
ဆေးရုံတည်နေရာ
သိန္နီမြို့ ပြည်သူ့ဆေးရုံ သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ သိန္နီမြို့ အမှတ်(၃) ရပ်ကွက် တွင်တည်ရှိပါသည်။
စတင်တည်ထောင်ခဲ့သောခုနှစ်နှင့်သမိုင်းအကျဉ်းချုပ်
သိန္နီမြို့ပြည်သူ့ဆေးရုံ ကို (၁၉၃၇)ခုနှစ် တွင် (၁၆)ခုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၁၉၉၆)တွင် (၂၅)ကုတင်ဆံ့ဆေးရုံ(အဟောင်း)အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခု အသုံးပြု လျှက်ရှိသော RC ၂ထပ်ဆောင်ဆေးရုံ(အသစ်) အား ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စု ရံပုံငွေ ဖြင့် ဆောက်လုပ်ခဲ့ပြီး ယခုတိုင် အသုံးပြုလျှက်ရှိပါသည်။
ဆေးရုံမြေနေရာအကျယ်အဝန်း မှာ (၄.၅၆၆)ဧကရှိသည်။
ပြင်ပလူနာပြသနိုင်သောအချိန်ဇယား
ပြင်ပလူနာများအား နေ့စဉ် နံနက်( ၁၀:၀၀ )နာရီ မှ နေ့လည်( ၁၂:၀၀ )နာရီအထိ ကုသစောင့်ရှောက်မှု ပေးလျှက်ရှိပါသည်။