ဗဟိုအမျိုးသမီးဆေးရုံကြီး၊ မန္တလေးမြို့

ပြင်ပလူနာအချိန်ဇယား

 ဆေးရုံသမိုင်းအကျဉ်း         

    မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအတွင်း ၁၉၅၇ခုနှစ်မှစ၍ သားဖွားနှင့်မီးယပ်ကုသဆောင် အဖြစ်တည်ရှိခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲများ၏ အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည် ကျန်းမာရေးစောင့်ရှောက်မှု တပြေးညီရရှိစေရန်အတွက် စနစ်တကျ ကြိုးပမ်းဆောင်ရွက်ရန် ဟူသည့် လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၆.၁၀.၁၉၉၈)ရက်စွဲပါစာအမှတ်၊ ၃၃/၉၈၊ အစရ၊ ၉၈-၂၁ဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) ကိုသီးခြားဗဟိုအဆင့် ဆေးရုံကြီးတစ်ခုအဖြစ် ဖွင့်လှစ်ခွင့်ပြုမှုရရှိခဲ့ပါသည်။ ၂၀၀၄ခုနှစ်၊ မြန်မာ နိုင်ငံအမျိုးသမီးများနေ့ဖြစ်သော ဇူလိုင်လ(၃)ရက်နေ့တွင် အထက်မြန်မာနိုင်ငံအမျိုးသမီးထု အတွက် သားဖွားမီးယပ်နှင့်ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)ကို သီးခြား ဗဟိုအဆင့် ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးတစ်ခုအဖြစ် နိုင်ငံတော်မှခွင့်ပြုပေးခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် ကုတင်(၅၀၀)ဆံ့ ဆေးရုံကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါသည်။

၃။      အခြေခံအချက်အလက်များ

(က)    တည်နေရာ၊ အကျယ်အ၀န်း၊ မြေပိုင်ဆိုင်မှု (ဂရန်ရရှိမှုအပါအဝင်)၊ ရေရရှိမှု၊ လျှပ်စစ်မီးရရှိမှု

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၀x ၃၁ လမ်း၊ ၆၈x ၇၀လမ်းတွင်တည်ရှိပြီး အရှေ့ဘက်တွင်မန္တလေးတိုင်းပညာရေးမှူးရုံး၊ အနောက်ဘက်တွင် ဗထူးအားကစားကွင်း၊ မြောက်ဘက်တွင် ဥပဒေရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ တိုင်းစာရင်းစစ်ချုပ် ရုံး၊ တောင်ဘက်တွင် ပညာရေးကောလိပ်တို့ရှိပါသည်။ ဆေးရုံ၏ အကျယ်အ၀န်းမှာ ၈.၀၄၉၁ ဧက ရှိပါသည်။

မြေပိုင်ဆိုင်မှု

ဆေးရုံဆောက်လုပ်ထားသော မြေမှာ နိုင်ငံတော်ပိုင်မြေ ဖြစ်ပါသည်။

ရေရရှိမှုအခြေအနေ

ဆေးရုံကြီးအတွင်းရှိ ဝန်ထမ်းဆောင်ရှေ့ ၆” စက်ရေတွင်း (၂)တွင်းရှိပြီး ၎င်းတို့မှ ရေများကို ဂါလံ(၁၂၀၀၀)ဆံ့ ရေသိုလှောင်ကန် (Ground Tank)မှ ရေတင်စက်ဖြင့် ဂါလံ(၁၂၀၀၀)စီဆံ့သည့် (Overhead Tank) ရေစင်ကြီး(၂)ခုသို့ တင်ပို့ပြီး ၄င်းမှတဆင့်လူနာဆောင်များ၊ ကုသထောက်ကူ ဌာနများနှင့် ၀န်ထမ်းအိမ်ရာများသို့ ပြန်လည်ဖြန့်ဖြူးသုံးစွဲလျှက်ရှိပါသည်။

လျှပ်စစ်မီးရရှိမှုအခြေအနေ

          ဆေးရုံကြီးအတွက် လျှပ်စစ်မီးကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ (၂၄)နာရီရရှိပြီး ဆေးရုံပိုင် ()500 KVA Transformer မီတာအမှတ်၊ XS-16623(၁)လုံးဖြင့်  (ဆရာဝန်အဆောင်၊ (၃)ထပ်ဆောင်၊ ဝန်ထမ်းအဆောင်၊ ရေစက်၊ အဝတ်လျှော်စက်၊ ရင်ခွဲရုံများသို့ လည်းကောင်း) ဆေးရုံထွက်ပေါက် ()315 KVA Transformer မီတာအမှတ်၊ XS-16006 (၁)လုံးဖြင့် (ဆေးစတို၊ သွေးဘဏ်၊ ဓါတ်မှန်၊ သူနာပြုဆရာများအဆောင်၊ ယာယီရင်ကွဲလိုင်းခန်း(၄)ဆောင်၊ ပါမောက္ခ/ ဌာနမှူးအဆောင်၊ သင်ကြားရေးအဆောင်၊ ဆေးရုံအုပ်ကြီးနေအိမ်များသို့ လည်းကောင်း)၊  ဆေးရုံထွက်ပေါက် ()315 KVA Transformer မီတာအမှတ်၊ XN-44005(၁)လုံးဖြင့် လိုင်း(၂)လိုင်းခွဲ၍ (၁)လိုင်းမှာ (သားဖွားမီးယပ်ဆောင်(၃)၊ ဆေးရုံအုပ်ကြီးရုံးခန်း၊ သားဖွားမီး ယပ်ဆောင်(၂)၊ သားဖွားခန်း၊ E-OTများသို့ လည်းကောင်း)၊ လိုင်းခွဲ(၂)ဖြင့် (မွေးကင်းစဆောင်၊ တိုးချဲ့မွေးကင်းစဆောင်၊ Medicated Air, Oxygen Plant, သားဖွားမီးယပ်ဆောင်-၁)များသို့  ဖြန့်ဖြူးသုံးစွဲလျှက်ရှိပါသည်။ လျှပ်စစ်မီးပြတ်တောက်သည့်အခါ ဆေးရုံပိုင်() 81.78 KVA မီးစက် ဖြင့် သားဖွားခန်း၊ ခွဲစိတ်ခန်း၊ ရုံးခန်း၊ သွေးဘဏ်သို့လည်းကောင်း၊() 80 KVA မီးစက် တစ်လုံးဖြင့်

(၃)ထပ်ဆောင်အသစ်ကြီးသို့ လည်းကောင်း၊ () 200 KVA မီးစက် ဖြင့် မွေးကင်းစ အထူးကြပ်မတ် ကုသဆောင်သို့လည်းကောင်း လျှပ်စစ်ဓါတ်အား ရရှိရန်အတွက် စီစဉ် ဆောင်ရွက်ထားပါသည်။

()     ဆေးရုံအဆောက်အဦးအခြေအနေ

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ မန္တလေးအစိုးရနည်းပညာ ကောလိပ်အား ကျန်းမာရေး၀န်ကြီးဌာနမှ (၂၀.၁၀.၂၀၀၂)ခုနှစ်တွင် လွှဲပြောင်းရယူခဲ့ပါသည်။ လွှဲပြောင်းရယူခဲ့သည့် အဆောက်အဦးများအား အ၀င်လမ်းမကြီး အနောက်ဘက်ခြမ်းရှိ အဆောက် အအုံများကို ဗဟိုအမျိုးသမီးဆေးရုံကြီး၏သားဖွားမီးယပ်ဆောင်(၁)၊ သားဖွားမီးယပ်ဆောင်(၂)၊ သားဖွားမီးယပ်ဆောင်(၃)၊ အုပ်ချုပ်မှုအဆောင်၊ မွေးဖွားခန်းနှင့် ခွဲစိတ်ခန်း၊ ကျွမ်းကျင်ဝန်ထမ်း ဆာင်၊ ဆရာဝန်အဆောင်အဖြစ်လည်းကောင်း၊ အ၀င်လမ်းမကြီး အရှေ့ဘက်ခြမ်း အဆောက် အအုံများကို ပြင်ပလူနာနှင့်အရေးပေါ်ဌာန (ယခု ဆေးစတို)သွေးလှူဘဏ်နှင့်ဓါတ်ခွဲဌာန၊ ဓါတ်မှန်ဌာန၊ ဆေးတက္ကသိုလ်(မန္တလေး)၏ သင်ကြားရေးဆောင် သူနာပြုအဆောင်အဖြစ် (၁၆.၃.၂၀၀၃)တွင်ပြုပြင်မွမ်းမံခဲ့ပြီး (၃.၇.၂၀၀၄)တွင် ဆေးရုံကြီး အဖြစ်အသုံးပြုခဲ့ပါသည်။ မွေးကင်းစကလေးကုသဆောင် (SCBU) နှင့် အထူးကြပ်မတ်ကုသဆောင် (ICU) (၂)ထပ် ဆောင်ဆောက်လုပ်ခြင်းအား ၂၀၀၄ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ခုနှစ်၊ အောက်တိုဘာလတွင် ဆောက်လုပ်ပြီးစီးကာ (၂၃.၄.၂၀၀၆)တွင် စတင်အသုံးပြု နိုင်ခဲ့ပါသည်။

ယခု(၃)ထပ်ဆောင် အဆောက်အဦးအသစ် (သံကူကွန်ကရိ)အား (၂၅.၇.၂၀၁၀) ခုနှစ်တွင် အောင်ကောင်းကျော်ကုမ္ပဏီမှ စတင်တည်ဆောက်ခဲ့ပြီး (၁၀.၁၂.၂၀၁၄)ခုနှစ်တွင် လုပ်ငန်း အပ်နှံခဲ့ပါသည်။ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ကုသနေသော မွေးကင်းစ ကလေးငယ်များအား အနီးကပ်ပြုစုစောင့်ရှောက်ရန်နှင့် မိခင်နို့တိုက်ကျွေးနိုင်ရန်အတွက် ရည်ရွယ်၍ မိခင်များ နေထိုင်ရန် မွေးကင်းစကုသဆောင်၏ တိုးချဲ့ဆောင် steel structure (၂)ထပ်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တိုးဆက်တိုးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ် ခဲ့ပါသည်။

          (၆) ခန်းတွဲ (၅) ထပ်သူနာပြုဝန်ထမ်းအိမ်ယာကို ဆောက်လုပ်ရေးအထူးအဖွဲ့ (၆) မှ စီမံကိန်းတန်ဖိုးငွေ (၆၈၇.၅) သန်းဖြင့် (၁၄.၂.၂၀၂၀) ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ (၁၀၀%) ပြီးစီးပြီဖြစ်ပါသည်။(၄) ခန်းတွဲ (၄) ထပ် ဆရာဝန်ဆောင် ဝန်ထမ်းအိမ်ယာ တည်ဆောက် ခြင်းလုပ်ငန်းအား (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ဟင်္သာကျော်ကြားကုမ္ပဏီမှ ကျပ် (၆၆၇.၉၁၀၄၄၆) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး (၆.၇.၂၀၂၂) ရက်နေ့တွင် စတင်ဆောက်လုပ်ကာ ယခုအခါ (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၃-၂၀၂၄)ခု ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းမှာ (၁၀၀%)ပြီးစီးပြီဖြစ်ပါသည်။

()     လူဦးရေလွှမ်းခြုံနိုင်မှု အခြေအနေ

 ၂၀၁၄-ခုနှစ်၊  သန်းခေါင်းစာရင်းအရ မန္တလေးတိုင်းလူဦးရေစုစုပေါင်းမှာ ၆,၁၆၅,၇၂၃ ရှိပြီး အမျိုးသမီးဦးရေမှာ ၃,၂၃၇,၃၅၆ ဖြစ်ပါသည်။ မန္တလေးတိုင်းလူဦးရေ၏ ၅၂.၅% မှာ အမျိုးသမီးဦးရေ ဖြစ်ပါသည်။    ဗဟိုအမျိုးဆေးရုံကြီး(မန္တလေး) အနေဖြင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် အထက်မြန်မာပြည် မြို့နယ်အသီးသီးမှ လွှဲပြောင်းလူနာများ၊ ကိုဗစ်-၁၉ လူနာများအပါအဝင်၊ မြို့ပြ ကျေးလက် ဒေသအသီးသီးမှ လာရောက်ကုသသော သားဖွားမီးယပ်လူနာများအား လက်ခံကုသပေး လျှက်ရှိပါသည်။