သူနာပြုအုပ်ကြီးရာထူး(၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀)နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးသို့ ခေတ္တတွဲဖက်တာဝန်ချထားခြင်း(၂/၄/၂၀၂၀)

covid 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ရန်ကုန်တိုင်းဒေသကြီးသို့ အင်အားဖြည့်တင်းခြင်း

Covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အဆိုပြုဆရာဝန်များအား စေလွှတ်ခြင်း(၃) ၂၆-၃-၂၀၂၀

covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မိမိဆန္ဒအလျောက် အဆိုပြုသူစာရင်း(၂၅-၃-၂၀၂၀)

နေပြည်တော် ၂၅-၃-၂၀၂၀ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျရာတာဝန်ထမ်းဆောင်ရန် မိမိဆန္ဒအလျောက် အဆိုပြုနိုင်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၄-၃-၂၀၂၀ ရက်နေ့တွင် ကြေငြာခဲ့ပါသည်။ လက်ရှိကာလ ၂၅-၃-၂၀၂၀ နေ့လည် (၁၂:၀၀) နာရီ အချိန်အထိ လျှောက်ထားသူ စုစုပေါင်း ၁၀၆၀ ဦးခန့်ကို ရရှိပြီးဖြစ်ပါသည်။ ထို့ပြင် စဉ်ဆက်မပြတ် ဆက်လက်လျှောက်ထားလျှက်လည်း ရှိပါသည်။ သို့ဖြစ်ပါသဖြင့် covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျရာတာဝန်ထမ်းဆောင်ရန် မိမိဆန္ဒအလျောက် အဆိုပြုလာသော ကျန်းမာရေးဝန်ထမ်းအသီးသီးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါသည်။