မန္တလေးတိုင်းဒေသကြီးတွင် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးလုပ်ဆောင်ခြင်း

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာ ဌာနခွဲ၏ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သွားနှင့်ခံတွင်းဆရာဝန်များနှင့် ပူးပေါင်းကာ နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာတွင် (၁၅-၂-၂၀၂၀) ရက်နေ့၌ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများစစ်ဆေးကုသပေးခြင်းများ ပြုလုပ်ကာ စုစုပေါင်း (၁၈၂)ဦးအား လိုအပ်သည့်ဆေးကုသမှုများကို အခမဲ့ကွင်းဆင်းကုသပေးခဲ့ပါသည်။
ကချင်ပြည်နယ်တွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးလုပ်ဆောင်ခြင်း

ကချင်ပြည်နယ်၊ နောင်မွန်းမြို့၊ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ မိုးလုံးထွန်းလင်းအောင် ဦးဆောင်မှုဖြင့် နောင်မွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး) ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ (၁၀-၂-၂၀၂၀) ရက်နေ့တွင် ရပ်ဘော့၊ (၁၁-၂-၂၀၂၀) ရက်နေ့တွင် နောင်မွန်၊ (၁၃-၂-၂၀၂၀) ရက်နေ့တွင် ကဆန်ခူးနှင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် ဂတ်ထု ရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအား သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်း သင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများ ကွင်းဆင်း ကုသပေးခဲ့ပါသည်။
မန္တလေးတိုင်းတွင်Electronic Monthly Implementation Reporting System သင်တန်းကျင်းပပြုလုပ်ခြင်း
ကုသရေးဦးစီးဌာန ၊ ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ငွေစာရင်းကိုင် ဝန်ထမ်းများအား ( ၁၉ – ၁ – ၂၀၂၀ ) မှ ( ၂၄ – ၁- ၂၀၂၀ ) အထိ ( ၆ ) ရက် တိုင်အောင် Refresher Training များ ကျင်းပပြုလုပ်ခဲ့ပါသည်။
2019 nCoV လက်ကမ်းစာစောင်
သွားကျန်းမာရေးအတွက် အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ခြင်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၁၁-၁-၂၀၂၀)ရက်နေ့တွင် အထူးဒေသ(၄)၊ မိုင်းလားမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများမှ ဆရာ/ဆရာမများ (၁၅၀-ဦး)အား ကျောင်းကျန်းမာရေးလှုပ်ရှားမှု(သွားကျန်းမာရေး)အတွက် အသိပညာပေး ဆင့်ပွား သင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့် ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။
