နေပြည်တော်
၈-၁၀-၂၀၂၅
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ စတုတ္ထနှစ် (၁/၂၀၂၅) သင်တန်းအောင်မြင်သော ဘွဲ့ရသစ်လွင်များအား ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံ ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများရှိိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးဘက် ဆိုင်ရာကျွမ်းကျင်(၂)(ဓာတ်ခွဲ/ ဓာတ်မှန်/ အကြော/ ဓာတ်ရောင်ခြည်) နှင့် ဒုစာရင်းအင်းမှူး (ဆေးမှတ် တမ်း)များအဖြစ် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို (၈-၁၀-၂၀၂၅)ရက်နေ့တွင် ဆေးဘက် ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်/ မန္တလေး)တို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် ဘွဲ့ရ သစ်လွင်များအား ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနများရှိိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂) (ဓာတ်ခွဲ/ ဓာတ်မှန်/ အကြော/ ဓာတ်ရောင်ခြည်) နှင့် ဒုစာရင်းအင်းမှူး (ဆေးမှတ်တမ်း)များအဖြစ် အလုပ်ခန့်အပ်ခဲ့ပါသည်။









