နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) တွင် covid 19 အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်

နေပြည်တော် ၁၈-မတ်လ-၂၀၂၀ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) တွင် အထူးကုဆရာဝန်ကြီး ဒေါက်တာခိုင်ဝင်းထွန်း (အဏုဇီဝ)ဦးဆောင်၍ COVID -19 အတွက် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများအား PPE ဝတ်နည်း၊ ချွတ်နည်း နှင့်Nasopharyngeal Swab , Oropharyngeal Swab ယူပုံယူနည်းများကို လက်တွေ့ပြသ သင်ကြားပေးခဲ့ကြပါသည်။

ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်ကောင်စီနယ်မြေတွင် covid 19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်ကောင်စီနယ်မြေတွင် covid 19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ နေပြည်တော် ၁၇-၃-၂၀၂၀ ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်ကောင်စီနယ်မြေတွင် မြို့နယ်ကျန်းမာရေးဦးဌာနမှူးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ကုသရေးဦးစီးဌာနမှဝန်ထမ်းများသည် မြို့နယ်ကြက်ခြေနီအဖွဲ့များ စျေးတာဝန် ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID.19)ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို လူစည်ကားရာစျေးများ၊ ကားဂိတ်များတွင် ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်သည်။