ပြင်ပလူနာအချိန်ဇယား

စဥ်ပြင်ပလူနာအချိန်
ART ဆေးပေးဌာနတနင်္လာနေ့မှ သောကြာနေ့ထိ နံနက်(၉း၀၀)နာရီမှ နေ့လည်(၁၂း၀၀)နာရီထိ နေ့လည်(၁၂း၀၀)နာရီမှ ညနေ(၄း၀၀)နာရိထိ
အထူးကုပြင်ပလူနာဌာနတနင်္လာနေ့မှ သောကြာနေ့ထိ နံနက်(၉း၀၀)နာရီမှ နေ့လည်(၁၂း၀၀)နာရီထိ နေ့လည်(၁၂း၀၀)နာရီမှ ညနေ(၄း၀၀)နာရိထိ
TB ပြင်ပလူနာဌာနတနင်္လာနေ့မှ သောကြာနေ့ထိ နံနက်(၉း၀၀)နာရီမှ နေ့လည်(၁၂း၀၀)နာရီထိ နေ့လည်(၁၂း၀၀)နာရီမှ ညနေ(၄း၀၀)နာရိထိ
Online Bookingမရှိပါ။

ဆေးရုံစတင်တည်ထောင်ခဲ့သော ခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်

                           အထူးကုဆေးရုံ(ဝေဘာဂီ)အား ကူးစက်ရောဂါဆေးရုံကြီး မင်္ဂလာတောင်ညွှန့်အဖြစ်  (၁၉၀၅ ခုနှစ်)တွင် ကျောက်ကပ်ရောဂါ၊ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါသည်များအတွက် ရည်ရွယ်၍ စတင် သည်ဆောက်ခဲ့ပါသည်။ ၁၉၂၀ ခုနှစ်၊ အောက်တိုဘာလမှစ၍ ရန်ကုန်မြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန် ယူခဲ့ပြီး CONTAGIOUS DISEASE HOSPITAL ဟုအမည်သတ်မှတ်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ မှစ၍ ကျန်းမာရေးဦးစီးဌာနမှ ပြန်လည်လွှဲပြောင်းယူပြီး INFECTIOUS DISEASES HOSPITAL ဟု ခေါ်တွင်ခဲ့ ပါသည်။ ၁၉၉၅ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၌ ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီးအား စတင်ဆောက်လုပ်ခဲ့ပါသည်။ ၁၉၉၈ ခု၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် မင်္ဂလာတောင် ညွှန့်မှ ယခုနေရာသို့ ပြောင်းရွှေ့ခဲ့ပြီး SPECIALIST HOSPITAL WAIBAGI ၊ အထူးကုဆေးရုံကြီး (ဝေဘာဂီ) ဟုအမည်သတ်မှတ်ခဲ့ပါသည်။ AW Foundation မှလှူဒါန်း သော(၃)ထပ်ဆောင် အဆောက်အဦသစ်အား (၃.၁၁.၂၀၂၂) ရက်နေ့မှစ၍ဖွင့်လှစ်ခဲ့ပြီး ICU (၁၂)ခုတင် ၊ HDU (၂၅) ခုတင်၊ Oxygen ပေးနိုင်သောခုတင် (၇၃) ခုတင်ပါဝင်ပြီး ကိုဗစ်လူနာများကို စတင်လက်ခံ ကုသပေးလျှက်ရှိပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

          (၁) ဆေးရုံအုပ်ကြီးရုံး

                   ကြိုးဖုန်း        – ၀၁ ၉၆၉၀၁၁၈

                   Fax              – ၀၁ ၉၆၉၀၁၁၈

                   Email            – specialisthospitalwaibagi@gmail.com

          (၂) အရေးပေါ်နှင့်ပြင်ပလူနာဌာန

                   ဖုန်း              – ၀၉ ၄၅၁၆၂၆၄၆၆

ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ

                             “ကူးစက်ဆေးရုံ”ဟု အများပြည်သူတို့ခေါ်ဆိုကြသည့် ဝေဘာဂီအထူးကုဆေးရုံကြီး၌ ကူးစက်ရောဂါလူနာများ၊ ကပ်ရောဂါလူနာများ ပြုစုကုသ‌ပေးရာတွင် အတွေ့အကြုံရှိ၍ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားပြီး ကူးစက်ရောဂါများကုသရေးအတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည့်စုံလုံလောက်စွာ ဖြည့်တင်းထားရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံ ကြီး၌ ကိုဗစ်-၁၉ ကဲ့သို့သောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ကပ်ရောဂါလူနာများအား ဆေးရုံတင်၍ ကုသပေးခြင်း၊ ပြင်းထန်ရောဂါလက္ခဏာရှိသူများအား ဆေးရုံတင်၍ကုသပေးခြင်း၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါလူနာ များအား ART ဆေးအခမဲ့ထောက်ပံ့ပေးခြင်း၊ HIV နှင့် ဆက်နွယ်သည့် TB လူနာများအား TB ဆေးအခမဲ့ ထောက်ပံ့ပေးခြင်း၊ HIV နှင့် ဆက်နွယ်သည့် Hepatitis C လူနာများအား ဆေးဝါးများ အခမဲ့ထောက်ပံ့ ပေးခြင်း၊ HIV အတွင်းလူနာများအား စောင့်ရှောက်ကုသမှုပေးခြင်း၊  ကိုဗစ်-၁၉ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းနှင့် ကုသမှုအထောက်အကူပြုဓါတ်ခွဲစစ်ဆေးခြင်း၊ CT Scan အား ဆင်းရဲနွမ်းပါးသည့်လူနာ များအား အခမဲ့ဆောင်ရွက်ပေးခြင်း၊ အာလ်ထရာဆောင်းနှင့် ဓါတ်မှန်ရိုက်ကူးခြင်းများအား အခမဲ့ဆောင် ရွက်ပေးခြင်း၊ နောက်ဆက်တွဲကျောက်ကပ်ပျက်စီးသည့် လူနာများအတွက် ကျောက်ကပ်သန့်စင်ခြင်း ကုသမှုများ အခမဲ့ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ကူးစက်ရောဂါများကုသရာ၌ အတွေ့အကြုံရှိ၍ ကျွမ်းကျင်သော ပါမောက္ခ / ဌာနမှူး၊ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများနှင့် ဝန်ထမ်းများအားလုံး က ပြည်သူများစိုက်ထုတ်ကုန်ကျရသည့် ကုန်ကျစရိတ်အနည်းဆုံးဖြစ်စေရန် စေတနာ၊ မေတ္တာ ထား၍ ကုသစောင့်ရှောက်မှုပေးလျက်ရှိ ကြောင်း ပြည်သူလူထုအားအသိပေးလိုပါသည်။