Training on Promoting Rational Use of Medicines for Pharmacists သင်တန်းပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါးစီမံချက် မှ WHO နှင့်ပူးပေါင်း၍ Training on Promoting Rational Use of Medicines for Pharmacists (Batch-1) နှင့် (Batch-2) သင်တန်း များအား သင်တန်းကာလ (၂)ရက်စီဖြင့် Batch-1 သင်တန်းအား သင်တန်းသား (၄၀)ဦးဖြင့် (၂၄-၁၀-၂၀၂၄) ရက်နေ့နှင့် (၂၅-၁၀-၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ Batch-2 သင်တန်းအား သင်တန်းသား (၃၀)ဦးဖြင့် (၁၃-၁၁-၂၀၂၄) ရက်နေ့နှင့် (၁၄-၁၁-၂၀၂၄) ရက်နေ့တွင် လည်းကောင်း မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းများတွင်  ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေကြသော ဆေးဘက်ကျွမ်း ကျင်(၂)(ဆေးဝါး) (၇၀)ဦးအား Training on […]

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၂၄-၂၀၂၅)ခု၊ဘဏ္ဍာရေးနှစ်တွင် ဆေးရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းအတွက်ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တင်ဒါအမှတ်- 20DMS/2024-2025(L) ဖြင့် တင်ဒါခေါ်ယူအပ်ပါသည်။တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။