e-Government Training (central hospitals) အား ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊

စီမံကိန်းဌာနခွဲ၊ကုသရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သော e-Government Training (central hospitals) အား ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂) တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခန်ိးအနားတွင် ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်မှ လူမှုရေးဦး တည်ချက် တစ်ရပ်ဖြစ်သော“တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး” ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုဝန်ကြီးရဲ့ ဦးဆောင်မှုလမ်း ညွှန်မှုအောက်မှာ နိုင်ငံတော်က ချမှတ်ထားတဲ့ e-Government လုပ်ငန်းစဉ်တွေကို ဦးစီးဌာနအားလုံးက ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ e-Government သင်တန်းကို ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ အရာထမ်း(၁)ဦးနဲ့ စာရင်းဇယား များကို ကိုင်တွယ်ဆောင်ရွက်နေသော အမှုထမ်း(၁)ဦး ပေါင်း (၂) ဦး၊ စုစုပေါင်း (၆၀)ဦး တို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့ထိ ခေါ်ယူ သင်တန်းပေးရခြင်း ဖြစ်ကြောင်း ကနဦးမိန်းခွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်ကြားပို့ချမယ့် ဘာသာရပ်များအနေဖြင့်

        (က)  Importance of Health Information

        (ခ)    AI in Healthcare

        (ဂ)    AI Tools and Platforms

        (ဃ)  အခြေခံ GIS သင်တန်း

        (င)    Important Data Visualization and Data entry စသည့် သင်ခန်းစာများဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ကုသရေးဦးစီးဌာနရဲ့ e-Government လုပ်ငန်းရပ်များ ဆောင်ရွက်နေမှု အခြေအနေများ၊ DoMS website ထုတ်လွှင့်ဆောင်ရွက်ထားရှိမှုများ၊ Internet နဲ့ email အသုံးပြုပြီး လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ခြင်းနဲ့ Internet အသုံးပြုရာမှာ တွေ့ကြုံရတဲ့ အခက်အခဲများကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများ၊ Cyber Law, Cyber Security နှင့်ပတ်သက်သော သိကောင်းစရာများ၊ AI Tools and Platforms များ၊ Geographic Information System(GIS)ကို အသုံးပြု ပြီး မိမိတို့ ဆေးရုံကြီး/ဌာနများရဲ့ ပထဝီအချက်အလက်များကို ကောက်ယူစုဆောင်း ခြင်း၊ သိမ်းဆည်းသိုမှီးခြင်း၊ လေ့လာဆန်းစစ်ခြင်း၊ စီမံခြင်းနဲ့ တင်ဆက်ပြသ ခြင်းများ၊ မိမိတို့ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို အသွင်သစ်၊ အမြင်သစ်ဖြင့် ကြည့်မြင် တတ်စေရန် စွမ်းဆောင်ပေးနိုင်ခြင်းများ၊ ဆေးရုံကြီးများရဲ့ စီမံအုပ်ချုပ်မှုလုပ် ငန်းများ၊ ဆေးမှတ်တမ်းနဲ့ စာရင်းဇယားများကိုကွန်ပျူတာဖြင့် ထည့်သွင်းသိမ်း ဆည်း ပေးပို့ခြင်းနည်းလမ်းများ၊ ကုသရေးဦးစီးဌာနရဲ့ လက်ရှိဖွဲ့စည်းပုံနှင့် ပတ် သက်သော အကြောင်းအရာများ၊ ဆေးရုံကြီးများမှာရှိတဲ့ ကာလ ကြာရှည် အသုံး ပြုပြီး ပြန်လည်ပြုပြင်သုံးစွဲ၍ မသင့်တော့တဲ့ ဆေးရုံသုံး စက်ပစ္စည်းဟောင်းများနဲ့ ပရိဘောဂ ပစ္စည်းဟောင်းများ၊ သံထည်ပစ္စည်းဟောင်းများကို လုပ်ထုံးလုပ်နည်း များနဲ့အညီ နိုင်ငံပိုင်စာရင်းမှ ပယ်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရတဲ့ နည်း လမ်းများ၊ အရေးကြီးပုဂ္ဂိုလ်များရဲ့ ခရီးစဉ်လမ်းညွှန်ချက်များ၊ စီမံကိန်း၊ စီမံချက် များနှင့် ပတ်သက်၍ လစဉ်၊ နှစ်စဉ် ပေးပို့အစီရင်ခံခြင်း အကြောင်းအရာများကို သင်တန်း ဆရာ/ဆရာမများက သင်ကြား ပို့ချပေးမှာဖြစ်လို့ ကောင်းမွန်ပြီး ထိရောက်သော ရည်ရွယ်ချက်ရှိတဲ့ သင်တန်းဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *