ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခုတင်(၁၀၀)ဆံ့နှင့်အထက် ပြည်သူ့ ဆေးရုံများတွင် ဆောင်ရွက်နေသည့် Hospital Reception Services လုပ်ငန်း ပိုမိုပြည့်စုံ ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)၊ ဆေးလူမှုဆက်ဆံရေးအရာရှိ၊ ဆေးလူမှုဆက်ဆံရေးမှူးတို့အား မွမ်းမံသင်တန်းပေး၍ သင်တန်းဆင်းပြီးပါက တိုင်းဒေသကြီး/ပြည်နယ်များတွင် စုရပ်ပြုလုပ်ပြီး Hospital Receptionist ဝန်ထမ်းများ အား ဆင့်ပွားသင်တန်းပြုလုပ်ပေး၍ ဆေးရုံများ၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်၍ သင်တန်းပေးခြင်း ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအား (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် စတင်ပြုလုပ်၍ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)မှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲတွင် ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ)မှ သင်တန်းဆင်းအမှာစကားပြောကြား၍ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(ပူးတွဲတာဝန်)၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ သင်တန်းသို့ ဆေးလူမှုဆက်ဆံရေးဝန်ထမ်း သင်တန်း သား/သူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
ယခုကျင်းပပြုလုပ်သော သင်တန်းသည် (၁၈-၁၂-၂၀၁၉)မှ (၂၀-၁၂-၂၀၁၉) ရက်နေ့အထိ (၃)ရက် သင်တန်းပေးပါသည်။ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျန််််််းမာရေးအသိပညာမြှင့်တင်ရေးဌာန)တို့ရှိ သင်တန်းဆရာများမှ Hospital Receptions, D/C Parade, Communication နှင့် ပြည်သူ့ ဆေးရုံအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းတွင် မိုဘိုင်းဖုန်း (သို့မဟုတ်) တက်ဘလက် (Mobile Phone/ Tablet)များဖြင့် QR code များအား Scan ဖတ်နည်း လမ်းညွှန်နှင့် ပတ်သက်သည့် ဘာသာရပ်များအား Role Play, Power Points, Presentations and Group Works များဖြင့် သင်ကြားပို့ချပေးခဲ့ပါသည်။