မန္တလေးတိုင်းတွင်Electronic Monthly Implementation Reporting System သင်တန်းကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန ၊ ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ငွေစာရင်းကိုင် ဝန်ထမ်းများအား ( ၁၉ – ၁ – ၂၀၂၀ ) မှ ( ၂၄ – ၁- ၂၀၂၀ ) အထိ ( ၆ ) ရက် တိုင်အောင် Refresher Training များ ကျင်းပပြုလုပ်ခဲ့ပါသည်။

သွားကျန်းမာရေးအတွက် အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၁၁-၁-၂၀၂၀)ရက်နေ့တွင် အထူးဒေသ(၄)၊ မိုင်းလားမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများမှ ဆရာ/ဆရာမများ (၁၅၀-ဦး)အား ကျောင်းကျန်းမာရေးလှုပ်ရှားမှု(သွားကျန်းမာရေး)အတွက် အသိပညာပေး ဆင့်ပွား သင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့် ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှုခြင်း

ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ သည် မွန်ပြည်နယ် ကုသရေးဦးစီးဌာနမှူးနှင့်အတူ (၁၉-၁-၂၀၂၀) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဆေးရုံ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။  ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) က ပြောကြားရာတွင် ဆေးရုံများအနေဖြင့် Patient Safety ကို ဦးစားပေးဆောင်ရွက်သွားစေလိုကြောင်း၊ အခြေခံ အရေးပေါ်ဆေးဝါးများ မပြတ်လပ်စေရန် အထူးဂရုထားကြစေလိုကြောင်း၊ ဆေးရုံတက်ရောက် လူနာများအား ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို သေချာစွာ ရှင်းပြစေလိုကြောင်း၊ ဝန်ထမ်းများအား Communication Skills ကောင်းမွန်စေလိုကြောင်း၊ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် နှစ်ထပ်လူနာဆောင်အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက် များတောင်းခံ၍ လမ်းညွှန်မှုခံယူရန် ပြောကြားဆွေးနွေးပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာသီတာလှသည် တောင်စွန်းတိုက်နယ်ဆေးရုံနှင့် ဇုတ်သုတ်တိုက်နယ် […]

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်:

ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် သည် ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာစောသက်လျာအောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၁၀-၁-၂၀၂၀) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး) ကုသရေးဦးစီးဌာန၌ ခရိုင်နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင် က –ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများလုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများသက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၁၁-၁-၂၀၂၀) ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်အတူ သီပေါမြို့နယ်ပြည်သူ့ဆေးရုံနှင့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံများ သို့ ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။