————
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရေနောက်ရခြင်းကိစ္စမှာ
၁။ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ခရိုင်ဆေးရုံကြီးနှင့်အညီ ပြည်သူများ၏ ကျန်းမာရေးကိုသာ ရှေ့ထားပြီး သန့်ရှင်းမှုကို အစဉ်အလေးထားလျက်ရှိကြောင်း ပထမဦးစွာ အသိပေးအပ်ပါသည်။
၂။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားစဉ်နေ့က ဆေးရုံတိုးတက်ရေးအတွက်ဆောက်လုပ်ရေးလုပ်ငန်းများလုပ်စဉ် ရေပိုက်ကျိုးပေါက်သွားခြင်းဖြစ်ပါသည်။
မိုးအလွန်ရွာသောကာလဖြစ်သဖြင့် မိုးရွာထဲတွင် ပြန်လည်ပြုပြင်ရသောကြောင့် ရွှံများနှင့်ရောထွေး၍ ရေနောက်သွားရခြင်းဖြစ်ပါသည်။
*အစဉ်အမြဲရေနောက်များကို သုံးစွဲနေခြင်း လုံးဝမရှိပါ*
၃။ ၎င်းအပြင် … ပူတာအိုဆေးရုံမိသားစုမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ပျက်စီးမှုများအား ပြုပြင်ပြီးဖြစ်ပါ၍ သန့်ရှင်းစိတ်ချရသောရေသုံးစွဲမှု ပြန်လည်ရရှိပြီဖြစ်ပါသည်။
၄။ ကတိပေးနိုင်သည်မှာ ဆယ်ဂဏန်းမပြည့်သော ဆရာဝန်နှင့် အထူးကုများမှ သူနာပြုဆရာဆရာမများ .. တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ပူတာအိုဆေးရုံတိုးတက်ရေးနှင့် ပြည်သူများကျန်းမာရေးအတွက် အထူးပင်ကြိုးစားလျက်ရှိကြောင်းပါ.
၅။ လိုအပ်သော ဆေးရုံသုံးပစ္စည်းများအားလည်း ပြဿနာမဖြစ်ခင် ကာလထဲကပင် အထက်သို့တင်ပြထားပြီး ဖြစ်ပါသည်။
———
အဆင်မပြေမှုများ စိုးရိမ်ထိတ်လန့်မှုများအတွက် ပူတာအိုမြို့သူမြို့သားများအား ပူတာအိုဆေးရုံမိသားစုမှ အနူးအညွတ် တောင်းပန်အပ်ပါသည် ???
ပူတာအိုဆေးရုံမိသားစု