နေပြည်တော်တွင် Training of Social Mentorship on Gender Based Violence Sector for Medical Social Workers သင်တန်းကျင်းပ

နေပြည်တော်တွင် Training of Social Mentorship on Gender Based Violence Sector for Medical Social Workers သင်တန်းကျင်းပ နေပြည်တော်၊ မတ်လ (၂၈) ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် Akhaya (Women Myanmar) တို့ ပူးပေါင်း၍ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ဆေးရုံများမှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့အား Training of Social Mentorship on Gender Based Violence Sector for Medical Social Workers သင်တန်းကို (၂၈-၃-၂၀၁၉)ရက်နေ့မှ (၂၉-၃-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန/ […]

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊မီးလောင်ဒဏ်ရာ၊ လည်ပင်းကြီး၊ အဖုအကျိတ် လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုများကို (၁၀-၂-၂၀၁၉) ရက်နေ့မှ (၁၅-၂-၂၀၁၉)ရက်နေ့အထိဆောင်ရွက်ပေးခဲ့ရာ ပဲခူးမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ လူနာ (၁၆၂)ဦး လာရောက်ပြသခဲ့ကြပြီးလူနာ (၇၉)ဦးအား အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စည်ပင်/သစ်တော ဝန်ကြီးဒေါက်တာစောညိုဝင်း၊ အတွင်းရေးမှုး ဦးတိုးဝင်းတို့မှ လူနာများအား လာရောက်ကြည့်ရှုအားပေးခြင်း၊ ခွဲစိတ်ကုသမည့်အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့တို့အားတွေ့ဆုံနှုတ်ဆက်ခြင်း၊ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား တွေ့ဆုံအားပေးခြင်း ၊ လူနာများအတွက်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါအထူးကုအဖွဲ့သည် (၁၃-၂-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် […]

စေတနာရှင်များမှ လာရောက်လှူဒါန်းကျွေးမွေးခဲ့သော အဟာရဒါန

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရှိ လူနာများသို့ စေတနာရှင်များမှ လာရောက်လှူဒါန်းကျွေးမွေးခဲ့သော အဟာရဒါန ကျွေးမွေးခြင်း အစီအစဉ် (၄.၂.၂၀၁၉ မှ ၁၇.၂.၂၀၁၉ နေ့အထိ) လာရောက်လှူဒါန်းကြသော အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။