နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၏ ပြင်ပလူနာကြည့်ချိန်ဇယား
| စဉ် | ပြင်ပလူနာ ကြည့်ရှုသည့်ရက် | အထူးကုဘာသာရပ်/ဌာန | လူနာကြည့်ချိန် | ကြည့်ရှုသည့် နေရာ |
|---|---|---|---|---|
| ၁ | တနင်္လာနေ့ | ကင်ဆာဓာတ်ရောင်ခြည်အထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ကင်ဆာဓာတ်ရောင်ခြည်ဌာန |
| ၂ | တနင်္လာနေ့ | စိတ်ကျန်းမာ | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၃ | တနင်္လာနေ့ | နှလုံးဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | နှလုံးအထူးကုသဆောင် |
| ၄ | တနင်္လာနေ့ | သွားနှင့်ခံတွင်း | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | သွားနှင့်ခံတွင်းပြင်ပဌာန |
| ၅ | တနင်္လာနေ့ | အရေပြားအထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၆ | တနင်္လာနေ့ | အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အစာအိမ်နှင့်အူလမ်းကြောင်းဌာန |
| ၇ | တနင်္လာနေ့ | အသည်း | (၉)နာရီ မှ (၁၂)နာရီ | အသည်းကုသဆောင် |
| ၈ | တနင်္လာနေ့ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး | (၉)နာရီ မှ (၁၂)နာရီ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန |
| ၉ | တနင်္လာနေ့ | အဏုမြူရောင်ခြည် | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အဏုမြူရောင်ခြည်ဌာန |
| ၁၀ | တနင်္လာနေ့ | ဦးနှောက်နှင့်အာရုံကြောဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ဦးနှောက်နှင့်အာရုံကြောဆေးကုသဆောင် |
| ၁၁ | တနင်္လာနေ့ | အထွေထွေဖျားနာ | မွန်းလွဲ (၁)နာရီမှ ညနေ (၃)နာရီ | အထူးကုပြင်ပလူနာဌာန(၁) |
| ၁၂ | အင်္ဂါနေ့ | အထွေထွေဖျားနာ | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၁) |
| ၁၃ | အင်္ဂါနေ့ | ကင်ဆာဓာတ်ရောင်ခြည်အထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ကင်ဆာဓာတ်ရောင်ခြည်ဌာန |
| ၁၄ | အင်္ဂါနေ့ | ကင်ဆာဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ကင်ဆာဆေးကုသဆောင် |
| ၁၅ | အင်္ဂါနေ့ | စိတ်ကျန်းမာ | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၁၆ | အင်္ဂါနေ့ | ဆီးနှင့်ကျောက်ကပ်ဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ဆီးနှင့်ကျောက်ကပ်ဆေးကုသဆောင် |
| ၁၇ | အင်္ဂါနေ့ | ဆီးနှင့်ကျောက်ကပ်ခွဲစိတ် | (၉)နာရီ မှ (၁၂)နာရီ | ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ဆောင် |
| ၁၈ | အင်္ဂါနေ့ | သွေးရောဂါ | (၉)နာရီ မှ (၁၂)နာရီ | ဆေးကုသဆောင်(၂) |
| ၁၉ | အင်္ဂါနေ့ | ဆီးချို သွေးချို | (၉)နာရီ မှ (၁၂)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၂၀ | အင်္ဂါနေ့ | သွားနှင့်ခံတွင်း | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | သွားနှင့်ခံတွင်းပြင်ပဌာန |
| ၂၁ | အင်္ဂါနေ့ | ဟော်မုန်း | (၉)နာရီ မှ (၁၂)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၂၂ | အင်္ဂါနေ့ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး | (၉)နာရီ မှ (၁၂)နာရီ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန |
| ၂၃ | အင်္ဂါနေ့ | အဏုမြူရောင်ခြည် | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အဏုမြူရောင်ခြည်ဌာန |
| ၂၄ | အင်္ဂါနေ့ | ဦးနှောက်နှင့်အာရုံကြောဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ဦးနှောက်နှင့်အာရုံကြောဆေးကုသဆောင် |
| ၂၅ | ဗုဒ္ဓဟူးနေ့ | ကင်ဆာဓာတ်ရောင်ခြည်အထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ကင်ဆာဓာတ်ရောင်ခြည်ဌာန |
| ၂၆ | ဗုဒ္ဓဟူးနေ့ | ကင်ဆာဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ကင်ဆာဆေးကုသဆောင် |
| ၂၇ | ဗုဒ္ဓဟူးနေ့ | ဆီးနှင့်ကျောက်ကပ်ဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ဆီးနှင့်ကျောက်ကပ်ဆေးကုသဆောင် |
| ၂၈ | ဗုဒ္ဓဟူးနေ့ | ဆီးချို သွေးချို | မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၂၉ | ဗုဒ္ဓဟူးနေ့ | သွားနှင့်ခံတွင်း | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | သွားနှင့်ခံတွင်းပြင်ပဌာန |
| ၃၀ | ဗုဒ္ဓဟူးနေ့ | ဟော်မုန်း | မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၃၁ | ဗုဒ္ဓဟူးနေ့ | အရေပြားအထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၃၂ | ဗုဒ္ဓဟူးနေ့ | အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု | မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အစာအိမ်နှင့်အူလမ်းကြောင်းဌာန |
| ၃၃ | ဗုဒ္ဓဟူးနေ့ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး | (၉)နာရီ မှ (၁၂)နာရီ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန |
| ၃၄ | ဗုဒ္ဓဟူးနေ့ | အဏုမြူရောင်ခြည် | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အဏုမြူရောင်ခြည်ဌာန |
| ၃၅ | ဗုဒ္ဓဟူးနေ့ | ဦးနှောက်နှင့်အာရုံကြောခွဲစိတ် | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆောင် |
| ၃၆ | ဗုဒ္ဓဟူးနေ့ | အထွေထွေဖျားနာ | မွန်းလွဲ (၁)နာရီမှ ညနေ (၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၃၇ | ဗုဒ္ဓဟူးနေ့ | အထွေထွေခွဲစိတ် | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၃၈ | ကြာသပတေးနေ့ | အထွေထွေခွဲစိတ် | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၃၉ | ကြာသပတေးနေ့ | အရိုးအဆစ်ခွဲစိတ် | (၉)နာရီ မှ (၁၂)နာရီ | အရိုးကုသဆောင်(၂) |
| ၄၀ | ကြာသပတေးနေ့ | ကင်ဆာဓာတ်ရောင်ခြည်အထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ကင်ဆာဓာတ်ရောင်ခြည်ဌာန |
| ၄၁ | ကြာသပတေးနေ့ | ကင်ဆာဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ကင်ဆာဆေးကုသဆောင် |
| ၄၂ | ကြာသပတေးနေ့ | စိတ်ကျန်းမာ | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၄၃ | ကြာသပတေးနေ့ | ဆီးနှင့်ကျောက်ကပ်ဆေးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ဆီးနှင့်ကျောက်ကပ်ဆေးကုသဆောင် |
| ၄၄ | ကြာသပတေးနေ့ | ဆီးနှင့်ကျောက်ကပ်ခွဲစိတ် | (၉)နာရီ မှ (၁၂)နာရီ | ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ဆောင် |
| ၄၅ | ကြာသပတေးနေ့ | အဆုတ်ရောဂါ | (၉)နာရီ မှ (၁၂)နာရီ | အထူးကုပြင်ပလူနာဌာန(၁) |
| ၄၆ | ကြာသပတေးနေ့ | သွေးရောဂါ | (၉)နာရီ မှ (၁၂)နာရီ | ဆေးကုသဆောင်(၂) |
| ၄၇ | ကြာသပတေးနေ့ | ဆီးချို သွေးချို | မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၄၈ | ကြာသပတေးနေ့ | သွားနှင့်ခံတွင်း | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | သွားနှင့်ခံတွင်းပြင်ပဌာန |
| ၄၉ | ကြာသပတေးနေ့ | ဟော်မုန်း | မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၅၀ | ကြာသပတေးနေ့ | အရိုးအကြောအဆစ်ဆေးကု | (၉)နာရီ မှ (၁၂)နာရီ | အထူးကုပြင်ပလူနာဌာန(၁) |
| ၅၁ | ကြာသပတေးနေ့ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး | (၉)နာရီ မှ (၁၂)နာရီ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန |
| ၅၂ | ကြာသပတေးနေ့ | အဏုမြူရောင်ခြည် | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အဏုမြူရောင်ခြည်ဌာန |
| ၅၃ | ကြာသပတေးနေ့ | အထွေထွေဖျားနာ | နံနက် (၉)နာရီမှ (၁၂)နာရီ | အထူးကုပြင်ပလူနာဌာန (၁) |
| ၅၄ | သောကြာနေ့ | ကင်ဆာဓာတ်ရောင်ခြည်အထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | ကင်ဆာဓာတ်ရောင်ခြည်ဌာန |
| ၅၅ | သောကြာနေ့ | သွားနှင့်ခံတွင်း | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | သွားနှင့်ခံတွင်းပြင်ပဌာန |
| ၅၆ | သောကြာနေ့ | အရေပြားအထူးကု | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အထူးကုပြင်ပလူနာဌာန(၂) |
| ၅၇ | သောကြာနေ့ | အသည်း | (၉)နာရီ မှ (၁၂)နာရီ | အသည်းကုသဆောင် |
| ၅၈ | သောကြာနေ့ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး | (၉)နာရီ မှ (၁၂)နာရီ | အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန |
| ၅၉ | သောကြာနေ့ | အဏုမြူရောင်ခြည် | (၉)နာရီ မှ (၁၂)နာရီ မွန်းလွဲ(၁)နာရီ မှ ညနေ(၃)နာရီ | အဏုမြူရောင်ခြည်ဌာန |
| ၆၀ | သောကြာနေ့ | ART Clinic | (၉)နာရီ မှ (၁၂)နာရီ | အထူးကုပြင်ပလူနာဌာန(၁) |
၁။ ဆေးရုံတည်နေရာနှင့်ဓာတ်ပုံ(ရှေ့၊ နောက်၊ ဝဲ၊ ယာ)
နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်တွင် တည်ရှိပါသည်။
၂။ စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်း
နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)အား (၁၅-၁-၂၀၀၂)ရက်နေ့မှစ၍ အရုဏ်ဦး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး (၁၂-၃-၂၀၀၄)ရက်နေ့တွင် ပထမအဆင့်တည်ဆောက်မှု လုပ်ငန်းများ ပြီးစီးပါသည်။ (၂၄-၃-၂၀၀၄)ရက်နေ့မှစတင်၍ ပြင်ပလူနာများကို ကြည့်ရှုကုသမှုပေးခဲ့ ပါသည်။ (၁၇-၂-၂၀၀၆) ရက်နေ့မှစ၍ အတွင်းလူနာ လက်ခံကုသမှုပေးခဲ့ပါသည်။
ဒုတိယအဆင့် တည်ဆောက်မှုလုပ်ငန်းများအား (၂၀၀၇)ခုနှစ်တွင် TZTM ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး (၂၀၀၈)ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ တတိယအဆင့် တည်ဆောက်မှု လုပ်ငန်းများအား (၂၀၀၈)ခုနှစ်တွင် TZTM ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး (၂၀၁၀) ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။
စတုတ္ထအဆင့်အနေဖြင့် တည်ဆောက်မှုလုပ်ငန်းများကို (၂၀၀၉)ခုနှစ်တွင် TZTM ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ရာ အဏုမြူရောင်ခြည်ဆေးကုဌာန၊ ကင်ဆာရောဂါ ဆေးကုသမှုဌာန၊ ဓာတ်ရောင်ခြည် ဌာန၊ သွေးလှူဘဏ်နှင့် ရောဂါရှာဖွေရေးဌာန၊ အကြောအဆစ် ပြန်လည်သန်စွမ်းရေးဆေးကုဌာန တို့ကို အသစ်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
နေပြည်တော် ပြည်သူ့ဆေးရုံကြီးကို ခုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် စတင်ဖွင့် လှစ်ခဲ့ပြီး (၁၇-၃-၂၀၀၈)ရက်နေ့မှစတင်၍ ခုတင်(၁၀၀၀)ဆေးရုံကြီးအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။
ဆေးရုံမြေနေရာ အကျယ်အဝန်းမှာ မြေဧရိယာ (၁၆၆.၅၁၆)ဧကရှိပါသည်။
၃။ ဆက်သွယ်ရမည့်လိပ်စာ
ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း) – 0673421452
အရေးပေါ်နှင့်ပြင်ပလူနာဌာန(ကြိုးဖုန်း) – 09-254389334
၅။ ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ
နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပြည်သူလူထု ကျန်းမာရေးနှင့် ပတ်သက်၍ ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆေးကုသမှုဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့မှ လူနာများ၏ ရောဂါများအား အကောင်းဆုံးနည်းလမ်းဖြင့် ကုသမှု ခံယူနိုင်ရေးအတွက် Clinical Meeting များ၊ Refresher Training on Job Training များပြုလုပ်ပေး လျက်ရှိကြောင်း၊ လူနာများဆေးရုံဆင်းသည့်အချိန်တွင် လူနာ၏ ဆွေမျိုးများ၊ လူနာစောင့်များအား ဆေးရုံတက်ရောက်နေစဉ် ကာလအတွင်း စိတ်ကျေနပ်မှုရှိ/မရှိ၊ လိုအပ်ချက်များပြုပြင်ရန် D/C Parade ပြုလုပ်လေ့ရှိပါကြောင်း၊ အရေးပေါ်လူနာများအား နေ့၊ညမရွေး လာရောက်ကုသနိုင် ကြောင်း၊ အထူးကုပြင်ပလူနာဌာနတွင် သက်ဆိုင်ရာရောဂါအလိုက် ကုသမှုခံယူနိုင်သည့် အခြေ အနေများကို ရှင်းပြပေးပါကြောင်း၊ ဆေးရုံကြီး၏ ဆေးကုသဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြုပြင်ရမည့်အချက် များကို Suggestion လုပ်နိုင်ပါကြောင်း ရှင်းပြပါသည်။ ဆေးရုံကြီး၏ ကုသမှုဆိုင်ရာ ဝန်ဆောင်မှုများအားလည်း ဝန်ကြီးဌာန Website မှတဆင့် အသိပေးရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။
