နေပြည်တော်ကလေးအထူးကုဆေးရုံကြီးသို့ ကွင်းဆင်းခြင်း (၁၁-၂-၂၀၂၆)
ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာကျော်စိုးမင်း ဦးဆောင်သော ညွှန်ကြားရေးမှူး‌ (သူနာပြု) ဒေါ်အက်စ်ဘန်တောင် တို့ပါဝင်သည့်အဖွဲ့သည် (၁၁-၂-၂၀၂၆ ) ရက်နေ့တွင် နေပြည်တော်ကလေးရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော ကလေးလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ရရှိမှု၊ ကလေးလူနာများအား ပြုစု စောင့်ရှောက်ပေးမှု တို့ကို အဆိုပါဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး သူနာပြုများမှ မွေးကင်းစကလေးများအား အချိန်ပြည့် ကြည့်ရှုပေးနိုင်မှုကို အားပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *