ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှုခြင်း
ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ သည် မွန်ပြည်နယ် ကုသရေးဦးစီးဌာနမှူးနှင့်အတူ (၁၉-၁-၂၀၂၀) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဆေးရုံ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) က ပြောကြားရာတွင် ဆေးရုံများအနေဖြင့် Patient Safety ကို ဦးစားပေးဆောင်ရွက်သွားစေလိုကြောင်း၊ အခြေခံ အရေးပေါ်ဆေးဝါးများ မပြတ်လပ်စေရန် အထူးဂရုထားကြစေလိုကြောင်း၊ ဆေးရုံတက်ရောက် လူနာများအား ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို သေချာစွာ ရှင်းပြစေလိုကြောင်း၊ ဝန်ထမ်းများအား Communication Skills ကောင်းမွန်စေလိုကြောင်း၊ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် နှစ်ထပ်လူနာဆောင်အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက် များတောင်းခံ၍ လမ်းညွှန်မှုခံယူရန် ပြောကြားဆွေးနွေးပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာသီတာလှသည် တောင်စွန်းတိုက်နယ်ဆေးရုံနှင့် ဇုတ်သုတ်တိုက်နယ် … Read more