25DMS(2024-2025)(L) အတွက် တင်ဒါအောင်စာရင်း

တင်ဒါအမှတ်- 25DMS/ 2024-2025(L) အတွက် Envelope- B တင်ဒါစာရွက် စာတမ်းများစိစစ်ခြင်း၊ Envelope- B Technical Specification ဖွင့်ဖောက် စိစစ်ခြင်းနှင့် Envelope- A (ဈေးနှုန်း) စာအိတ် ဖွင့်ဖောက်စိစစ်ပွဲ ဖိတ်ကြားခြင်း

တင်ဒါအမှတ်- 25DMS/ 2024-2025(L) အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၂၄-၂၀၂၅)ခု၊ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ ဆေးရုံများအတွက် လိုအပ်သော ဆေးရုံသုံးစက်ပစ္စည်းကိရိယာများဝယ်ယူရန် တင်ဒါအမှတ်- 25DMS/ 2024-2025 (L) ဖြင့် တင်ဒါခေါ်ယူအပ်ပါသည်။တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ – (၂၇-၂-၂၀၂၅) ရက်၊ ကြာသပတေးနေ့စတင်ရောင်းချမည့်ရက်တင်ဒါပိတ်မည့်ရက်နှင့် အချိန် – (၅-၃-၂၀၂၅) ရက်၊ မွန်းတည့် (၁၂: ၀၀) နာရီဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၆၇-၃၄၁၁၅၄၄၊ ၀၆၇-၃၄၁၁၆၃၄
Introduction of Emergency Medical Services in the Nay Pyi Taw Union Territory

By Dr Than Lwin Tun Union Minister and Chairperson of the Nay Pyi Taw Council observing the Operating EMS System at Nay Pyi Taw General Hospital (1,000-Bedded). The Ministry of Health (MoH), Myanmar, laid down two objectives: to enable every citizen to attain full life expectancy and enjoy longevity of life and to ensure that […]
သူနာပြုစုမှုဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခြင်း

သူနာပြုစုမှုဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို 2025 ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့နှင့် (၇) ရက်နေ့ တို့တွင် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့တွင် အဆိုပါသင်တန်းဖွင့်ပွဲကို ကျင်းပရာ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က အဖွင့်အမှာစကားပြောကြားပြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သူနာပြုဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ ဗဟို အဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံကြီးများမှ ဒုတိယသူနာပြုအုပ်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝန်ထမ်းရေးရာ)၊ ညွှန်ကြားရေးမှူး(ဝန်ထမ်းရေးရာ)၊ ညွှန်ကြားရေးမှူး (ကုသထောက်ကူ)၊ ညွှန်ကြားရေးမှူး(သူနာပြု) (ငြိမ်း)၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြု)များက သူနာပြုစုမှုဆိုင်ရာလုပ်ငန်းများ အရည်အသွေးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး၊ သင်တန်းတက်ရောက်လာသူ ဒုတိယသူနာပြုအုပ်များမှ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ မိမိတို့အတွေ့အကြုံ များကို ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။