက်လုပ်ရေး ကုမ္ပဏီ (၄)ခုဖြစ်သည့် ရွှေတောင်ကုမ္ပဏီ၊ Golden Flower Co.,Ltd၊ Original Group Co နှင့် A1 Co တို့ (၈.၇.၂၀၁၁)ရက်နေ့တွင် စတင်လုပ်ငန်းအပ်နှံခဲ့ပါသည်။

          ၁၈.၇.၂၀၁၁    –       ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ စွမ်းအင်ဝန်ကြီးဌာနမှ အဆောက်အဦးနှင့် မြေလွှဲပြောင်းပေးအပ်

          ၂၄.၄.၂၀၁၃    –       ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ခုတင်(၅၀၀)ဖွဲ့စည်းရန် ခွင့်ပြုချက်ရရှိ

          ၂.၆.၂၀၁၃      –       ဆောက်လုပ်ရေးကုမ္ပဏီ (၄)ခုမှ ပြုပြင်ပြီး လွှဲပြောင်းပေးအပ်

          ၁.၁.၂၀၁၄      –       ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ် ကြီးမှ ဝန်ထမ်း၊ ဆေးဝါးပစ္စည်းနှင့် ဌာနများစတင်ပြောင်းရွှေ့

          ၁၀.၄.၂၀၁၄    –       ခွဲစိတ်ခန်းများ အဆင့်မြှင့်တင်မွမ်းမံမှုပြီးစီး၊ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု စတင်ဆောင်ရွက်၊ အသည်းအစားထိုး ခွဲစိတ်ကုသမှု စတင်ဆောင်ရွက်

          ၃၀.၆.၂၀၁၄    –       ဌာနများအားလုံး ပြောင်းရွှေ့မှုပြီးစီး

          ၅.၈.၂၀၁၄      –       ဆေးရုံကြီးဖွင့်ပွဲ အခမ်းအနားပြုလုပ်

          ၄.၁၀.၂၀၁၅    –       (၆)ထပ်ဆောင်နှင့် OT Complex အသစ်စတင်ဆောက်လုပ်

          ၇.၁၁.၂၀၁၇    –       အဆောင်သစ်ဖွင့်ပွဲ  အခမ်းအနားပြုလုပ်

          ၂၀၁၉            –       (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာစတင်ဆောက်လုပ်

          ၂၀၁၉-၂၀၂၀   –       လူနာစောင့်နားနေဆောင် ကျား/မ ဆောက်လုပ်ခြင်းလုပ်ငန်း

                             –       မော်တော်ယာဉ်ရပ်နားနေရာ (၁၀)ခန်းတွဲ ပြုလုပ်ခြင်းလုပ်ငန်း

          ၂၀၂၀-၂၀၂၁    –       Negative Pressure Operation Theater ပြုလုပ်ခြင်း လုပ်ငန်း (၃၀ပေ x ၁၇ပေ)၊

                             –       (၂)ထပ်ဆောင် Isolation Unit (Chest Medical Ward) ပြုလုပ်ခြင်း လုပ်ငန်း)

၄။      ဆက်သွယ်ရမည့်လိပ်စာ

          ဆက်သွယ်ရမည့်လိပ်စာ    –     အမှတ်(၇၄/၈၀)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်

          ဆေးရုံအုပ်ကြီးရုံးခန်း        –    ၀၁-၂၃၀၁၆၂၀၊ ၀၁-၂၃၀၁၆၂၄၊ ၀၁-၂၃၀၁၆၂၅

          Email                           –    yangon500bedded@gmail.com

          Fax                              –    ၀၁-၂၃၀၁၆၃၅

ပြည်သူလူထုသို့ အသိပေးလိုသော အချက်များ

(၁)     ဆီးနှင့်ကျောက်ကပ်ဆေးကုဌာနတွင် ကျောက်ကပ်သန့်စင်များဆောင်ရွက်ရာ၌ အတွင်း လူနာအားလုံးနှင့် ပြင်ပလူနာများကို တစ်နေ့လျှင် (1) Section ဖြင့် (၁၅)ဦးမှ (၂၀)ဦးခန့် ဆောင်ရွက်ပေးနေပြီး ကြာသပတေးနေ့တိုင်း (2) Sections ဆောင်ရွက်၍ Waiting List လျှော့နည်းစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို လစဉ် (၂)တွဲနှုန်းဖြင့် ခွဲစိတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂)      ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုဌာနအနေဖြင့် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းတစ်လျှောက် ကျောက်တည်သည့်ရောဂါများ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါ များ၊ ဆီးကျိတ်ရောဂါနှင့် ဆီးလမ်းကြောင်းတစ်လျှောက်ပိတ်ဆို့မှုဆိုင်ရာ ရောဂါများ၊ မွေးရာပါကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများကို နောက်ဆုံးပေါ်ကိရိယာ များဖြင့် ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၃)     အသည်းရောဂါပညာဌာနအနေဖြင့် ဘီပိုး၊ စီပိုး၊ အရက်ကြောင့်ဖြစ်သော အသည်းရောဂါ များ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ ရုတ်တရက်အသည်းရောင် ရောဂါများ၊ သည်းခြေလမ်းကြောင်းနှင့် ပတ်သက်သော ရောဂါများကို ကုသပေးလျက်ရှိပါ သည်။

(၄)     အသည်းခွဲစိတ်ကုဌာနတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု (၁၈.၁၂.၂၀၂၃)ရက်နေ့တွင် Seoul National University Hospital, Korea မှ ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး (၃)လလျှင် (၂)တွဲ နှုန်းဖြင့် ဆက်လက်၍ ပူးပေါင်းခွဲစိတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၅)     အဆုတ်နှင့်ရင်ခေါင်းဆေးကုဌာနအနေဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုး အား ကုသပေးလျက်ရှိပြီး ပုံမှန်နေ့စဉ်ဆေးကုသမှုလုပ်ငန်းများအပြင် အဆုတ်အတွင်းသို့ မှန်ပြောင်းဖြင့်ကြည့်ရှု့ကုသခြင်း (Flexible Bronchoscopy) အဆုတ်အမှေးပါးအတွင်းသို့ မှန်ပြောင်းကြည့်ရှု့ကုသခြင်း (Medical Pleuroscopy) နှင့် အဆုတ်၏ အသက်ရှုအား တိုင်းတာခြင်းအမျိုးမျိုး (Lung Function Tests) အိပ်စက်ချိန်တွင် ဖြစ်တတ်သော အသက် ရှုလမ်းကြောင်း ပိတ်ဆို့မှု့အား စမ်းသပ်စစ်ဆေးခြင်း (Sleep Study) စသည်တို့အား ပြုလုပ် ပေးလျက်ရှိပါသည်။

(၆)     အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်ကုဌာနအနေဖြင့် OGDS, Pleural biopsy, Pieurodesis, Feeding Gastrostomy, FBS, ICD စသည့်ရောဂါများကို ကုသပေးလျက်ရှိပါသည်။

(၇)     အရိုးအကြောအဆစ်ဆေးပညာဌာနအနေဖြင့် ဆေးသွင်းကုသရန် လိုအပ်သောလူနာများ အတွက် Immuno Suppressive Therapy ကို အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း နေ့စဉ်ဖွင့်လှစ်ထားပါသည်။

(၈)     ဓာတ်မှန်ဌာန၌ Interventional Radiology Procedure များကို အပတ်စဉ် သောကြာနေ့ တိုင်း ပြုလုပ်ပေးလျက်ရှိပါသည်။

(၉)     ဓာတ်ခွဲဌာန၌ ဆေးရုံတက်ရောက်ကုသနေသော အတွင်းလူနာများအတွက် အသားစ စစ်ဆေးမှုအပါအဝင် ဓာတ်ခွဲစစ်ဆေးမှုများကို (၂၄)နာရီ ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက် ရှိပါသည်။

(၁၀)   ဆေးရုံအထောက်အကူပြုဆေးဆိုင်ကို (၇.၁၁.၂၀၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး လူနာ များ ဆေးဝါးများဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။