၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ e-Government သင်တန်းကို ဗဟိုအဆင့်ဆေးရုံကြီးများအတွက် (၁၉-၁-၂၀၂၆)ရက်နေ့မှ (၂၃-၁-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ အရာထမ်း/အမှုထမ်း (၆၀)ဦး တက် ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အောက်ရှိ ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများအတွက် (၂၆-၁-၂၀၂၆) ရက်နေ့မှ (၃၀-၁-၂၀၂၆) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၅၄)ဦး၊ စုစုပေါင်းသင်တန်းသား/သူ အရာထမ်း/ အမှုထမ်း (၁၁၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်မည့် Power BI Software အသုံးပြုပုံနှင့် Advance Microsoft Excel အသုံးပြုပုံတို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ တက်ရောက်လာကြသော သင်တန်းသား/သူအရာထမ်းများ မေးမြန်းကြသော မေးခွန်းများကိုလည်း သက်ဆိုင်ရာ ဌာနတာဝန်ခံညွှန်ကြားရေးမှူးများက ပြန်လည် ဖြေကြားပေးခြင်းများလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။




