နေပြည်တော်တွင် Training of Social Mentorship on Gender Based Violence Sector for Medical Social Workers သင်တန်းကျင်းပ

နေပြည်တော်၊ မတ်လ (၂၈) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် Akhaya (Women Myanmar) တို့ ပူးပေါင်း၍ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ဆေးရုံများမှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့အား Training of Social Mentorship on Gender Based Violence Sector for Medical Social Workers သင်တန်းကို (၂၈-၃-၂၀၁၉)ရက်နေ့မှ (၂၉-၃-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွင့်အမှာ စကားပြောကြားဖွင့်လှစ်ခဲ့ပြီး ဒေါ်ထားထား (Founder & Director)၊ Akhaya (Women Myanmar) မှလည်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Akhaya (Women Myanmar) မှတာဝန်ရှိသူများ၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်း သင်တန်းသား /သူ (၅၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ယခုပြုလုပ်သော သင်တန်းသည် (၆)ကြိမ်မြောက် သင်တန်းဖြစ်ပြီး နေပြည်တော်တွင် (၂)ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၂)ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၁)ကြိမ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တွင်(၁)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ သင်တန်းတစ်ကြိမ်လျင် သင်တန်းသားဦးရေ (၃၅)ဦး သင်တန်းပေးခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ပါသည်။ သင်တန်းတွင် Akhaya (Women Myanmar) မှ သင်တန်းဆရာများ၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန မှ သင်တန်းဆရာများမှ သက်ဆိုင်ရာဘာသာရပ်များကို သင်ကြား ပို့ချပေးလျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *