အိတ်ဖွင့်တင်ဒါအမှတ်-7DMS/2022-2023(L)နှင့် 8DMS/2022-2023(L)ခေါ်ယူခြင်း

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၂၀၂၂-၂၀၂၃)ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ပြည်သူ့ဆေးရုံများအတွက် လိုအပ်သော လူနာတင်ယာဉ် (Ambulance) များအားဝယ်ယူရန် အိတ်ဖွင့်တင်ဒါအမှတ်-7DMS/2022-2023(L) နှင့်ဆေးရုံသုံးစက်ပစ္စည်းကိရိယာ များအားဝယ်ယူရန် အိတ်ဖွင့်တင်ဒါအမှတ်-8DMS/2022-2023(L) တို့အား တင်ဒါခေါ်ယူအပ်ပါသည်။ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ရုံးအမှတ် (၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ – စတင်ရောင်းချမည့်ရက် (၁၀-၁၁-၂၀၂၂) ရက် တင်ဒါပိတ်မည့်ရက်နှင့် အချိန် – (၂၃-၁၁-၂၀၂၂) ရက်၊ မွန်းတည့် (၁၂: ၀၀) နာရီ ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၆၇-၃၄၁၁၅၁၄၊ ၀၆၇-၃၄၁၁၆၃၄ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ကုသရေးဦးစီးဌာနကျန်းမာရေးဝန်ကြီးဌာန
နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ ပြည်သူလူထုထံ အသိပေးလိုသောအချက်များ

ပြည်သူလူထုထံ အသိပေးလိုသောအချက်များ နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ အရိုးအကြောရောဂါလူနာများနှင့် ထိခိုက်ဒဏ်ရာလူများအား လက်ခံ၍ ဌာနမှူးပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများမှလိုအပ်သော ကုသမှုများနှင့် ခွဲစိပ်ကုသမှုများအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ရောဂါရှာဖွေရေးနှင့်ပတ်သက်၍လည်း ဓါတ်ခွဲဌာနမှ Haematology၊ Biochemistry၊ Serology၊Microbiology၊Histopathology စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်း များဆောင်ရွက်ပေးလျှက်ရှိပါသည်။ ဓါတ်မှန်ဌာနမှလည်း 128 Slice CT Scan၊ 0.4. Tesla MRI ၊ Digital X-ray ၊ Mannual X-ray ၊ Ultrasound စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးလျှက် ရှိပါသည်။ နေပြည်တော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့ များတွင် လူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေးပါသည်။ အကြောအဆစ်ဌာနမှလည်း လူနာများအား […]
နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၏ ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ

အရေးပေါ်ဌာနအား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်းနှင့် လူနာများ အချိန်မရွေး လာရောက်ဆေးကုသမှုခံယူနိုင်ပါကြောင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးလုပ်ငန်း(ARV)အား အရေးပေါ်ဌာနတွင် နေ့စဉ် ပိတ်ရက်မရှိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း ဆီးချိုရောဂါ လူနာများအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဆေးကုသမှုအား အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်အတွက် ဆီးချိုအထူးကုဌာနအား ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကုသမှုဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence)နှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် OSCC (One Stop Crisis Centre)အား ဖွင့်လှစ်ထားပါကြောင်း လူနာများအတွက် ဆေးကုသရာတွင် အဆင်ပြေမှုရှိစေရန် ဆေးဝါးများကို ဈေးနှုန်းချိုသာစွာ အချိန်မရွေး (၂၄)နာရီ နှောင့်နှေးမှုမရှိစေဘဲ ဝယ်ယူနိုင်ရန်အတွက် ဆေးရုံအထောက်အကူပြု ဆေးဆိုင်အား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်း လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများအတွက် […]
နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် ရောဂါအထူးကု ဆေးရုံကြီး 

• နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါအထူးကု ဆေးရုံကြီးအနေဖြင့် ပြည်သူများ၏ မျက်စိနှင့် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများအား အရည်အသွေးပြည့်ဝသည့် ကုသမှုများရရှိစေရေးဆောင်ရွက်ပေးလျက်ရှိပါသည်။• မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါမှာ အတွင်းတိမ်ရောဂါဖြစ်ပြီး မျက်စိကွယ်ခြင်း၏ အဓိကအကြောင်းရင်းမှာလည်း အတွင်းတိမ်ရောဂါကြောင့်ပင်ဖြစ်ပါသည်။• မျက်စိအတွင်းပိုင်း ရေဖိအား ပုံမှန်ထက်များလာခြင်းကြောင့် မျက်စိအာရုံကြောထိခိုက်ပျက်စီး၍ ရေတိမ်ရောဂါဖြစ်ပွားတတ်ပါသည်။• အတွင်းတိမ်ရောဂါနှင့် ရေတိမ်ရောဂါဖြစ်ပွားလျှင် စောစီးစွာသိရှိပြီး ကုသမှုခံယူပါက အမြင် အာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ပါသည်။ ပြင်ပလူနာပြသနိုင်သော အချိန်ဇယား ဌာန ပြင်ပလူနာ ခွဲစိတ်ခန်း အသေးစားခွဲစိတ်မှု မျက်စိ တနင်္လာ မှ သောကြာနေ့ နံနက် (၈:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီအထိ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး […]
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပြည်သူသို့အသိပေးလိုသောအချက်များ

အပါတ်စဉ် တနင်္လာနေ့တိုင်း နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီ အထိ ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခွေးကိုက်ခံရသည့်လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် (၂၄) နာရီ ထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိတ်ကျန်းမာရေးဌာနနှင့် မူးယစ်ဆေးစွဲရောဂါကုဌာနတွင် မူးယစ်ဆေးစွဲခြင်းကြောင့် ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲရောဂါများအား ကုသပေးခြင်းနှင့် မူးယစ်ဆေးအစားထိုးဆေးဝါး ဖြစ်သည့် မက်သာဒုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို အစိုးရ ရုံးဖွင့်ရက်များတွင် ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်ကုဌာန၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ၏ လက်ရှိဆောင်ရွက် လျက်ရှိသော အခြေအနေကိုတင်ပြခြင်း ပြင်ပလူနာဌာန၏ ကုသမှုအနေဖြင့် အပတ်စဉ် တနင်္လာ နှင့် ဗုဒဟူးနေ့တို့တွင် မနက် (၉) နာရီမှ (၁၂) […]