ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းလမ်းညွှန်(SOP/၂၀၂၄)ပါလုပ်ငန်းများ အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်သွားရန် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ကုသရေးဦးစီးဌာနမှဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်(SOP)ပါ လုပ်ငန်းများ အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်သွားရန် ညှိနှိုင်း အစည်းအဝေးကိုနေပြည်တော်၊ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင်(၂၆-၂-၂၀၂၆) ရက်နေ့မှ (၂၇-၂- ၂၀၂၆) ရက်နေ့ထိ (၂)ရက် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ကုသရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု)နှင့် တိုင်း ဒေသကြီး /ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီးများမှ လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု) များ၊ ဆေးလူမှုဆက်ဆံရေးအရာရှိများစုစုပေါင်း(၈၀) ဦး တက်ရောက်ခဲ့ကြပြီး ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝန်ထမ်းရေးရာ) ဒေါက်တာအောင်ငွေစံ မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ (၂)ရက်ကြာ ညှိနှိုင်းဆွေးနွေးပွဲတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ) ဒေါက်တာရွယ်နုနုခင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်တို့မှ အစည်းအဝေး တက်ရောက် လာကြသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအား SOPပါလုပ်ငန်းအကြောင်းအရာများကို Case Management Process, SOPစာအုပ်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းများကို Power Point Presentations, […]
၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် e-Government သင်တန်းဆောင်ရွက်ခြင်း

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ e-Government သင်တန်းကို ဗဟိုအဆင့်ဆေးရုံကြီးများအတွက် (၁၉-၁-၂၀၂၆)ရက်နေ့မှ (၂၃-၁-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ အရာထမ်း/အမှုထမ်း (၆၀)ဦး တက် ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အောက်ရှိ ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများအတွက် (၂၆-၁-၂၀၂၆) ရက်နေ့မှ (၃၀-၁-၂၀၂၆) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၅၄)ဦး၊ စုစုပေါင်းသင်တန်းသား/သူ အရာထမ်း/ အမှုထမ်း (၁၁၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်မည့် Power BI Software အသုံးပြုပုံနှင့် Advance Microsoft Excel အသုံးပြုပုံတို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ တက်ရောက်လာကြသော သင်တန်းသား/သူအရာထမ်းများ မေးမြန်းကြသော မေးခွန်းများကိုလည်း သက်ဆိုင်ရာ […]
ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)(၆)လသင်တန်းများပြီးမြောက်ခြင်းနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားများကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဗဟိုအဆင့်ဆေးရုံကြီးများ၊တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ဆေးရုံများတွင်ခန့်ထားသော ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)များ ကိုစာတွေ့(၄)လ၊လက်တွေ့(၄)လ စုစုပေါင်း(၆)လသင်တန်းပေးခြင်းကို တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများအစီအစဥ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်းတွင် သင်တန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများနှင့် ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီး၊ပြည်သူ့ဆေးရုံကြီးများ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကချင်ပြည်နယ်တွင် (၉)ဦး၊ ကယားပြည်နယ်တွင် (၄)ဦး၊ ချင်းပြည်နယ်တွင်(၁၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်(၂၁)ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၂၁)ဦး၊ မွန်ပြည်နယ်တွင် (၁၁)ဦး၊ ရခိုင်ပြည်နယ်တွင်(၁၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၅၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင်(၂၈)ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်(၄၃)ဦး စုစုပေါင်း သင်တန်းသား/သူ (၂၄၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားများဆောင်ရွက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်) နှင့် ရှမ်းပြည်နယ် (အရှေ့)တို့တွင် သင်တန်းများဆောက်ရွက်နေဆဲဖြစ်ပါသည်။ စဉ် တိုင်းဒေသကြီး/ပြည်နယ် သင်တန်းဖွင့်လှစ်သောဆေးရုံ/ဌာန တက်ရောက်သင်တန်းသား […]
ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်)(၆)လသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်/ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီး(၁၂)ရုံတွင် ဆေးဘက်ကျွမ်းကျင် (၃)(ဓာတ်မှန်) (၆)လသင်တန်းများကို (၅-၅-၂၀၂၅) ရက်နေ့မှ (၅-၁၁-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ဗဟိုအဆင့်ဆေးရုံကြီး(၈)ရုံနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(၄)ရုံတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား / သူ (၂၈၉) ဦးတို့ တက်ရောက်ခဲ့ ကြပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် သက်ဆိုင်ရာဆေးရုံကြီးများ၌ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့ လက်ပံတန်းမြို့နယ်ဆေးရုံနှင့် ပြည်မြို့နယ်ရှိ သန္တာဆောင် Facility Quarantine Center တို့သို့ ကွင်းဆင်းသွားရောက်ခြင်း

ပဲခူး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ လ (၃၁)ရက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၃၀-၁၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းအဖွဲ့သည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်း၊ ပြည်သူ့ကျန်းရေးပညာရှင် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားမှုများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၎င်းတို့၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ခြင်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ပံတန်းမြို့နယ်ဆေးရုံ၏ COVID-19 ရောဂါ သံသယလူနာများနှင့် အတည်ပြု လူနာများ ကုသပေးနေမှု၊ ခွဲစိတ်ခန်းပါ တိုးချဲ့၂-ထပ်ဆောင် တည်ဆောက်နေမှု၊ ၃-ထပ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဆောက်လုပ်မည့်မြေနေရာ တို့သို့ […]
