ကုသရေးဦးစီးဌာန၏ Knowledge Sharing Session ပြုလုပ်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၇)ရက် ကုသရေးဦးစီးဌာန၏ Knowledge Sharing Session အား ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ကုသရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်နောဆောကပေါနှင့် Bloomberg မှ Dr. နန်းစုဝါတို့မှ “ Civil Registration and Vital Statistics in Myanmar နှင့် Medical Certification of Cause of Death ” ခေါင်းစဉ်တို့အား ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ကုသရေးဦးစီးဌာန၏ Lunch Time Talk ပြုလုပ်ကျင်းပ

ကုသရေးဦးစီးဌာန၏ Lunch Time Talk ပြုလုပ်ကျင်းပ နေပြည်တော်၊ မတ်လ(၁)ရက် ကုသရေးဦးစီးဌာန၏ “Lunch Time Talk” အား ၂၀၁၉ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကုသရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ကြပြီး ဒေါက်တာမင်းဟံသာထွန်း၊ လက်ထောက်ဆရာဝန်(စစ်ဆေးရေး)မှ “ Digital Health ” ခေါင်းစဉ်အား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များပါဝင်ဆွေးနွေးခဲ့ကြပါသည်။  

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှ ဦးဆောင်သောအဖွဲ့သည် (၃-၃-၂၀၁၉)ရက်နေ့ နံနက် (၁၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အစည်းအဝေးခန်းမတွင် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ၊ တိုက်နယ်ဆေးရုံ(၃)ရုံမှ တာဝန်ခံဆရာဝန်များနှင့် တွေ့ဆုံအမှာစကားပြော ကြားခြင်း၊ ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေး လုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Work) ဆောင်ရွက်ပြီးစီးခြင်း

နေပြည်တော်၊ မတ်လ (၅)ရက် ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုတင် ၁၅၀ ဆံ့ ပြည်သူ့ဆေးရုံများနှင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲ (မြန်မာပြည်အောက်ပိုင်း)ကို (၁-၃-၂၀၁၉)ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုကျင်းပပြုလုပ်သော ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲကို (၂၀၁၉)ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါ သည်။ အခမ်းအနားအား အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဒေါက်တာထွန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံ အုပ်များ၊ လက်ထောက်ဆေးရုံအုပ်များ၊ […]

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား

  ရန်ကုန်၊ ဖေဖော်ဝါရီလ (၁၇)ရက်   ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က – • ရန်ကုန်တိုင်းဒေသကြီးရှိ ဒေသန္တရ ကျန်းမာရေးဌာန (၂၉)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန (၉၁)ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှု ဆေးပေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုနှင့် အခြေခံကျန်းမာရေးပညာရှင်များကို သင်တန်းများ အကြိမ်ကြိမ်ပေးအပ်၍ ပြင်ဆင်ဆောင်ရွက်ခဲ့မှု များကိုလည်းကောင်း၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးနိုင်လင်းဦးနှင့် မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူသက် တို့က – • မိမိတို့ ကျန်းမာရေး ဌာနများတွင် ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးစမ်းသပ်ကုသမှု ဆေးပေးခန်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၁)မှ ဂုဏ်ထူးဆောင်ပါမောက္ခ […]