Training on Promoting Rational Use of Medicines and Good Prescribing Practices for Health Care Professionals (Batch-2 & Batch-3) သင်တန်းပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါး စီမံချက်မှ WHOနှင့် ပူးပေါင်း၍ Training on Promoting Rational Use of Medicines and Good Prescribing Practices for Health Care Professionals (Batch-2 & Batch-3) သင်တန်းများကို ရန်ကုန်မြို့၊ Park Royal Hotel တွင် ပြုလုပ်ခဲ့ရာ Batch -2 ၌ သင်တန်းသား (၄၅)ဦး ပါဝင်ပြီး သင်တန်းကာလ(၂)ရက်ဖြင့် (၂၆-၁၁-၂၀၂၄)ရက်နေ့ နှင့် (၂၇-၁၁-၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ Batch-3 ၌ သင်တန်းသား (၄၅)ဦး ပါဝင်ပြီး သင်တန်းကာလ (၂)ရက်ဖြင့် (၂၈-၁၁-၂၀၂၄) ရက်နေ့ နှင့် (၂၉-၁၁-၂၀၂၄)ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းများတွင် […]
Refresher Training for Medical Social Workers သင်တန်းကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် WHO အဖွဲ့နှင့် ပူးပေါင်း၍ Refresher Training for Medical Social Workers သင်တန်းကို ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ (၂) တွင် (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၂၂-၁၁-၂၀၂၄) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်း (၄၂) ဦးနှင့် လမ်းခရီးအခြေအရ ကိုယ်တိုင်သင်တန်းလာ မတက်နိုင်သော ဆေးလူမှုဆက်ဆံရေးဝန်ထမ်း (၁၀) ဦးတို့အား Zoom Meeting ဖြင့် Online သင်တန်းပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀-၁၁-၂၀၂၄) ရက်နေ့တွင် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှာစကားတွင် ဆေးရုံ၏ Quality ရရှိရန်နှင့် Capacity ပြင်မည်ဟု ဆုံးဖြတ်မည်ဆိုလျှင် အဓိကဆောင်ရွက်ရ မည်မှာ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအနေနှင့် […]
Training on Promoting Rational Use of Medicines for Pharmacists သင်တန်းပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါးစီမံချက် မှ WHO နှင့်ပူးပေါင်း၍ Training on Promoting Rational Use of Medicines for Pharmacists (Batch-1) နှင့် (Batch-2) သင်တန်း များအား သင်တန်းကာလ (၂)ရက်စီဖြင့် Batch-1 သင်တန်းအား သင်တန်းသား (၄၀)ဦးဖြင့် (၂၄-၁၀-၂၀၂၄) ရက်နေ့နှင့် (၂၅-၁၀-၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ Batch-2 သင်တန်းအား သင်တန်းသား (၃၀)ဦးဖြင့် (၁၃-၁၁-၂၀၂၄) ရက်နေ့နှင့် (၁၄-၁၁-၂၀၂၄) ရက်နေ့တွင် လည်းကောင်း မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေကြသော ဆေးဘက်ကျွမ်း ကျင်(၂)(ဆေးဝါး) (၇၀)ဦးအား Training on […]
Training on Promoting Rational Use of Medicines and Good Prescribing Practices to Health Care Professionals သင်တန်းပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါး စီမံချက် မှ WHO နှင့်ပူးပေါင်း၍ Training on Promoting Rational Use of Medicines and Good Prescribing Practices to Health Care Professionals (Batch-1) အား သင်တန်းကာလ (၂)ရက်ဖြင့် (၃၀-၁၀-၂၀၂၄)ရက်နေ့နှင့်(၃၁-၁၀-၂၀၂၄)ရက်နေ့တို့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့် ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင် နေကြသော လက်ထောက်ဆရာဝန် (၂၉) ဦးအား Training on Promoting Rational Use of Medicines and Good Prescribing Practices to Health […]
Intra Oral Camera (Scanner) အသုံးပြုပုံနှင့် CAD-CAM Machine တို့တွဲဖက်အသုံးပြုပုံလက်တွေ့သင်တန်းပို့ချခြင်းအခမ်းအနားကျင်းပခြင်း

Intra Oral Camera (Scanner) အသုံးပြုပုံ နှင့် CAD-CAM Machine တို့ တွဲဖက်အသုံးပြုပုံ လက်တွေ့သင်တန်းပို့ချခြင်း အခမ်းအနားကျင်းပခြင်း နေပြည်တော်၊၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်၊စနေနေ့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော Intra Oral Camera (Scanner) အသုံးပြုပုံနှင့် CAD-CAM Machine တို့ တွဲဖက်အသုံးပြုပုံလက်တွေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊သွားနှင့်ခံတွင်းအထူးကုဆေးရုံ၌ ကျင်းပပြုလုပ်ရာ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများမှ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန်များ သင်တန်းသား စုစုပေါင်း(၂၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ကုသရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားရာ တွင် ဗဟိုအဆင့်ဆေးရုံများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများတွင် Digital Dentistryကို […]