ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုဆောင်ရွက်ခြင်:

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၂-၁၂-၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး)အတွက် ဆရာ/ဆရာမများ(၁၈၀-ဦး)အား အသိပညာပေးဆင့်ပွားသင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် (၃-၁၂-၂၀၁၉) ရက်နေ့တွင် အ.ထ.က(၂) ကျိုင်းတုံမြို့ရှိ ဆရာ၊ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွ သွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ စုစုပေါင်း(၂၄၀)ဦးအား လိုအပ်သည့် ဆေးကုသမှု များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။  

ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြား ရေးမှူး(စီမံကိန်း)၊ ဒေါက်တာရဲမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးကုသရေးဉီးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ဒေါက်တာနှင်းမြိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)နှင့် ဒေါ်စန္ဒီမွန်၊ အငယ်တန်းအင်ဂျင်နီယာ(၂)တို့ပါဝင်သော အဖွဲ့ဝင်များသည် (၂၈-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ဆေးရုံအား ခုတင်(၅၀)ဆံ့ဆေးရုံမှ ခုတင်(၁၀၀)ဆံ့ဆေးရုံသို့ အဆင့်မြှင့်တင်ရန်နှင့် စိုင်ကောင်းကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ အင်းကန် ကျေးရွာ၊ သားမျှားကျေးရွာတို့တွင် တိုက်နယ်ဆေးရုံများ ဖွင့်လှစ်ပေးရန် တင်ပြတောင်းခံခြင်းအပေါ် မြေပြင်တွေ့ရှိချက် များအား စိစစ်သုံးသပ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ဆေးရုံ ခုတင်အဆင့်မြှင့်တင်ရန်နှင့် တိုက်နယ်ဆေးရုံအသစ်တိုးချဲ့ဖွင့်လှစ်နိုင်ရန် လိုအပ်သည့်အခြေခံမူများနှင့် ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေး ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံရပ်မိရပ်ဖများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ‌ တွေ့ဆုံညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။   […]

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့်အဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းစီမံချက်ကို ဆက်လက်ဆောင်ရွက် ခဲ့ရာ (၂၃-၁၁-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၌ ရန်ကုန်မြို့ပေါ်ရှိဆေးရုံကြီး ၆ ရုံမှ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။   ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင်နှင့် တက်ရောက်လာသူများက – ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပါသည်။    ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၄-၁၁-၂၀၁၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး […]

ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (World Antibiotics Awareness Week – WAAW) အထိမ်းအမှတ်အခမ်းအနားရန်ကုန်မြို့တွင် ကျင်းပပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာလ (၂၂)ရက် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Hotel Melia၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်း ထွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ညွှန်ကြားရေးမှူးချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်၊ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ်Dr. Stephan Paul Jost […]