ပြည်သူ့ဆေးရုံများတွင် mohs mail များအသုံးပြုနိုင်ရန် email လျှောက်ထားခြင်း
Loading…
SOP နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ Summit Parkview Hotel ၌ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးကို မူကြမ်းပြင်ဆင်ပြီးသော ဘာသာရပ်အလိုက် SOP နှင့် Guideline များကို သုံးသပ်၍ ပြင်ဆင်ရန်၊ […]
စဝ်စံထွန်းဆေးရုံကြီးတွင် COVID-19 ပညာပေးအစီအစဉ်များပြုလုပ်ကျင်းပခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် လူနာနှင့်လူနာစောင့်များအား Mask စနစ်တကျ တပ်ဆင်ခြင်း၊ ဖြုတ်ခြင်း၊ စွန့်ပစ်ခြင်းများနှင့် COVID-19 နှင့်ပတ်သက်သော ပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးခရီးစဉ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှသည် (၂၁-၂-၂၀၂၀) ရက်နေ့၊ ညနေ(၄:၀၀) နာရီတွင် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့၌ တာဝန်ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ COVID-19 အတွက် Hospital Preparedness အခြေအနေကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။ (၂၂-၂-၂၀၂၀)ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ခရိုင်ပြည်သူ့ဆေးရုံ၊ သရက်မြို့သို့ ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဝန်ထမ်းများ ရုံးတက်/ရုံးဆင်း လက်မှတ် ထိုးရန်၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is medicine) ဖြစ်သဖြင့် လိုက်နာ ဆောင်ရွက်ရန်၊ အင်္ဂလိပ်စာ တိုးတက်ရေး […]
ကျိုင်းတုံမြို့တွင် “ Electronic Monthly Implementation Reporting System Refresher Training ”ကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ (ဘဏ္ဍာရေးဌာနခွဲ)မှ ကမ္ဘာ့ဘဏ်အဖွဲ့နှင့်အတူ (၂၀၁၉-၂၀၂၀) ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့တွင် “ Electronic Monthly Implementation Reporting System Refresher Training ” ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်နယ် ပြည်သူ့ကျန်းမာရေး / ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးမြင့်ကျော် မှ အဖွင့် အမှာစကားပြောကြားပြီး ဒေါ်မေမြတ်ထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ကုသရေးဦးစီးဌာန (ရုံးချုပ်)၊ ဘဏ္ဍာရေးဌာနခွဲမှ လုပ်ငန်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အကျဉ်းကို ပြောကြားခဲ့ ပါသည်။ ထို့နောက် သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများက ကိုယ်တိုင်မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဒေါ်မြြမစီ(ကမ္ဘာ့ဘဏ်) မှ ဌစလချုပ်စာရင်းများကို Computer ဖြင့် စာရင်း ရေးသွင်းရာတွင် ဆောင်ရွက်ရမည့် Process အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသော စာရင်းကိုင်များအားလုံး […]
