နေပြည်တော်၊ ဖေဖော်ဝါရီ(၇) ရက်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်မှ လူမှုရေးဦး တည်ချက် တစ် ရပ်ဖြစ်သော “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင် မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုဝန်ကြီးရဲ့ ဦးဆောင်မှုလမ်းညွှန်မှုအောက်မှာ နိုင်ငံတော်က ချမှတ်ထားတဲ့ e-Government လုပ်ငန်းစဉ်တွေကို ဦးစီးဌာနအားလုံးက ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ကုသရေးဦး စီးဌာန၊ စီမံကိန်းဌာနခွဲမှ e-Government သင်တန်းကို ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ချုပ် မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ အရာထမ်း/အမှုထမ်းများ စုစုပေါင်း (၅၆)ဦး တို့ကို ၂၀၂၅ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ(၃)ရက်နေ့မှ (၇)ရက်နေ့ထိ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင် ခေါ်ယူ သင်တန်းပေးခြင်းဖြစ်ပါသည်။
သင်ကြားပို့ချမယ့် ဘာသာရပ်များအနေဖြင့်
(က) Importance of Health Information
(ခ) AI in Healthcare
(ဂ) AI Tools and Platforms
(ဃ) အခြေခံ GIS သင်တန်း
(င) Important Data Visualization and Data entry စသည့် သင်ခန်းစာများဖြစ်ပါ သည်။
ကုသရေးဦးစီးဌာနရဲ့ e-Government လုပ်ငန်းရပ်များ ဆောင်ရွက်နေမှု အခြေအနေများ၊ DoMS website ထုတ်လွှင့်ဆောင်ရွက်ထားရှိမှုများ၊ Internet နဲ့ email အသုံးပြုပြီး လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ခြင်းနဲ့ Internet အသုံးပြုရာမှာ တွေ့ကြုံရတဲ့ အခက်အခဲများကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများ၊ Cyber Law, Cyber Security နှင့်ပတ်သက်သော သိကောင်း စရာများ၊ AI Tools and Platforms များ၊ Geographic Information System(GIS) ကို အသုံးပြု ပြီး မိမိတို့ ဆေးရုံကြီး/ဌာနများရဲ့ ပထဝီအချက်အလက်များကို ကောက်ယူစုဆောင်းခြင်း၊ သိမ်း ဆည်းသိုမှီးခြင်း၊ လေ့လာဆန်းစစ်ခြင်း၊ စီမံခြင်းနဲ့ တင်ဆက်ပြသခြင်းများ၊ မိမိတို့ ပတ်ဝန်းကျင် ရှိ ကမ္ဘာကြီးကို အသွင်သစ်၊ အမြင်သစ်ဖြင့် ကြည့်မြင်တတ်စေရန် စွမ်းဆောင်ပေး နိုင်ခြင်းများ၊ ဆေးရုံကြီးများရဲ့ စီမံအုပ်ချုပ်မှုလုပ်ငန်းများ၊ ဆေးမှတ်တမ်းနဲ့ စာရင်းဇယားများကို ကွန်ပျူတာ ဖြင့် ထည့်သွင်းသိမ်းဆည်း ပေးပို့ခြင်းနည်းလမ်းများ၊ ကုသရေးဦးစီးဌာနရဲ့ လက်ရှိဖွဲ့စည်းပုံနှင့် ပတ်သက်သော အကြောင်းအရာများ၊ ဆေးရုံကြီးများမှာရှိတဲ့ ကာလကြာရှည်အသုံးပြုပြီး ပြန် လည်ပြုပြင်သုံးစွဲ၍ မသင့်တော့တဲ့ ဆေးရုံသုံးစက်ပစ္စည်းဟောင်းများနဲ့ ပရိဘောဂပစ္စည်း ဟောင်းများ၊ သံထည်ပစ္စည်းဟောင်းများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ နိုင်ငံပိုင်စာရင်းမှ ပယ်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရတဲ့နည်းလမ်းများ၊ အရေးကြီးပုဂ္ဂိုလ်များရဲ့ ခရီးစဉ်လမ်း ညွှန်ချက်များ၊ စီမံကိန်း၊ စီမံချက်များနှင့် ပတ်သက်၍ လစဉ်၊ နှစ်စဉ် ပေးပို့အစီရင်ခံခြင်း အကြောင်းအရာများကို သင်တန်း ဆရာ/ဆရာမများက သင်ကြား ပို့ချပေးသော သင်တန်းဖြစ် ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *