ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)(၆)လသင်တန်းများပြီးမြောက်ခြင်းနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားများကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ  ဗဟိုအဆင့်ဆေးရုံကြီးများ၊တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ဆေးရုံများတွင်ခန့်ထားသော ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)များ ကိုစာတွေ့(၄)လ၊လက်တွေ့(၄)လ စုစုပေါင်း(၆)လသင်တန်းပေးခြင်းကို တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများအစီအစဥ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်းတွင် သင်တန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများနှင့် ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီး၊ပြည်သူ့ဆေးရုံကြီးများ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကချင်ပြည်နယ်တွင် (၉)ဦး၊ ကယားပြည်နယ်တွင် (၄)ဦး၊ ချင်းပြည်နယ်တွင်(၁၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်(၂၁)ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၂၁)ဦး၊ မွန်ပြည်နယ်တွင် (၁၁)ဦး၊ ရခိုင်ပြည်နယ်တွင်(၁၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၅၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင်(၂၈)ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်(၄၃)ဦး စုစုပေါင်း သင်တန်းသား/သူ (၂၄၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားများဆောင်ရွက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်) နှင့် ရှမ်းပြည်နယ် (အရှေ့)တို့တွင် သင်တန်းများဆောက်ရွက်နေဆဲဖြစ်ပါသည်။ စဉ် တိုင်းဒေသကြီး/ပြည်နယ် သင်တန်းဖွင့်လှစ်သောဆေးရုံ/ဌာန တက်ရောက်သင်တန်းသား […]

ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်)(၆)လသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်/ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီး(၁၂)ရုံတွင်  ဆေးဘက်ကျွမ်းကျင် (၃)(ဓာတ်မှန်) (၆)လသင်တန်းများကို (၅-၅-၂၀၂၅) ရက်နေ့မှ (၅-၁၁-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ဗဟိုအဆင့်ဆေးရုံကြီး(၈)ရုံနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(၄)ရုံတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား / သူ  (၂၈၉) ဦးတို့ တက်ရောက်ခဲ့ ကြပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် သက်ဆိုင်ရာဆေးရုံကြီးများ၌ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့ လက်ပံတန်းမြို့နယ်ဆေးရုံနှင့် ပြည်မြို့နယ်ရှိ သန္တာဆောင် Facility Quarantine Center တို့သို့ ကွင်းဆင်းသွားရောက်ခြင်း

ပဲခူး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ လ (၃၁)ရက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၃၀-၁၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းအဖွဲ့သည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်း၊ ပြည်သူ့ကျန်းရေးပညာရှင် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားမှုများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၎င်းတို့၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ခြင်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ပံတန်းမြို့နယ်ဆေးရုံ၏ COVID-19 ရောဂါ သံသယလူနာများနှင့် အတည်ပြု လူနာများ ကုသပေးနေမှု၊ ခွဲစိတ်ခန်းပါ တိုးချဲ့၂-ထပ်ဆောင် တည်ဆောက်နေမှု၊ ၃-ထပ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဆောက်လုပ်မည့်မြေနေရာ တို့သို့ […]

ကုသရေးဦးစီးဌာနမှ ချင်းပြည်နယ်ဆေးရုံများသို့ သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့နယ်ဆေးရုံနှင့် တွန်းဇံမြို့နယ်ဆေးရုံတို့အား ခုတင်အဆင့်မြှင့်တင်နိုင်ရန်ကိစ္စနှင့်ပတ်သက်၍ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း) ဦးဆောင်၍ ဒေါက်တာတင်မောင်ဆွေ၊ ညွှန်ကြားရေးမှူး(ဝယ်ယူရေး)၊ ဒေါက်တာမေလင်းထွန်း၊လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်း)နှင့် ဦးကျော်ဇောဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာBME)တို့ပါဝင်သောအဖွဲ့သည် (၂၀-၈-၂၀၂၀) ရက်နေ့မှ (၂၃-၈-၂၀၂၀) ရက်နေ့အထိ ချင်းပြည်နယ်သို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး အနေဖြင့် Both Clients and Provider’s Satisfaction ရရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ လူနာများ၊ လူနာရှင်များအပါအဝင် ဒေသခံပြည်သူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ဆေးရုံဝန်ထမ်းများ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်လေးစားမှု ပိုမိုတိုးတက်ရရှိစေရန်အတွက် ဆေးရုံဝန်ထမ်းများ၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီးအား (၂-၁-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအလှူပွဲကြီးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များ၊ လူနာရှင်များ၊ လူနာများစုစုပေါင်း (၁၀၀၀)ဦးခန့် ကြွရောက်ချီးမြှင့်ခဲ့ကြရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုအုပ်ကြီးနှင့် […]