(၁) ဆေးရုံသမိုင်းအကျဉ်း
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်အစိုးရဆေးရုံအဖြစ် ဒုတိယကမ္ဘာစစ်မဖြစ်မီက နှစ်ထပ်
အဆောက်အဦးဆောက်၍ဆေးရုံရှိခဲ့ပါသည်။ ၁၉၄၇ – ခုနှစ်တွင်လက်ရှိဆေးရုံဟောင်း (ဓါတ်မှန် ဆောင်) အဆောက်အဦးကိုတိုးချဲ့ဆောက်လုပ်ခဲ့ရာ ၁၉၄၈ – ခုနှစ်တွင်ပြီးစီးဖွင့်လှစ်၍ ပြင်ပလူနာ၊ အတွင်းလူနာအဖြစ်လက်ခံ၍ ဆေးဝါးကုသမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ခုတင်(၁၀၀)ဆံ့ စံကိုက်ဆေးရုံအဖြစ် ပြည်ထောင်စုအစိုးရ၏ (၂၅-၁၀-၂၀၁၂) ရက်စွဲပါစာအမှတ်၊ ၃၉ / ၂၅၇ / အဖရ (၃၇ / ၂၀၁၇ )ဖြင့်ပြင်ဆင်ခွင့်ပြုခဲ့ပါသည်။ ခုတင်(၂၀၀)ဆံ့ဆေးရုံအဖြစ် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ( ၁၆ – ၂ – ၂၀၁၇ ) ရက်စွဲပါစာအမှတ်၊ ၃၁ / ၁၆၈ / အဖရ
( ၃ / ၁၇ ) ဖြင့် မတ်လ (၁၀)ရက် နေ့မှစ၍ဖွင့်လှစ်ခဲ့ပါသည်။
(၂) အခြေခံအချက်အလက်များ
(က) တည်နေရာ
ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်တွင်တည်ရှိပါသည်။
(19.431854, 9305469267)
(ခ) အကျယ်အဝန်း
ဆေးရုံမြေဧရိယာအကျယ်အဝန်းမှာ ( ၁၆.၃၆၇ )ဧက ရှိပါသည်။
(ဂ) ရေရရှိမှု
အဝီစိတွင်း(၇) ခုရှိပါသည်။
(ဃ) မီးရရှိမှု
မဟာဓါတ်အားလိုင်းမှရရှိပါသည်။
(၃) ဆေးရုံအဆောက်အဦးများ
(က) ဆေးရုံပင်မဆောင်အဟောင်းကို ၁၉၄၇ တွင်တည်ဆောက်ခဲ့ပါသည်။
(ခ) တိုးချဲ့လူနာဆောင်များကို ၁၉၆၆ တွင်တည်ဆောက်ခဲ့ပါသည်။
(ဂ) ဆရာဝန်အိမ်ယာ ( ၃ )လုံး၊ သူနာပြုအိမ်ယာ (၄)လုံးနှင့် အလုပ်သမားတန်းလျား
( ၄ ) ခုကို ၁၉၆၆ ခုနှစ်တွင်တည်ဆောက်ခဲ့ပါသည်။
(ဃ) ( ၄၈ ) ခုတင်ဆံ့ နှစ်ထပ်တိုးချဲ့လူနာဆောင်သစ်ကို ၂၀၁၇ ခုနှစ်တွင်( ၁ )လုံးနှင့်
၂၀၁၉ ခုနှစ်တွင် (၁)လုံးတည်ဆောက်ခဲ့ပါသည်။
ကျောက်ဖြူပြည့်သူ့ဆေးရုံကြီးတည်နေရာပြမြေပုံ
ဆက်သွယ်ရမည့်လိပ်စာ
၁။ ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း) – ၀၄၃၄၆၀၀၈
၂။ အရေးပေါ်နှင့်ပြင်ပလူနာဌာန(ကြိုးဖုန်း) – ၀၄၃၄၆၀၀၁၆
ပြင်ပလူနာပြသနိုင်သောအချိန်ဇယား
(က) အထွေထွေရောဂါကု ပြင်လူနာအချိန်ဇယား
အထွေထွေရောဂါကုပြင်ပလူနာများအား ရုံးဖွင့်ရက် ရုံးချိန်အတွင်းကုသပေးလျက်ရှိပါသည်။
(ခ) အထူကုပြင်ပလူနာအချိန်ဇယား
စဉ် | လူနာဆောင် | (အထူကုပြင်ပလူနာကြည့်ရှု့ရက်) | အချိန် |
၁ | ခွဲစိတ်လူနာဆောင် | အင်္ဂါနေ့ | မွန်းလွဲ (၂:၀၀)နာရီမှ(၄:၀၀)နာရီထိ |
ကြာသပတေးနေ့ | |||
၂ | ဖျားနာလူနာဆောင် | ဗုဒ္ဓဟူးနေ့ | နံနက် (၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ |
သောကြာနေ့ | |||
၃ | အရိုးလူနာဆောင် | အင်္ဂါနေ့ | နံနက် (၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ |
ကြာသပတေးနေ့ | |||
၄ | ကလေးလူနာဆောင် | အင်္ဂါနေ့ | နံနက် (၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီထိ |
ကြာသပတေးနေ့ | |||
၅ | သားဖွားမီးယပ်ဆောင် | ဗုဒ္ဓဟူးနေ့ | နံနက် (၁၁:၀၀)နာရီမှ(၁:၀၀)နာရီထိ |
သောကြာနေ့ | |||
၆ | မျက်စိလူနာဆောင် | တနင်္လာနေ့ | နံနက် (၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ |
ဗုဒ္ဓဟူးနေ့ | |||
၇ | နား၊ နှာခေါင်း၊ လည်ချောင်း | အင်္ဂါနေ့ | နံနက် (၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီထိ |
ဗုဒ္ဓဟူးနေ့ | |||
ကြာသပတေးနေ့ | |||
၈ | စိတ်ကျန်းမာရေး ကုသဆောင် | ဗုဒ္ဓဟူးနေ့ | နံနက် (၉:၀၀)နာရီမှ(၁၂:၀၀)နာရီထိ |
သောကြာနေ့ |
Bottom of Form