ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါး စီမံချက် မှ WHO နှင့်ပူးပေါင်း၍ Training on Promoting Rational Use of Medicines and Good Prescribing Practices to Health Care Professionals (Batch-1) အား သင်တန်းကာလ (၂)ရက်ဖြင့် (၃၀-၁၀-၂၀၂၄)ရက်နေ့နှင့်(၃၁-၁၀-၂၀၂၄)ရက်နေ့တို့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင်  ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့် ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင် နေကြသော လက်ထောက်ဆရာဝန် (၂၉) ဦးအား Training on Promoting Rational Use of Medicines and Good Prescribing Practices to Health Care Professionals ဆိုင်ရာ သင်ခန်းစာများပို့ချခြင်းနှင့် သင်ခန်းစာဆိုင်ရာအချက်အလက်များအား အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း များကို ပြုလုပ်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *