ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး အနေဖြင့် Both Clients and Provider’s Satisfaction ရရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ လူနာများ၊ လူနာရှင်များအပါအဝင် ဒေသခံပြည်သူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ဆေးရုံဝန်ထမ်းများ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်လေးစားမှု ပိုမိုတိုးတက်ရရှိစေရန်အတွက် ဆေးရုံဝန်ထမ်းများ၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီးအား (၂-၁-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအလှူပွဲကြီးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များ၊ လူနာရှင်များ၊ လူနာများစုစုပေါင်း (၁၀၀၀)ဦးခန့် ကြွရောက်ချီးမြှင့်ခဲ့ကြရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုအုပ်ကြီးနှင့် […]
Symposium on Patient Safety ကျင်းပပြုလုပ်ခြင်း
(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃)ရက်မှ (၁၇)ရက်အထိ ကျင်းပ ပြုလုပ်လျက်ရှိရာ ညီလာခံ၏ ဆွေးနွေးပွဲတစ်ခုအဖြစ် Symposium on Patient Safety ကို ဆေးသုတေသနဦးစီးဌာန၊ Auditorium 2 ၌ ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက် (၉:၃၀)နာရီမှ မွန်းလွဲ (၁၂:၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်တို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ခွဲစိတ်) ပါမောက္ခဒေါက်တာအေးမွန်က Surgical Safety အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်(ဓာတ်ခွဲ) ဒေါက်တာခင်ချစ်က Medication Safety ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ […]
အကြံပေးအတိုင်ပင်ခံ(၂)ဦး ခန့်အပ်ခြင်း
ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်နှင့် Unicef (Myanmar)တို့ ပူးပေါင်း၍ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရန်အတွက် အကြံပေးအတိုင်ပင်ခံ(၂)ဦးအား ခေါ်ယူ၍ SOP Guidelines ရေးဆွဲ နိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်များသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် အကြံပေး အတိုင်ပင်ခံ (၂)ဦးတို့ဖြင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားအား(၇-၁-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) မှ SOP Guidelines for Medical Social Work သည် အမှန်တကယ်လိုအပ်နေသော လုပ်ငန်းဖြစ်၍ ပြည်ထောင်စုဝန်ကြီးမှ အလေးထားဆောင်ရွက်ရန်ရှိပါကြောင်း အဖွင့်အမှာစကားတွင်ထည့်သွင်း ပြောကြားခဲ့ပါသည်။ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာတွင် ကုသရေး ဦးစီးဌာနမှ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး […]
စစ်ကိုင်းတိုင်းဒေသကြီးတွင် Electronic Monthly Implementation Reporting System သင်တန်း ကျင်းပပြုလုပ်ခြင်း
ကုသရေးဦးစီးဌာန၊ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (15.12.2019) မှ (20.12.2019) ထိ (6)ရက် တိုင်အောင် Refresher Training ကျင်းပပြုလုပ်ခဲ့ပါသည်။