တင်ဒါပိတ်သိမ်းမည့်ရက်ပြောင်းလဲကြောင်းကြေငြာခြင်း

(၂၀၂၃-၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီး ဌာန၊ကုသရေးဦးစီးဌာနသည် ပြည်သူ့ ဆေးရုံများအတွက် လိုအပ်သော ကင်ဆာဆေးဝါးများအားဝယ်ယူရန် အိတ်ဖွင့်တင်ဒါအမှတ်-3DMS/ 2023-2024(L) ဖြင့် တင်ဒါခေါ်ယူခဲ့ရာတင်ဒါပိတ်သိမ်းမည့်ရက်အား အောက်ပါအတိုင်း ပြောင်းလဲ ပိတ်သိမ်းမည်ဖြစ်ပါကြောင်းကြေငြာအပ်ပါသည်။တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ မူလတင်ဒါပိတ်သိမ်းမည့်ရက် – (၂၁-၄-၂၀၂၃) ရက်၊ မွန်းတည့် (၁၂: ၀၀)နာရီ ပြောင်းလဲသတ်မှတ်သည့်တင်ဒါပိတ်သိမ်းရက် – (၂၈-၄-၂၀၂၃) ရက်၊ မွန်းတည့်(၁၂:၀၀)နာရီ ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၆၇-၃၄၁၁၅၄၄၊ ၀၆၇-၃၄၁၁၆၃၄ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ကုသရေးဦးစီးဌာနကျန်းမာရေးဝန်ကြီးဌာန

Envelope-B ဖွင့်ဖောက်စစ်ဆေးမည့် ရက်နှင့် နေရာ ကြေငြာခြင်း

(၂၀၂၃-၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦးစီးဌာနမှ ခေါ်ယူထားသော 1DMS/2023-2024(L)၊ 2DMS/2023-2024(L) နှင့်3DMS/2023-2024(L) တင်ဒါ များအား (၂၈-၄-၂၀၂၃) ရက်နေ့(သောကြာနေ့)၊ မွန်းတည့်(၁၂:၀၀) နာရီတိတိတွင် ပိတ်သိမ်းမည် ဖြစ်ပြီး အဆိုပါတင်ဒါများ၏ Envelope-B တွင်ပါဝင်ရမည့် စာရွက်စာတမ်းများ ပြည့်စုံမှု ရှိ/ မရှိ ဖွင့်ဖောက်စိစစ်ခြင်းအခမ်းအနားကိုအောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။ ကုသရေးဦးစီးဌာန –အစည်းအဝေးခန်းမ(သုံးထပ်ဆောင်သစ် အပေါ်ထပ်) အသေးစိတ်အား အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ဆက်သွယ်ရန်ဖုန်းနံပါတ် – 067-3411544 / 067-3411634