ဆေးရုံများတွင် ရောဂါပိုးကူးစက်မှုကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သင်တန်း ကျင်းပပြုလုပ်

ဆေးရုံများတွင် ရောဂါပိုးကူးစက်မှုကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သင်တန်း ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက် ကုသရေးဦးစီးဌာနသည် ပြည်သူ့ဆေးရုံများ၌ ကုသမှုအရည်အသွေးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရာတွင် ဆေးရုံမှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းရည်ကိုမြှင့်တင်ပြီး လူနာနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်များ၊ သူနာပြုအုပ်၊ သူနာပြုကြီးများအား ဆေးရုံများတွင် ရောဂါပိုးကူးစက်မှုကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သင်တန်း (Training on Infection Prevention and Control in Hospitals) ၂၀၂၆ ခုနှစ်အတွက် ပထမအသုတ်ကို မတ်လ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော်၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဗဟိုအဆင့်ဆေးရုံ (၂၀)ရုံမှ ဆေးရုံအုပ်/လက်ထောက်ဆေးရုံအုပ်၊ […]

ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းလမ်းညွှန်(SOP/၂၀၂၄)ပါလုပ်ငန်းများ အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်သွားရန် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ကုသရေးဦးစီးဌာနမှဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်(SOP)ပါ လုပ်ငန်းများ အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်သွားရန် ညှိနှိုင်း အစည်းအဝေးကိုနေပြည်တော်၊ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင်(၂၆-၂-၂၀၂၆) ရက်နေ့မှ (၂၇-၂- ၂၀၂၆) ရက်နေ့ထိ (၂)ရက် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ကုသရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု)နှင့် တိုင်း ဒေသကြီး /ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီးများမှ လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု) များ၊ ဆေးလူမှုဆက်ဆံရေးအရာရှိများစုစုပေါင်း(၈၀) ဦး တက်ရောက်ခဲ့ကြပြီး ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝန်ထမ်းရေးရာ) ဒေါက်တာအောင်ငွေစံ မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ (၂)ရက်ကြာ ညှိနှိုင်းဆွေးနွေးပွဲတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ) ဒေါက်တာရွယ်နုနုခင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်တို့မှ အစည်းအဝေး တက်ရောက် လာကြသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအား SOPပါလုပ်ငန်းအကြောင်းအရာများကို Case Management Process, SOPစာအုပ်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းများကို Power Point Presentations, […]

၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် e-Government  သင်တန်းဆောင်ရွက်ခြင်း

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ e-Government  သင်တန်းကို ဗဟိုအဆင့်ဆေးရုံကြီးများအတွက် (၁၉-၁-၂၀၂၆)ရက်နေ့မှ (၂၃-၁-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ အရာထမ်း/အမှုထမ်း (၆၀)ဦး တက် ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အောက်ရှိ ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများအတွက် (၂၆-၁-၂၀၂၆) ရက်နေ့မှ (၃၀-၁-၂၀၂၆) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၅၄)ဦး၊ စုစုပေါင်းသင်တန်းသား/သူ အရာထမ်း/ အမှုထမ်း (၁၁၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်မည့် Power BI Software အသုံးပြုပုံနှင့် Advance Microsoft Excel အသုံးပြုပုံတို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ တက်ရောက်လာကြသော သင်တန်းသား/သူအရာထမ်းများ မေးမြန်းကြသော မေးခွန်းများကိုလည်း သက်ဆိုင်ရာ […]

ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)(၆)လသင်တန်းများပြီးမြောက်ခြင်းနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားများကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ  ဗဟိုအဆင့်ဆေးရုံကြီးများ၊တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ဆေးရုံများတွင်ခန့်ထားသော ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)များ ကိုစာတွေ့(၄)လ၊လက်တွေ့(၄)လ စုစုပေါင်း(၆)လသင်တန်းပေးခြင်းကို တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများအစီအစဥ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်းတွင် သင်တန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများနှင့် ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီး၊ပြည်သူ့ဆေးရုံကြီးများ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကချင်ပြည်နယ်တွင် (၉)ဦး၊ ကယားပြည်နယ်တွင် (၄)ဦး၊ ချင်းပြည်နယ်တွင်(၁၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်(၂၁)ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၂၁)ဦး၊ မွန်ပြည်နယ်တွင် (၁၁)ဦး၊ ရခိုင်ပြည်နယ်တွင်(၁၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၅၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင်(၂၈)ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်(၄၃)ဦး စုစုပေါင်း သင်တန်းသား/သူ (၂၄၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားများဆောင်ရွက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်) နှင့် ရှမ်းပြည်နယ် (အရှေ့)တို့တွင် သင်တန်းများဆောက်ရွက်နေဆဲဖြစ်ပါသည်။ စဉ် တိုင်းဒေသကြီး/ပြည်နယ် သင်တန်းဖွင့်လှစ်သောဆေးရုံ/ဌာန တက်ရောက်သင်တန်းသား […]

စတုတ္ထနှစ်ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) (၁/၂၀၂၅) သင်တန်းအောင်မြင်သောဘွဲ့ရသစ်လွင်များအားအလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၈-၁၀-၂၀၂၅ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ စတုတ္ထနှစ် (၁/၂၀၂၅) သင်တန်းအောင်မြင်သော ဘွဲ့ရသစ်လွင်များအား ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံ ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများရှိိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးဘက် ဆိုင်ရာကျွမ်းကျင်(၂)(ဓာတ်ခွဲ/ ဓာတ်မှန်/ အကြော/ ဓာတ်ရောင်ခြည်) နှင့် ဒုစာရင်းအင်းမှူး (ဆေးမှတ် တမ်း)များအဖြစ် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို (၈-၁၀-၂၀၂၅)ရက်နေ့တွင် ဆေးဘက် ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်/ မန္တလေး)တို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် ဘွဲ့ရ သစ်လွင်များအား ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနများရှိိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂) (ဓာတ်ခွဲ/ ဓာတ်မှန်/ အကြော/ ဓာတ်ရောင်ခြည်) နှင့် ဒုစာရင်းအင်းမှူး (ဆေးမှတ်တမ်း)များအဖြစ် အလုပ်ခန့်အပ်ခဲ့ပါသည်။