ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်/ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီး(၁၂)ရုံတွင် ဆေးဘက်ကျွမ်းကျင် (၃)(ဓာတ်မှန်) (၆)လသင်တန်းများကို (၅-၅-၂၀၂၅) ရက်နေ့မှ (၅-၁၁-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။
အဆိုပါ သင်တန်းများကို ဗဟိုအဆင့်ဆေးရုံကြီး(၈)ရုံနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(၄)ရုံတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား / သူ (၂၈၉) ဦးတို့ တက်ရောက်ခဲ့ ကြပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် သက်ဆိုင်ရာဆေးရုံကြီးများ၌ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။












