Training on Promoting Rational Use of Medicines and Good Prescribing Practices to Health Care Professionals သင်တန်းပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါး စီမံချက် မှ WHO နှင့်ပူးပေါင်း၍ Training on Promoting Rational Use of Medicines and Good Prescribing Practices to Health Care Professionals (Batch-1) အား သင်တန်းကာလ (၂)ရက်ဖြင့် (၃၀-၁၀-၂၀၂၄)ရက်နေ့နှင့်(၃၁-၁၀-၂၀၂၄)ရက်နေ့တို့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင်  ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့် ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင် နေကြသော လက်ထောက်ဆရာဝန် (၂၉) ဦးအား Training on Promoting Rational Use of Medicines and Good Prescribing Practices to Health […]

Intra Oral Camera (Scanner) အသုံးပြုပုံနှင့် CAD-CAM Machine တို့တွဲဖက်အသုံးပြုပုံလက်တွေ့သင်တန်းပို့ချခြင်းအခမ်းအနားကျင်းပခြင်း

Intra Oral Camera (Scanner) အသုံးပြုပုံ နှင့် CAD-CAM Machine တို့ တွဲဖက်အသုံးပြုပုံ လက်တွေ့သင်တန်းပို့ချခြင်း အခမ်းအနားကျင်းပခြင်း နေပြည်တော်၊၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်၊စနေနေ့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော Intra Oral Camera (Scanner) အသုံးပြုပုံနှင့် CAD-CAM Machine တို့ တွဲဖက်အသုံးပြုပုံလက်တွေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊သွားနှင့်ခံတွင်းအထူးကုဆေးရုံ၌ ကျင်းပပြုလုပ်ရာ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများမှ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန်များ သင်တန်းသား စုစုပေါင်း(၂၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ကုသရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားရာ တွင်  ဗဟိုအဆင့်ဆေးရုံများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများတွင် Digital Dentistryကို […]

သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အခမ်းအနားနှင့် သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အခမ်းအနားနှင့် သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း ၁၀-၁၀-၂၀၂၄၊ နေပြည်တော်            ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင် ဗဟိုအဆင့်ဆေးရုံကြီး များနှင့် တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံများမှ သူနာပြုကြီး(၁၄၈)ဦးတို့အား သူနာပြုစုမှုဆိုင်ရာစီမံခန့်ခွဲ မှုသင်တန်းအခမ်းအနားနှင့် သစ်လွင်သူနာပြုခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ပါ သည်။ ယင်းနေ့တွင်ပင် သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့တွင် သူနာပြုသိပ္ပံဘွဲ့ရ သစ်လွင် သူနာပြု(၁၄၆)ဦးအား တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားများကို တစ်ပြိုင်တည်း ကျင်းပပြုလုပ်ပါသည်။

ကုသရေးဦးစီးဌာနနှင့် Japan Heart တို့ပူးပေါင်းစီစဉ်သည့်နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအားခွဲစိတ်ကုသခြင်းစာတွေ့၊ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် Japan Heart တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်းစာတွေ့၊ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:၀၀)နာရီတွင် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  OSAKA UNIVERSITY မှ Professor Mikihiko kogo နှင့် အဖွဲ့ဝင်များ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများမှ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန်များ သင်တန်းသား စုစုပေါင်း(၃၁)ဦးတို့ တက်ရောက် ခဲ့ပါသည်။ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားရာ တွင် ၂၀၁၂ခုနှစ်မှစတင်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သော Japan Heart အဖွဲ့၏ ပူးပေါင်းကူညီဆောင်ရွက်မှုများကြောင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျေးဇူးတင်အသိအမှတ်ပြု ပါကြောင်း ဗဟိုအဆင့်ဆေးရုံများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများတွင် နှုတ်ခမ်းကွဲ၊ […]

သွားတုဆိုင်ရာလက်ထောက်ကျွမ်းကျင် (ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲ ခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့           ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သွားတုဆိုင်ရာလက် ထောက်ကျွမ်းကျင် သင်တန်း(ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈: ၀၀)နာရီ တွင် သွားနှင့်ခံတွင်းအထူးကုဆေးရုံ(နေပြည်တော်)၊ သင်တန်းခမ်းမ၌ ကျင်းပပြုလုပ်ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အထူးကုဆရာဝန်များ၊ သင်တန်းနည်း ပြများ၊  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။           အခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဆိုပါ သင်တန်း၏ရည်ရွယ်ချက်များအနေဖြင့် ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ဆေးရုံများရှိ သွားနှင့်ခံတွင်းဆေးကုသဌာနများတွင် အများပြည်သူများကို သွားကျန်းမာရေး ဝန်ဆောင်မှုများ အရည်အသွေးပြည့်မီစွာကုသပေးနိုင်ရန် (Digital Dentistry) နည်းပညာများဖြင့် ကုသပေးနိုင်ရန်ရည်ရွယ်ပြီး သင်ကြားရေးဆိုင်ရာအတတ်ပညာများကို အခြေခံကျကျ တတ်မြောက် စေရန်၊ […]