နေပြည်တော်၊မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိငလျင်ဘေးသင့်ပြည်သူလူထုအား စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများအတွက် သေဆုံးသူများ/မိသားစုဝင်များ/ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူများကို Focus ထား၍ Psychosocial Support ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ စုပေါင်းဆောင်ရွက်ရန်၊ Referral and Networking to Provide Psychosocial Services နှင့် Hotline တည်ထောင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ( ၁-၉-၂၀၂၅) ရက်နေ့မှ (၅-၉-၂၀၂၅) ရက်နေ့အထိ ကုသရေးဦးစီးဌာန၊ အစည်းဝေးခန်းမ(၂)တွင် (၅)ရက် ကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲနှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး ချုပ်၊ ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ (စိတ်ကျန်းမာပညာ)၊ (ဆေးတက္ကသိုလ်(၁)၊(၂)ရန်ကုန်နှင့်မန္တလေးဆေးတက္ကသိုလ်တို့မှ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ကြီးများ၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဒုတိယတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဒုတိယဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာ မြှင့်တင် ရေးဌာနနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများစုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ပွဲတွင် ဒေါက်တာသက်နိုင်ဝင်း၊ ညွှန်ကြားရေးမှူး(ဓာတ်ခွဲ)မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါ သည်။














