အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၂၄-၂၀၂၅)ခု၊ဘဏ္ဍာရေးနှစ်တွင် ဆေးရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းအတွက်ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တင်ဒါအမှတ်- 20DMS/2024-2025(L) ဖြင့် တင်ဒါခေါ်ယူအပ်ပါသည်။တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Training on Promoting Rational Use of Medicines and Good Prescribing Practices to Health Care Professionals သင်တန်းပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါး စီမံချက် မှ WHO နှင့်ပူးပေါင်း၍ Training on Promoting Rational Use of Medicines and Good Prescribing Practices to Health Care Professionals (Batch-1) အား သင်တန်းကာလ (၂)ရက်ဖြင့် (၃၀-၁၀-၂၀၂၄)ရက်နေ့နှင့်(၃၁-၁၀-၂၀၂၄)ရက်နေ့တို့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင်  ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့် ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင် နေကြသော လက်ထောက်ဆရာဝန် (၂၉) ဦးအား Training on Promoting Rational Use of Medicines and Good Prescribing Practices to Health […]