သူနာပြုစုမှုဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို 2025 ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့နှင့် (၇) ရက်နေ့ တို့တွင် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့တွင် အဆိုပါသင်တန်းဖွင့်ပွဲကို ကျင်းပရာ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က အဖွင့်အမှာစကားပြောကြားပြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သူနာပြုဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ ဗဟို အဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံကြီးများမှ ဒုတိယသူနာပြုအုပ်များ တက်ရောက်ခဲ့ကြပါသည်။


ထို့နောက် သင်တန်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝန်ထမ်းရေးရာ)၊ ညွှန်ကြားရေးမှူး(ဝန်ထမ်းရေးရာ)၊ ညွှန်ကြားရေးမှူး (ကုသထောက်ကူ)၊ ညွှန်ကြားရေးမှူး(သူနာပြု) (ငြိမ်း)၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြု)များက သူနာပြုစုမှုဆိုင်ရာလုပ်ငန်းများ အရည်အသွေးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး၊ သင်တန်းတက်ရောက်လာသူ ဒုတိယသူနာပြုအုပ်များမှ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ မိမိတို့အတွေ့အကြုံ များကို ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။